အာရုံ(Focus)
လူတစ်ယောက်ရဲ့ ဘ၀အဆုံးအဖြတ်က သူ့အာရုံဘယ်မှာ၀င်စားလဲဆိုတာဘဲ။ ဒီစိတ်နဲ့စား၊ ဒီစိတ်နဲ့သွား၊ ဖြစ်ချင်တဲ့အရာ၊ သွားချင်တဲ့လမ်းကြောင်းအပေါ် အာရုံစိုက်နိုင်ရင် လိုရာခရီးတစ်၀က်ရောက်ပြီ။
လူတစ်ယောက်ရဲ့ ဘ၀အဆုံးအဖြတ်က သူ့အာရုံဘယ်မှာ၀င်စားလဲဆိုတာဘဲ။ ဒီစိတ်နဲ့စား၊ ဒီစိတ်နဲ့သွား၊ ဖြစ်ချင်တဲ့အရာ၊ သွားချင်တဲ့လမ်းကြောင်းအပေါ် အာရုံစိုက်နိုင်ရင် လိုရာခရီးတစ်၀က်ရောက်ပြီ။
Covid-19 ကြောင့် ကစားပွဲအသစ်ပြောင်းသွားတယ်။ အပြစ်တင်နေတာ၊ ငြီးနေရင် ကျန်ခဲ့မယ်။ လုပ်တဲ့သူတွေကလုပ်၊ ပြင်တဲ့သူတွေက ပြင်နေကြပြီ။ သင်ထိုင်ငြီးနေတုန်းလား။
“Knowledge is Potential Power, Action is Power” ဆိုတဲ့ အကိုးအကားအတိုင်း ကျွန်တော်တို့ ဘဝခရီးမှာ မိမိကိုယ်ကိုယ်အတွက် မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မယ့် Action ဆိုတဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့အတွက် Knowledge ဆိုတဲ့ အသိပညာဟာ လောင်စာ တစ်ခုပါပဲ။ အဲ့ဒီလောင်စာအတွက် အဓိက အရင်းအမြစ်ကတော့ စာဖတ်ခြင်းပါပဲ။ ကျွန်တော်တို့လို အလုပ်တစ်ဖက်နဲ့ ဘဝကိုဖြတ်သန်းနေကြရတဲ့ လူငယ်တွေ၊ လူလတ်ပိုင်း အရွယ်တွေအတွက် နေ့စဉ်ဘဝမှာ အရှားပါးဆုံးကတော့ အချိန်လို့ ဆိုရမလား? စီးပွါးရေး၊ လူမှုရေး၊ မိသားစုရေးနဲ့ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ရေး တွေအတွက် ကြိုးစားနေရင်း တာဝန်တွေပိနေတဲ့ သူတွေအဖို့တော့ စာတစ်အုပ် ဖတ်နိုင်ဖို့နေနေသာသာ ၂၄ နာရီဆိုတဲ့အချိန်ဟာ အရမ်းနည်းနေတာကြောင့် စာဖတ်ခြင်းဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်သလို
ဘဝဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဖြတ်သန်းနေကြရတဲ့ ခရီးရှည်တစ်ခုပါ။ Read More »
၁။ Business by Design မစတင်ခင်မှာ design သေချာလုပ်ဖို့လိုတယ်။ ၂။ Skill မရှိတဲ့သူတစ်ယောက်ကိုတောင် တစ်လအတွင်း ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ Standard, Operation, Procedure တွေသေချာဖန်တီးထားဖို့လိုတယ်။ Service Flow Chart တွေ သေချာလုပ်ထားဖို့လိုတယ်။ ၃။ အမြဲ system update ပြန်လုပ်ဖို့လိုတယ်။ ၄။ Abdicate လုပ်တာမဟုတ်ပဲ၊ Delegate လုပ်ဖို့လိုတယ်။ အစပိုင်း ကိုယ်မကျွမ်းကျင်တာ၊ နောက်ပိုင်း ကိုယ်ကျွမ်းကျင်တာကိုလွဲပါ။ ၅။ ပထမဆုံးစီးပွါးရေးကို စီးပွါးရေးလိုမစဉ်းစားပဲ ရှေ့ပြေးပုံစံ prototype တစ်ခုလိုစဉ်းစားပါ။ Phyo Paing @ Derek
