အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။
ဘာမှမလုပ်ဘဲ ပင်ပန်းဖူးလား?အလုပ်အရမ်းလုပ်ရပေမယ့်မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေတာ ကြုံဖူးလား?အတွေးတွေက ENERGY DRAIN ဖြစ်စေနိုင်သလိုGAINလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek
ဘာမှမလုပ်ဘဲ ပင်ပန်းဖူးလား?အလုပ်အရမ်းလုပ်ရပေမယ့်မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေတာ ကြုံဖူးလား?အတွေးတွေက ENERGY DRAIN ဖြစ်စေနိုင်သလိုGAINလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek
သင်လုပ်ခဲ့ဖူးတဲ့အမှားတစ်ခုကို ယူကြုံးမရဖြစ်နေပါသလား?သင့်ကိုတခြားသူတွေက ဟားတိုက်နေမှာ အသုံးမကျဘူးလို့ထင်မှာအထင်သေးမှာ ကြောက်နေပါသလား? လူတွေက တပါးသူတွေရဲ့ အထင်အမြင်မှာအထပ်ထပ်အခါခါ ကျဆုံးတယ်။ ကိုယ့်ကိုကိုယ်ချစ်ပါ။ခွင့်လွှတ်ပါ။မတူညီတဲ့ နောက်ကမ္ဘာတစ်ခုမှာနေထိုင်ဖို့ ရူးသွပ်မှုတစ်ခုရှာဖွေပါ။ပုံပြင်သစ် တစ်ပုဒ်ဖန်တီးပါ။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့ ကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေဖို့ နေ့စဥ်တိုးတက်နေဖို့ နေ့စဉ် Higher level of consciousness ကို ထိတွေ့နိုင်ဖို့ ကိုယ်ပြောတာနားလည်တဲ့သူတွေနဲ့ ဝန်းရံနေဖို့ လူတွေကို မေတ္တာထားတတ်ဖို့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် ဝင်ငွေရှိနေဖို့ ကျန်းမာနေဖို့ ကိုယ်သိထားတာကို ပြန်လည်မျှဝေပေးဖို့ Phyo Paing @ Derek
တချို့အချိန်တွေမှာအရှုံးအနည်းဆုံးနဲ့ ရပ်တာဟာအကောင်းဆုံးနဲ့ နောက်တကျော့ပြန်စဖို့ ခြေလှမ်းဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek
စားလို့မကုန်မှားလို့ကုန်တတ်တယ်။အရာရာကို စိတ်ခံစားချက်နဲ့မဆုံးဖြတ်ပါနဲ့။ Phyo Paing @ Derek
တခါတစ်လေ လူတိုင်းမှာ“မင်းမှန်တယ်” “ဆက်လုပ်”“ငါ မင်းအနောက်”မှာ ရှိနေတယ်။“မင်းကတော်ပြီးသားပဲ”ဒီလို ကိုယ့်ကို ယုံကြည်တဲ့သူတစ်ယောက်ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေကြောင့်ကြီးပွားတိုးတက်ဖို့မလွယ်ဘူး။ Phyo Paing @ Derek
လူတွေကို နားလည်ပေးဖို့လိုတယ်။ လူတိုင်းမှာ Insecurities အနည်းနဲ့အများရှိတယ်။ ဟာသတွေလုပ်တတ်တဲ့သူကသူ့ဘဝမှာ ဝမ်းနည်းမှုတွေကို ဟာသတွေနဲ့မျက်နှာဖုံးအုပ်ထားတာဖြစ်နိုင်တယ်။ တခြားသူတွေကို အပြစ်ပြောတဲ့သူအနေနဲ့လူတွေ သူ့ရဲ့အားနည်းချက်မသိစေချင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြွားတတ်တဲ့သူက အသိအမှတ်ပြုမှုကိုဆာလောင်နေတာဖြစ်နိုင်တယ်။ အပြုံးတွေနဲ့ လူတိုင်းကိုဆက်ဆံသူတစ်ယောက်မှာ အံကြိတ်ထားတဲ့ ခါးသီးမှုတွေရှိနေနိုင်တယ်။ လူတိုင်းသူ့အပူနဲ့သူပဲ။ လူတွေကို နားလည်ပေးဖို့လိုတယ်။ Phyo Paing @ Derek
Freedom to Fail လွတ်လပ်စွာ ကျဆုံးခွင့် Marriage တစ်ခု fail ဖြစ်တယ်။ စာမေးပွဲကျတယ်။လုပ်ငန်းကျဆုံးသွားတယ်။ ရွေးကောက်ပွဲမှာ မဲမရဘူး။Project တစ်ခု fail ဖြစ်တယ်။ လူတိုင်းတစ်ကွေ့ကွေ့မှာ တစ်ခုခု ကြုံမှာပဲ။ ဒီ failure ကို လက်ခံနိုင်ဖို့လိုတယ်။ အောင်မြင်မှုရှိရင် ကျဆုံးမှုရှိမယ်။မကျဆုံးပဲ အကုန်လုံး မအောင်မရှိဆို အောင်မြင်မှုအဓိပ္ပာယ်မရှိဖြစ်သွားမှာပေါ့။ အရေးကြီးတာ ကိုယ့်အနေနဲ့ကျဆုံးမှုကို မကြောက်ပဲ ရှေ့ဆက်နေဖို့လိုတယ်။ ဇကာဘတ်ပြောသလို ကြီးကျယ်တဲ့အရာတွေ အကောင်ထည်ဖော်ဖို့လွတ်လပ်စွာကျဆုံးတတ်မှုလိုတယ်။ ပြန်ထဖို့လိုမယ်။ Phyo Paing @ Derek
စီးပွါးရေးမကောင်းဘူး။ ဘာလုပ်ရမလဲ။ နိုင်ငံအခြေအနေမကောင်းဘူး။ အမြတ်နည်းလာပြီ။ ကြားနေကျစကားသံတွေဖြစ်တယ်။ …. Marketing ရဲ့ ရွှေကို ပြောပြမယ်။.. ကုန်ကျစရိတ်မရှိပဲ လုပ်ငန်းစချင်ရင်မြန်မြန် grow ဖြစ်ချင်ရင်“Mindset” စိတ်နေသဘောထားအရေးကြီးတယ်။….ကျွန်တော် အောင်မြင်တဲ့လူတိုင်းရဲ့ အကြံဥာဏ် တစ်ခုစီကို ကျင့်သုံးတယ်။…ဒီနေ့ခေတ် internet marketing မှာဆရာကျတဲ့ Garyvee ရဲ့ အကြံပေးချက်တစ်ခုကို ပြောပြမယ်။ ..ဖုန်းကိုထုတ်ပါ။ ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခုကိုဓာတ်ပုံရိုက်၊ Video ရိုက်၊ စာရေးပြီး Facebook, Youtube, LinkedIn, Instagram,Tik Tok မှာ အခုပဲ တင်လိုက်ပါ။..သင့်ကိုယ်သင် media company တစ်ခုလို့ယူဆပါ။ ..ဒါတွေအကုန်တင်ဖို့ ကုန်ကျစရိတ်က $0 ပါ။ ..နေ့တိုင်းတင်ပါ။ ..ထပ်ပြောမယ်.သင့်ကိုယ်သင် media company တစ်ခုလို့ခံယူပါ။ ..“တစ်နှစ်လောက်” အချိန်ပေးပြီးကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို“နေ့တိုင်း” post သုံးခု
Social mediaက လူတွေမြင်ပြီး ကျော်သွားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ။ Read More »