Dr. Phyo Paing

https://yec.company

Marketing ဆိုတာ

ထိုးရောင်းရင်ကို Marketing ကောင်းတယ်။ ကောင်းတယ်ပြောတတ်ကြတယ်။ သာမာန် definition ကတော့ value creation ပေါ့။ ဖောက်သည်တွေ လိုချင်တာ လိုအပ်တာကို ရှာဖွေ၊ ဖောက်ထုတ်၊ ခန့်မှန်းပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိရှိဖြည့်ဆည်းပေးတာမျိုးကို marketing လို့ခေါ်ခဲ့တယ်။​ Marketing 1.0 ကနေ 4.0 ထိပေါ့။ Guerrilla Marketing ကျတော့ Applied Psychology 60% + Maths 40% နဲ့ပေါင်းစည်းထားတာလို့ယူဆတယ်။ Marketing 4.0 မှာတော့ customer engagement တွေတည်ဆောက်ရင်း အကျိုးအမြတ်ရှိစေတဲ့ ဆက်ဆံရေးတည်ဆောက်တာကို marketing လို့ခေါ်တယ်တဲ့။ Seth Godin ကတော့ Impact တစ်ခုကိုလုပ်ချင်တဲ့သူတိုင်း marketing လိုတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်လဲ Seth Godin လိုပဲအတွေးတူလို့ This

Marketing ဆိုတာ Read More »

တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့၁၀ မိနစ်ဟာ အသက်ပါ။

Motivated ဖြစ်ချင်ရင် စာအုပ်ဖတ်နေရုံနဲ.မရပါဘူး။ သင်တန်းတက်ရင် တစ်ပတ် နှစ်ပတ်သာခံပါတယ်။ Jim Rohn ပြောသလို Motivation ဆိုတာရေချိုးသလို နေ.တိုင်းလုပ်ဆောင်ပေးရပါတယ်။ နေ.စဉ် Motivated ဖြစ်အောင် ဘာတွေလုပ်မလည်း? Priming မနက်ထထချင်း မိမိကိုယ်စိတ်နှစ်ပါး peak အထွတ်အထိပ်အဆင့်ရောက်အောင် priming လုပ်ဖို့လိုပါတယ်။ အားကစားသမားတွေ လေ့ကျင့်ခန်းမလုပ်ခင် warm up သွေးပူလေ့ကျင့်ခန်းလုပ်သလိုဘဲ တစ်ရက်တာမစခင်မှာ exercise လုပ်ဖို့လိုပါတယ်။ exercise ဆိုတဲ့နေရာမှာ သာမာန် လေ့ကျင့်ခန်းပါသလို စိတ်လေ့ကျင့်ခန်းလည်းပါပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရာမှာ တစ်ရက်တာရဲ.အကောင်းဆုံးပုံရိပ်ကို visualization လုပ်တာပါသလို တစ်လတာ ရည်မှန်းချက်ကို visualization စိတ်ကူးပုံဖော်တာပါဝင်ပါတယ်။ Priming ပြုလုပ်နည်းများထဲမှာ 3 ချက်ကို ဖော်ပြလိုက်ပါတယ်။ 1. Be your goal ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရဲ.

တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့၁၀ မိနစ်ဟာ အသက်ပါ။ Read More »

လျစ်လျူရှုမှု အနုပညာ

လမ်းမှာကွမ်းတံတွေးထွေးလိုက်လို့မတော်တဆပေသွားတာကို လျစ်လျူရှုဖို့။ တချို့မလိုအပ်တဲ့ noise တွေကို neglect လုပ်နိုင်ဖို့ ဒီနေ့ခေတ်မှာပိုလိုလာတယ်။ ကိုယ်တို့ရဲ့ Tribe က ကိုယ်စိတ်တိုင်းကျတဲ့ဘဝတည်ဆောက်ဖို့ဖြစ်တယ်။ ဒီနေ့လို Distraction နဲ့ Drama တွေများတဲ့ခေတ်မှာ ကိုယ့်ရဲ့ Dream ကိုအာရုံစိုက်ဖို့ ဆိုတာကျွမ်းကျင်မှု အလေ့အကျင့်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

လျစ်လျူရှုမှု အနုပညာ Read More »

