ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ရင်တောင်
ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ရင်တောင်ရိုက်တဲ့ရှုထောင့်ကွာရင်ရုပ်ထွက်ကွာသလိုပဲလောကကြီးကိုကြည့်တဲ့ရှုထောင့်မတူရင်ဘဝတွေကလဲ တူမှာမဟုတ်ဘူး။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ရင်တောင်ရိုက်တဲ့ရှုထောင့်ကွာရင်ရုပ်ထွက်ကွာသလိုပဲလောကကြီးကိုကြည့်တဲ့ရှုထောင့်မတူရင်ဘဝတွေကလဲ တူမှာမဟုတ်ဘူး။ Phyo Paing @ Derek
လူတွေရဲ့ ဘဝအဓိပ္ပာယ်သတ်မှတ်ပေးတာ အလုပ်ပဲ။အလုပ်မလုပ်တာကြာရင်ပျင်းလာလိမ့်မယ်။အဆင်ပြေပြေ မပြေပြေအလုပ်လုပ်နေရမယ်။တွေးတောကြံဆနေရမယ်။ Phyo Paing @ Derek
အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့သဘောရှိတယ်။ အတန်းထဲမှာ ပထမရဖူးတဲ့သူက ဒါကိုစွဲလမ်းသွားတယ်။ လုပ်ငန်းစတဲ့အခါ အောင်မြင်ဖူးသွားရင် စီးပွားရေးလုပ်ရတာကို စွဲလန်းသွားပြန်တယ်။ အရေးကြီးဆုံးက ပထမဆုံး အောင်မြင်မှု တစ်ခုရဖို့ပဲ။ ပြီးရင် အောင်မြင်မှုက အောင်မြင်မှုကို မွေးဖွားတယ်လို့ ဆိုတယ်။ ကျဆုံးမှုသည်လည်း အလားတူဖြစ်တယ်။ Phyo Paing @ Derek
ကိုယ်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊ အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင် ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီး စိတ်ညစ်မနေဘူး။ သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။ သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာ အကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာ တပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup
ဒီနေ့ အသက် ၃၀ ပြည့်တယ်။ မှန်တာတွေ၊ မှားတာတွေ အများကြီးလုပ်ခဲ့တယ်။ မှားတာတွေကပိုများမယ်ထင်ပါတယ်။ ဘဝဆိုတာ project ကြီးကြီးတစ်ခုလို့ ကျွန်တော်ခံယူထားပါတယ်။ သူ့မှာ အဆုံးသတ်ကာလရှိပါမယ်။ mini-project တွေဖြစ်တဲ့ စမ်းသပ်မှုအသစ်တွေ၊ သင်ယူမှုအသစ်တွေလုပ်ဖြစ်ခဲ့သလို ဆက်လုပ်နေပါအုံးမယ်။ ကိုယ့်ကိုပညာတတ်အောင်သင်ပေးခဲ့တဲ့ အမေ၊ မတူတဲ့အလုပ်တွေအများကြီးလုပ်ချင်တဲ့ကျွန်တော်လုပ်တဲ့ လုပ်ငန်းတိုင်းကို အားပေးတဲ့ မိတ်ဆွေတွေ၊ ကိုယ့်ကိုယုံကြည်ပေးတဲ့မိတ်ဆွေတွေ၊ စိတ်မြန်ဆုံးဖြတ်ချက်မြန်တဲ့ ကျွန်တော့ကို နားလည်ပေးတဲ့ ဝန်ထမ်းတွေ၊ အတူတကွလုပ်ကိုင်တဲ့ business partner တွေ၊ ကိုယ်ယုံကြည်တာကို တဇွတ်ထိုးလုပ်တတ်တာကို နားလည်ပေးတဲ့သူတွေ၊ Training ခေါင်းစဉ်တောင်မကြည့်ပဲ ကျွန်တော်သင်လို့လာတတ်တယ်ဆိုတဲ့ သင်တန်းသားတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ Phyo Paing @ Derek
ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုလွမ်းမိုးတယ်။ ဒါကြောင့် စာရေးဆရာ Robert Greene ကဘူကောင်တွေကို ရှောင်ပါတဲ့။ကိုယ်ပါ လိုက်ဘူတတ်တယ်တဲ့။ နောက် ဂျပန် စာရေးဆရာ Haruki Murakami ကNorwegian Wood ဝတ္ထုမှာကိုယ့်ကိုကိုယ် အပြစ်တင်ပြီးစိတ်ညစ်မနေပါနဲ့။အသုံးမကျတဲ့တလွဲကောင်တွေပဲ ကိုယ့်ကိုကိုယ်အပြစ်တင်ကြတယ်တဲ့။ 2020 မှာဘူကောင်တွေကိုရှောင်ပြီးကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek
1. တချို့လူတွေက လူတွေကို အုပ်ချုပ်ရတာ အားသန်တယ်။ 2. တချို့က ကိန်းဂဏန်းတွေကို ရင်ခုန်စရာလို့မြင်ပြီး ဒီထဲမှာ ပျော်မွေ့တယ်။ 3. တချို့ကျပြန်တော့ စနစ်တွေတည်ဆောက်ရတာ တော်တယ်။ 4. တချို့ကျတော့ အသစ်အသစ်တွေ ဖန်တီးနေရမှ စိတ်ကျေနပ်မှုရှိတယ်။ Phyo Paing @ Derek
Power ရဲ့ အရသာကြောင့်လူတွေပြောင်းလဲသွားကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်ကCalendar ကိုအသစ်ပြန်တီထွင်ခဲ့တဲ့Julius Caesar ဟာ ရောမရဲ့Consul ဖြစ်ဖို့အတွက်ကိုSenate ရဲ့ လက်ခံမှုရဖို့သူ့ရန်သူ Pompey ကိုသူ့သမီးဆက်သခဲ့တယ်။ အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာကသူ့မောင်အရင်းဖြစ်တဲ့Ptolemy XIII နဲ့ လက်ထပ်ထားပြီးအီဂျစ်ကိုအုပ်ချုပ်တယ်။ Cleopatra ဟာ သူ့မောင် အရင်းဘုရင်Ptolemy XIII ကိုသတ်ခဲ့သလိုCaesar နဲ့ရတဲ့ ကလေး Caesarion မွေးတဲ့အခါPower ကို သားတော်ကိုပေးဖို့သူ့နောက်မောင်တစ်ယောက်ဖြစ်တဲ့Ptolemy XIV ကိုအဆိပ်ခပ်သတ်လုပ်ကြံခဲ့တယ်။ အီဂျစ်မှာ ၆ နှစ်ကြာပြီးCaesar ရောမပြန်ရောက်ချိန်မှာတိုင်းပြည်ကရစရာမရှိဖြစ်နေတယ်။တိုင်ပြည်ပြန်လည်ထူထောင်ချင်တယ်။ဒါကြောင့် ဆယ်နှစ်တာ အာဏာရှင်အဖြစ်ရှိနေဖို့Senate ရဲ့ ထောက်ခံမှုယူတယ်။ ဆယ်နှစ်ပြည့်တော့ ထာဝရ ဘုရင်အဖြစ်ရှိနေဖို့Senate ရဲ့ထောက်ခံချက်ရယူရာမှာဓားဒဏ်ရာ ၂၃ ချက်နဲ့ Senate မှာလုပ်ကြံသတ်ဖြတ်ခံရတယ်။ Caesar သေဆုံးတဲ့နောက်ပိုင်းမှာCleopatra နဲ့ Caesar ရတဲ့ကလေးကတော့အီဂျစ်မှာ
ဘ၀ရဲ့ အဓိပ္ပာယ်ရှာမရရင် အလုပ်လုပ်ပါ။ စိတ်ဓာတ်တက်ကြွချင်ရင် အလုပ်လုပ်ပါ။ တိုးတက်ချင်ရင် အလုပ်လုပ်ပါ။ ရည်မှန်းချက်တွေရောက်ချင်ရင် အလုပ်လုပ်ပါ။ အလုပ်မလုပ်ဘဲ ဘာမှဖြစ်မလာဘူး။ Phyo Paing @ Derek
သင့်လုပ်ငန်းက သင့်အတွက် ထောင်မဟုတ်ပါဘူး။သင့်လုပ်ငန်းက သင့်အတွက်ကစားကွင်းတစ်ခုပါ။လုပ်ငန်းထဲမှာ ပျော်နေမှအောင်မြင်မှုဆိုတာ ဖြစ်လာမှာ။ Phyo Paing @ Derek