ကိုယ်မလိုပဲ လည်ပတ်တဲ့
စီးပွါးရေးလုပ်ငန်းတွေတည်ဆောက်ဖို့ Read More »
Facebook ဆိုတာ Virtual World ကြီးပါကွာ။ ငါ့ကုန်ပစ္စည်းက Facebook မလိုပါဘူး။စားကောင်းရင်လာမှာပါ။ Tik Tok ဆိုတာ တောသားတွေပဲသုံးတာ။ ကိုယ့်နာမည်နဲ့ Page ဖွင့်ရအောင်ကိုယ်က ဘားမှလဲမဟုတ်ဆိုတာတွေကဒီနေ့လူငယ်တွေ Vlog လုပ်လာတဲ့ခေတ်မှာနောက်ကျပြီဆိုတာ သိလာကြတယ်။ Facebook Page တစ်ခုက ဝင်ငွေကဆိုင်ဖွင့်တာထက် များစွာ အမြတ်ငွေများတာတွေ့တော့ ငါတို့နောက်ကျနေပြီဆိုတာ သိလာကြတယ်။ ကိုယ်နားမလည်တဲ့အရာကို မလေ့လာပဲတံခါးမပိတ်လိုက်ပါနဲ့။ ၂၁ ရာစုမှာ Open-minded ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
Personal Development Personal Development လုပ်နိုင်မှပဲ Professional နဲ့ Business Development လုပ်နိုင်မယ်လို့မြင်တယ်။ Personal Development ဆိုတဲ့နေရာမှာ စွမ်းဆောင်ရည်တိုးဖို့ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံရေး၊ ဦးဆောင်မှုစွမ်းရည်၊ မှတ်ဥာဏ်ကောင်းအောင်လုပ်တာ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုသိရှိစေတာ၊ စိတ်ဓာတ်မယိုင်လဲသွားအောင် ကြံကြံခံနိုင်တာ၊ လူရှေ့သူရှေ့စကားထွက်ပြောနိုင်တာ၊ ပြဿနာကိုပြေလည်စွာဖြေရှင်းနိုင်ဖို့ စဥ်းစားနည်းစနစ်တွေသိရှီအသုံးချတာ အစရှိတာတွေပါပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုကိုယ် တိုးတက်ချင်တဲ့အလျောက် ဆရာကြီးပီမိုးနင်းကအစချီလို့ မြန်မာစာအုပ်တော်တော်များများဖတ်တယ်။ နောက်ပိုင်း Napolean Hills ကစလို့ တက်ကျမ်းတွေ အကုန်ဖတ်တယ်။ တရုတ် content အများစုက ideology ပိုင်းမှာ အနောက်တိုင်းလောက် fresh မဖြစ်တော့ တရုတ် content မှာ spiritual အပိုင်းနဲ့ strategy အပိုင်းလောက်ပဲ consume