ဆယ်တန်းမအောင်တဲ့သူတွေက
အားပေးစကားလိုတာမဟုတ်ပါဘူး။

Formula လိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ခေတ်ကသင်္ချာကို အခန်း ၈ circle ထိပဲကြည့်။အခန်း ၁၂ differentiation လောက်ထိကိုတစ်မှတ်တန်ပဲလုပ် ဂုဏ်ထူးထွက်ပါတယ်။Bio မှာ Rabbit ကနေအဆုံးထိကျက်Plant အပိုင်းတွေကို နည်းနည်းဖတ်ဂုဏ်ထူးထွက်တယ်။English စာဆို Calendar ကနေHelen Keller ထိဘာမှမရှိလှဘူး။Poem နဲ့ Grammar ကြည့်ရင် ၂၀ မှတ်လောက်ကအလကားရနေတာ။စာတွေသိပ်မကွာလှဘူးလို့ထင်တာပဲ။ထားပါတော့။ ကျွန်တော်လဲတစ်သက်လုံး စာမေးပွဲဖြေလာတာလို့ပြောလို့ရတယ်။ဆေးကျောင်းပြီးပြီးချင်းABE Graduate Diploma ကိုလေးလခွဲလောက်နဲ့ ပြီးအောင်စာမေးပွဲအောင်ဖို့Formula ထုတ်ရတယ်။ ၂၀၁၅ မှာ ကိုယ်ပိုင်သင်တန်းကျောင်းဖွင့်DBA စသင်တယ်။UK တို့ရဲ့ သဘာဝအတိုင်း Question bank နဲ့ဖြေရမည့်အရာတွေ guide လုပ်ပေးခဲ့လို့မြန်မာတစ်နိုင်ငံလုံး အောင်ချက်နဲ့ ဂုဏ်ထူးအထွက်ဆုံးဖြစ်ခဲ့တယ်။Formula ကောင်းကြောင့်လို့မြင်တယ်။ ဆက်စပ်စဉ်းစားကြည့်မိတယ်။အရာရာမှာ Formula နဲ့ Frameworkလိုတယ်လို့ထင်တယ်။ဥပမာ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလဲ Framework တွေရှိတယ်။သစ္စာလေးပါးဆိုတဲ့ အမှန်တရားရှိတယ်။ဒီ

ဆယ်တန်းမအောင်တဲ့သူတွေက
အားပေးစကားလိုတာမဟုတ်ပါဘူး။
Read More »

ဆယ်တန်းဆိုတာ လူတော်တော်များများ
အရေးကြီးတယ်လို့ သတ်မှတ်ထားကြတယ်။

ဒီအတွက် milestone တွေတည်ဆောက်ဖို့အချိန်၊ ငွေ၊ ကြိုးစားမှုတွေရင်းနှီးခဲ့တယ်။အရေးကြီးတာ post-metriculation exam ပါ။ကိုယ့်ရဲ့ next 7 moves ကဘာလဲကြိုတင်စဉ်းစားထားရမယ်။ နောက်လှမ်းမည့် ခြေလှမ်း၇ လှမ်းကို ကြိုတင်စဉ်းစားပုံဖော်ထားပါ။ ဥပမာ ၁။ တက္ကသိုလ်တက်မယ်။၂။ Internship ဆင်းမယ်။၃။ ___ မှာဆရာကျအောင်ကြိုးစားမယ်။၄။ ကုမ္ပဏီမှာ ဝင်လုပ်မယ်။၅။ Mentor သို့ လမ်းပြပေးနိုင်တဲ့သူတွေနဲ့ သိကျွမ်းအောင်လုပ်မယ်။၆။ ကိုယ်တိုင်လုပ်ငန်းလုပ်ရင် သိသင့်သိထိုက်တာတွေလေ့လာမယ်။၇။ ကိုယ်တိုင် ပထမဆုံးလုပ်ငန်းစမယ်။ မိတ်ဆွေရဲ့ ရှေ့ဆက်မည့် ခြေလှမ်း ၇ လှမ်းက ဘာတွေလဲ? Phyo Paing @ Derek

ဆယ်တန်းဆိုတာ လူတော်တော်များများ
အရေးကြီးတယ်လို့ သတ်မှတ်ထားကြတယ်။
Read More »

