Dr. Phyo Paing

https://yec.company

နောက်ငါးနှစ်အတွက် ဘာတွေပြင်ဆင်ကြမလဲ?

ဒီနေ့ရောက်နေတဲ့နေရာ လုပ်နေတဲ့အလုပ်က လွန်ခဲ့တဲ့ ငါးနှစ်က ပြင်ဆင်ခဲ့လို့။ နောက် ငါးနှစ်မှာ ရောက်မည့်နေရာအတွက် ဒီနေ့ပြင်ဆင်ရမှာ။ အတိတ်တွေပြီးသွားပြီ။ ထားခဲ့လိုက်တော့။ Phyo Paing @ Derek

နောက်ငါးနှစ်အတွက် ဘာတွေပြင်ဆင်ကြမလဲ? Read More »

ကျွန်တော့ အဘိဓာန်က ABCD

အယူမှားရင် ဒိဌိဖြစ်တယ်လို့ဆိုတယ်။ အယူမှားတော့ လောကကြီးကိုမြင်တဲ့ အမြင်မှားတယ်။ အမြင်မှားတော့ လုပ်ရပ်မှားတယ်။ လုပ်ရပ်မှားတော့ အကျင့်စရိုက်မှားတယ်။ အကျင့်စရိုက်မှားတော့ ကံကြမ္မာမှာ ခလောက်ဆန်သွားတယ်။ ကျွန်တော့ အဘိဓာန် ABCD ကတော့ ATTITUDE, BEHAVIOUR, CHARACTER နဲ့ DESTINY ပေါ့။ ဒါတွေပြောင်းဖို့ အယူမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော့ အဘိဓာန်က ABCD Read More »

ဘ၀ဆိုတာ သင်္ချာပုစ္ဆာနဲ့တူတယ်။

တွက်နည်းမှန်ပြီး အဖြေမှားတာတွေရှိသလို တွက်နည်းမှားပြီး အဖြေမှန်သွားတာလည်းရှိတယ်။ တွက်နည်းမျိုးစုံနဲ့ အဖြေမှန်ရနိုင်သလို ကိုယ့်တွက်နည်းနဲ့မတူလို့ အပစ်ဝိုင်းရှာတာလည်း ခံရနိုင်တယ်။ တချို့ကတော့ တိုက်ရိုက် ကော်ပီကူးချသလို တချို့ကလည်း ကိုယ်ပိုင်တွက်နည်းနဲ့ တွက်ကြတယ်။ တချို့ကျတော့လည်း ဘ၀ကို ဒီပုစ္ဆာတစ်ပုဒ်တည်းနဲ့ အမှတ်ပေးမယ်ထင်တယ်။ အမှန်တော့ ဘ၀မှာ သင်္ချာပုစ္ဆာ အခန်းရှည်ကြီးဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေးပြီး ဖြေရှင်းနေဖို့ အရေးကြီးတယ်။ အဖြေမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အချိန်တန်ခေါင်းလောင်းထိုးချိန်တွင် အိမ်ပြန်ရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ သင်္ချာပုစ္ဆာကို ဖြေရှင်းရင်း ခေါင်းလောင်းထိုးချိန်ကို စောင့်ကြတာပေါ့။ Phyo Paing @ Derek

ဘ၀ဆိုတာ သင်္ချာပုစ္ဆာနဲ့တူတယ်။ Read More »

အတွေးတွေကိုဂရုပြုပါ။

အတွေးငယ်ငယ်က မြန်မာလိုတွေးအင်္ဂလိပ်လိုရေးစာအုပ်ဖတ်ဖူးတယ်။အင်္ဂလိပ်စာသင်ဖို့ အင်္ဂလိပ်လိုတွေးရမှာဖြစ်ပြီး၊တရုတ်စာသင်ပါက တရုတ်လိုတွေးရမှာဖြစ်တယ်။Marketing သင်ပါက Marketing လိုတွေးပြီး၊HR သင်ပါက HR လိုတွေးရမယ်။ စွန့်ဦးတီထွင်စလုပ်မယ့်မိတ်ဆွေအများစုအလုပ်ကထွက်ပြီးကိုယ်တိုင်အလုပ်လုပ်တဲ့အခါအတွေးကိုမပြောင်းနိုင်တဲ့အတွက်အလုပ်ကိုပြန်ဝင်ဖို့စဉ်းစားမိကြတယ်။YouTube နဲ့ 优酷 Youku ကနေ လေ့လာနိုင်တဲ့အချက်က အောင်မြင်သူတွေဘယ်လိုတွေးသလဲဖြစ်တယ်။ Think and Grow Rich ဖြစ်တယ်။ Phyo Paing @ Derek

အတွေးတွေကိုဂရုပြုပါ။ Read More »

သင်နှင့် သင့် Brand

စွန့်ဦးတီထွင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အမှတ်တံဆိပ်တည်ဆောက်တဲ့အခါ ဒါလေးသိသင့်ပါတယ်။ Brand တစ်ခုဆွဲဆောင်မှုရှိဖို့ အရေးအကြီးဆုံးက Brand နောက်မှာ ဘယ်သူရှိသလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ Others are drawn to your brand because of who’s behind it, not in spite of it. Company Brand အပြင် Personal Branding လည်းလုပ်ရပါမယ်။ ဒီတော့ ဦးဆောင်တဲ့သူရဲ့ Personality ကိုယ်ရည်ကိုယ်သွေးသည် Brand တွင်ထင်ဟပ်စေပါသည်။ Facebook နောက်မှာ Mark Zuckerberg Tesla နောက်မှာ Elon MuskAlibaba နောက်မှာ Jack MaXiaomi နောက်မှာ Lei JunVirgin နောက်မှာ Richard Branson

သင်နှင့် သင့် Brand Read More »

Marketing နဲ့ Branding ဘာကွာလဲ?

