အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။
Covid-19 အပြင် ဒီရက်ပိုင်းအဖြစ်အပျက်တွေကလုပ်ငန်းရှင်အပေါင်းကို စိတ်ဓာတ်ကျစေမှာအမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းရှင်ဆိုတာ သာမာန်ထက်ပိုပြီး ဒူပေဒဏ်ပေခံနိုင်ရမယ်ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ လုပ်ငန်းရှင်တွေအတွက် ဒီလို အချိန်အခါမျိုးမှာ ကိုယ့်လုပ်ငန်းဆက်လက်ရှင်သန်ဖို့Budgeting သေချာလုပ်ရမည့်အချိန်ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေ၊ အခန်းခ၊ ဝန်ထမ်းစရိတ်နဲ့မသေချာတဲ့ အနာဂတ်အတွက် အရောင်းခန့်မှန်းတွေပြုလုပ်ဖို့လိုလာပြီးကြိုတင်စီမံခန့်ခွဲမှုပြုလုပ်ရမည့်အချိန်ပါ။ လုပ်နေတဲ့စီးပွါးရေးပုံစံနဲ့ စျေးကွက်ပုံစံအများကြီးအပြောင်းအလဲရှိနိုင်တဲ့အတွက်Business Environment Analysis သေချာလုပ်ပြီးကြိုတင်စီမံသင့်တာ စီမံရမည့်အချိန်ဖြစ်ပါတယ်။ အသုံးစရိတ်နဲ့ ရှင်သန်ဖို့ ချိန်ဆရမည့်အချိန်။ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အနည်းဆုံး ၆ လ နဲ့အထက်ကြာနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။စိတ်ဓာတ်မကျဖို့လိုပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ Phyo Paing @ Derek