လုပ်ငန်းတစ်ခု System ကျဖို့အတွက်လိုအပ်ချက် ၈ ချက်============================System ဆိုတာကတော့ ကိုယ်ရှိရှိမရှိရှိလည်ပတ်နေနိုင်ပြီး လူသားအရင်းအမြစ်ကို အလွယ်တကူအစားထိုးလို့ရတဲ့အရာဖြစ်ပါတယ်။ Product will make you money. System will make you a fortune. ဆိုတဲ့စကားတစ်ခုရှိပါတယ်။ ကုန်ပစ္စည်းတွေကို ရောင်းချခြင်းဟာ ငွေရနေစေပေမယ့်၊ ချမ်းသာဖို့အတွက်ကတော့ စနစ်တစ်ခုလိုအပ်ပါတယ်။ ဒီတော့ စနစ်ကျဖို့ အဆင့် ၈ ခုကို ဖော်ပြပေးလိုက်ပါတယ်။ 1. Vision 1911 ကစ Tom Watson ဟာ IBM (International Business Machine) ကိုစတင်တည်ထောင်တဲ့အချိန်တည်းကစပြီး Written Vision တစ်ခုကိုချရေးခဲ့ပါတယ်။ ဒီ Vision မှာ သူ့ Company သာတည်ဆောက်လို့ပြီးသွားတဲ့အခါမှာ ဖြစ်ပေါ်လာမည့် ပုံရိပ်၊
နေ့စဉ် Operation ထဲက လွတ်မြောက်ဖို့ လုပ်ငန်းကိုစနစ်ချပါ။ Read More »
ဘယ်အရာမှ လွယ်လွယ်မရဘူး။ကိုယ်လိုချင်တဲ့ရည်မှန်းချက်အတွက် အရေးအကြီးဆုံးက စိတ်ဓာတ်ကြံ့ခိုင်မှု။လောကကြီးကိုမြင်တဲ့အမြင် အရေးကြီးတယ်။ လူတွေကို ကိုယ်ချင်းစာတတ်ဖို့၊ကံကံ၏အကျိုးကိုလက်ခံနိုင်စွမ်းအရေးကြီးတယ်။ ကိုယ်လုပ်နေတဲ့အလုပ်မှာ နေရာတစ်ခုရဖို့ဆိုတာဝါသနာ၊ အနစ်နာနဲ့ ဒူပေဒဏ်ပေခံနိုင်ဖို့လိုတယ်။ အလုပ်ကို ရူးရူးမူးမူးလုပ်ဖို့လိုတယ်။ Overnight success ဆိုတာမရှိဘူး။သဘောတရားအရ အသီးပွင့်မှသာလူတွေက သတိပြုမိကြပေမယ့်မျိုးစေ့ချတဲ့အချိန်၊ ရေလောင်းပေါင်းသင်တဲ့အချိန်သတိမပြုမိကြဘူး။ ဝါးပုံပြင်လဲကြားဖူးမှာပါ။ ဝါးပင်တစ်ပင်က လေးနှစ်မတိုင်ခင် ရေလောင်းပေါင်းသင်ပေမယ့် မကြီးလာသေးပဲ၅ နှစ်မြောက်မှာ ၆ ပတ်အတွင်း ပေ ၈၀ အထိကြီးလာနိုင်တယ်။ စိတ်ရှည်ပြီး အလုပ်ကို ရူးရူးမူးမူးလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
စိတ်ရှည်ပြီး အလုပ်ကို ရူးရူးမူးမူးလုပ်ဖို့လိုတယ်။ Read More »
ကျော်ဟိန်းအနေနဲ့ ဘဝကို admin modeနဲ့ နေခဲ့တယ်။ အဆိုတော်၊ သရုပ်ဆောင်လုပ်ခဲ့သလို၊ဒွေးတို့လို သရုပ်ဆောင်တွေကို တင်ပေးနိုင်ခဲ့တယ်။နောက်ဆုံး သာသနဘောင်ဝင်နိုင်ခဲ့တယ်။ လူငယ်ဘဝမှာ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်တည်ဆောက်ခဲ့တယ်။ လူဖြစ်တုန်း guest mode မှာပဲနေမနေပါနဲ့။ ဘဝကို admin mode မှာနေပြီးခံစားကြည့်ပါ။ Phyo Paing @ Derek
1. Idea အကြံညဏ် 2. Research ဈေးကွက်သုတေသန 3. Business model စီးပွားရေးပုံစံ 4. Business plan စီမံကိန်းရေးဆွဲ 5. Naming နာမည်ပေး 6. Funding လိုအပ်တဲ့ငွေကြေးရှာဖွေမှု