Brand ဆိုတာ သင်ဘယ်သူလဲဆိုတဲ့အချက်ပါ။ ဥပမာ Apple ရဲ့ iPhone ဆိုပါတော့။ 1. Symbol သူ့ကိ်ုကိုယ်စားပြုတဲ့ သင်္ကေတ သို့ နာမည်လိုမယ်။ 2. Story ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ပုံပြင်လိုတယ်။ ဥပမာ Apple ကို တည်ထောင်ခဲ့တဲ့ founders တွေရဲ့ပုံပြင်ဖြစ်မယ်။ 3. Strategy မဟာဗျူဟာလိုတယ်။ အမှတ်တံဆိပ်တစ်ခုဟာ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုမရှိရင် ဘာမှအသုံးမဝင်ပါဘူး။ အချောအလှတွေ နည်းတဲ့အခါ ကိုယ်ကထင်ပေါ်ပေမယ့် အချောအလှတွေအများကြီးထဲမှာ တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းမှာလည်း အလားတူပါပဲ။ ကိုယ့်အထာနဲ့ ကိုယ် ဖြစ်နေပြီးလူတွေ ဟတ်ထိမှတ်မိအောင် Branding တည်ဆောက်ဖို့လိုလာတယ်။ ဒီလိုနေဖို့ လူတစ်ယောက်မှာဆို ကိုယ်ပိုင်သွင်အပြင်နဲ့ တခြားသူတွေရဲ့အထင်အမြင်တွေလိုလာပြီ။ ဒါကို Brand Identity နဲ့ Brand

Marketing နဲ့ Branding ဘာကွာလဲ? Read More »

Motivation နှစ်မျိုး သို့ အခြေခံလိုအပ်ချက်နှစ်မျိုး။ ✌️

1. Money လကုန်လစာထုတ်တဲ့အခါ motivation အထူးတလည်ပေးနေဖို့မလိုဘူး။ အကြွေးရှိတဲ့အခါ motivation လုပ်ယူရအင်မတန်ခက်တယ်။ အိပ်ဖောင်းခြင်းဟာ စိတ်ပြောင်းခြင်းကိုဖြစ်စေတယ်ဆိုတာ လူတွေမငြင်းနိုင်ဘူး။ ဒါဟာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။ 2. Meaning အခြေခံလိုအပ်ချက်တွေပြည့်စုံလာတဲ့အခါ လောကအကျိုးသယ်ပိုးချင်လာပြီ။ ဘဝအတွက် အဓိပ္ပာယ်လိုအပ်လာပြီ။ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့လိုအပ်လာပြီ။ ဝမရှိပဲ ဝိမလုပ်နဲ့ဆိုသလို အခြေခံလိုအပ်ချက်တွေပြည့်စုံမှ နောက်တစ်ဆင့်သွားလို့ရမှာဖြစ်တယ်။ Phyo Paing @ Derek

Motivation နှစ်မျိုး သို့ အခြေခံလိုအပ်ချက်နှစ်မျိုး။ ✌️ Read More »

ငွေမရှိပဲ လုပ်ငန်းတစ်ခုစဖို့ ဘာတွေလိုမလဲ?

လေးမျိုးပဲလိုတယ်။ 😎😎😎 ၁. Passion ကျွန်တော်ကတော့ စိတ်ဓာတ်ပြင်းပြမှုထက် ရူးသွပ်မှုလို့ ဘာသာပြန်လိုက်တယ်။ ၂. Specialized Knowledge စနစ်တကျ တတ်သိနားလည်မှုပညာ ၃. Sales & Marketing ရောင်းချခြင်းနှင့်စျေးကွက်ရှာပညာ ၄. Action စတင်လုပ်ဆောင်ဖို့။ အတိုကောက်အနေနဲ့တော့ PASS လို့ မှတ်နိုင်တယ်။ Phyo Paing @ Derek

ငွေမရှိပဲ လုပ်ငန်းတစ်ခုစဖို့ ဘာတွေလိုမလဲ? Read More »

ငွေရေးကြေးရေအတွက်…

၁. ဝင်ငွေရဲ့ ၁၀% ကိုပြန်လည်ရင်းနှီးမြုပ်နှံပါ။ ဘယ်လိုနည်းနဲ့မဆိုရအောင်စုပါ။ တခြားဝင်ငွေနည်းလမ်းတွေတွေ့လာမယ်။၂. အသုံးစရိတ်ကိုလျော့ချပါ။ ၃.ကိုယ်သေချာ တတ်သိနားလည်သည့်လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြုပ်နှံပါ။ ၄. Passive Income တည်ဆောက်ပါ။ ၂ နှစ်မှ ၅ နှစ်အတွင်း passive Income မှ ဝင်ငွေသည် active income ထက်များအောင်လုပ်ဆောင်ပါ။ ၅. တစ်နှစ်ဝင်ငွေ၏ ၂၀% ကို မိမိကိုယ်ကို ရင်းနှီးမြုပ်ပါ။ Personal Development သည် ROI (Return on Investment) အကောင်းဆုံးဖြစ်သည်။ Warren Buffet ၏ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုမှာ ဒေးကာနဂျီ၏ Public Speaking သင်တန်းတက်ခြင်းဖြစ်သည်။ Phyo Paing @ Derek

ငွေရေးကြေးရေအတွက်… Read More »