လုပ်ငန်းတစ်ခုကိုကြီးထွားဖို့
ကိုယ်တစ်ယောက်တည်းနဲ့မလုပ်နိုင်ဘူး။

၁။ ကိုယ့်မှာ Team တစ်ခုလိုမယ်။ ဒီ Team မှာ လူလေးမျိုးလိုမယ်။ Repetitive task တွေလုပ်နိုင်တဲ့သူ၊ တီထွင်စမ်းသစ်မှုတွေလုပ်ဆောင်နိုင်တဲ့သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူနဲ့ သူတို့ကိုသေချာအုပ်ချုပ် စာရင်းဇယားလုပ်နိုင်မည့်သူ။ ၂။ မဟာဗျူဟာ Strategy လိုတယ်။ ကိုယ်က ဘယ် game မှာကစားနေတာလဲ၊ အနာဂတ်ကို anticipate လုပ်နိုင်ရမယ်။ အနာဂတ်ပြဿနာကို ကြိုတင်ဖြေရှင်းထားဖို့လိုတယ်။ ၃။ အကောင်အထည်ဖော်မှု Execution Chief Executive Officer လို့ခေါ်တာ ဒီသဘောပဲဖြစ်တယ်။ လူတော်တွေဘယ်လောက်ရှိရှိ၊ မဟာဗျူဟာဘယ်လောက်ကောင်းကောင်း execution ဂွမ်းရင် အကုန် ဂွမ်းတာပဲ။ ၄။ Cash ငွေသား ငွေသားဆိုတာ လုပ်ငန်းရဲ့ လောက်စာဆီပဲ။ သူမရှိရင် ရှေ့ဆက်မရဘူး။ Cashflow ကိုသေချာ manage လုပ်နိုင်ဖို့လိုတယ်။ Cash

လုပ်ငန်းတစ်ခုကိုကြီးထွားဖို့
ကိုယ်တစ်ယောက်တည်းနဲ့မလုပ်နိုင်ဘူး။
Read More »

Customer တွေချစ်အောင်လုပ်ပါ။

ခင်ဗျား ပြိုင်ဘက်တွေ ခင်ဗျားကိုဘယ်လိုမြင်တယ် အရေးမကြီးဘူး။သူတို့က ခင်ဗျားအောင်မြင်အောင်ကူညီမှာ မဟုတ်ဘူး။ ခင်ဗျား customer တွေကသာ ကူညီမှာဖြစ်တယ်။ဒါကြောင့် ကိုယ့်ရဲ့ ပြိုင်ဘက်အထင်ကြီးအောင်လုပ်မည့်အစား customerတွေချစ်အောင်လုပ်ပါ။

Customer တွေချစ်အောင်လုပ်ပါ။ Read More »

ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာ အချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။

🎯ကိုယ်ဘာတွေ plan လုပ်ထားသလဲ? 🎯ဘာတွေပြီးသွားပြီလဲ? 🎯ဘာတွေ ဆက်လုပ်ဖို့လိုသေးသလဲ? 🎯ဘာတွေကို အသစ်ဖန်တီးမလဲ? 🎯ဘယ်အပြောင်းအလဲတွေလုပ်မလဲ? 🎯Client တွေအတွက်ဘာတွေပြင်ဆင်ထားပေးဖို့လိုမလဲ? 🎯ကိုယ်နဲ့မဆိုင်တဲ့ သူများအကြောင်းစဉ်းစားဖို့ စိတ်မဝင်စားသလို အချိန်လဲမရဘူး။ ဒါကတော့ ကျွန်တော့်တစ်ယောက်ထဲတင်မဟုတ်ဘူး၊ high-performer တွေအကုန်ကြည့်ရင် ဒီလိုပုံစံပဲဆိုတာတွေ့လိမ့်မယ်။ ဟိုလူမကောင်းဘူး ဒီလိုမကောင်းဘူးပဲစဉ်းစားနေရင် သင့်ဘဝအတွက်ကော စဉ်းစားဖို့ အချိန်လုံလောက်ပါ့အုံးမလား? ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာအချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာ အချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Read More »

ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။

Perspectives ဆေးတက္ကသိုလ်တက်၊ Engineer တက်လိုက်တဲ့အတွက် ၆ နှစ် ၇ နှစ် အချိန်အလဟသ ကုန်သွားတယ်လို့ပြောတာ လုံးဝ မှားတယ်။ ဘာပဲတက်ခဲ့တက်ခဲ့ သင်လုံးဝမမှားပါဘူး။ ဘာကြောင့်လဲဆို knowledge transfer လုပ်လို့ရတဲ့အတွက်ဖြစ်တယ်။ ဘာသာစကားသုံးမျိုးလောက်တတ်သွားရင် နောက်တစ်မျိုးထပ်လေ့လာဖို့က သိပ်မခက်တော့ဘူး။ တချို့က တစ်ခုခုလုပ်တော့မယ်ဆို ဆုံးဖြတ်ချက်မှားမှာ သိပ်ကြောက်ကြတယ်။  ကျွန်တော် ဆေးကုမ္ပဏီထွက်ပြီး ဖုန်းဆိုင်ဖွင့်ခဲ့တဲ့အခါ SME တွေ ဘယ်လိုစဥ်းစားတယ်သိလာတယ်။ MNC မှာ ဝင်လုပ်တဲ့အခါ corporate တွေဘယ်လိုလုပ်သလဲသိလာတယ်။ ဆုံးဖြတ်ချက်မှားမှာ မကြောက်ပါနဲ့။ Steve Jobs ပြောသလို You can only connect the dots by going backward တဲ့။ Nike ရဲ့ slogan

ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။ Read More »