Dr. Phyo Paing

https://yec.company

ကလေးတစ်ယောက်တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခုတည်တံ့ဖို့ Vision လိုတယ်။

စီးပွားရေးလုပ်ငန်းစတာနဲ့ ကလေးတစ်ယောက်မွေးတာတူတဲ့အချက်က ကလေးငယ်တစ်ယောက်ငယ်စဉ်မှာ ကြီးထွားတာမြန်တယ်။ လုပ်ငန်းတစ်ခုကလည်း စတင်ချိန်မှာ ကြီးထွားတာအရမ်းမြန်တတ်တယ်။ တချို့လုပ်ငန်းတွေက ကြိုတင်စီမံပြီးစသလို တချို့ကအခြေအနေအရစတယ်။ မွေးကင်းစမှာ အိပ်ရေးပျက်ရသလို လုပ်ငန်းစတင်ချိန်မှာလဲ အင်မတန်ကြိုးစားအားထုတ်ရတယ်။ ကလေးတစ်ယောက်တီတီတာတာစကားပြောတတ်ချိန်ကြည်နူးရသလို လုပ်ငန်းတစ်ခု ရုပ်လုံးနည်းနည်းပေါ်လာတဲ့အချိန်ကြည်နူးရတယ်။ ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကောင်းအောင်ပြုစုပျိုးထောင်ပေးရသလို လုပ်ငန်းတွင်းရှိလူအားလုံးရဲ့ အပြုအမူတူအောင် Core value တွေသတ်မှတ်လိုက်နာဖို့လိုပြီး၊ Culture ကိုစနစ်တကျပြုစုပျိုးထောင်ဖို့လိုတယ်။ အသက်အရွယ်တစ်ခုရောက်ရင် သူ့အလိုလိုရပ်တည်နိုင်ဖို့ ကြိုတင်လုပ်ဆောင်ပေးရသလို လုပ်ငန်းတစ်ခု အခြေနေတစ်ခုရောက်ရင် သူ့အလိုလိုလည်ပတ်နိုင်ဖို့ Exit Strategy နဲ့Succession Planning လိုတယ်။ ကလေးတစ်ယောက်တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခုတည်တံ့ဖို့ Vision လိုတယ်။ Phyo Paing @ Derek

ကလေးတစ်ယောက်တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခုတည်တံ့ဖို့ Vision လိုတယ်။ Read More »

Lifestyle Design

တစ်သက်မှာတစ်ခါ လူလာဖြစ်တာ စား၀တ်နေရေးအတွက်ဘဲ ရုန်းကန်နေရမယ်ဆို မဟုတ်သေးဘူး။ လွတ်လပ်မှုတွေအပြည့်ရှိတဲ့ ဘ၀နေထိုင်မှုပုံစံ ဒီဇိုင်းလုပ်ဖို့ လိုတယ်နော်။ Phyo Paing @ Derek

Lifestyle Design Read More »

ယှဉ်ပြိုင်ခြင်း

လောကသဘာဝအရ အရာရာ ယှဉ်ပြိုင်ခြင်းဖြင့် အသက်ရှင်သည်။ Infinity War မှာ Thanos ပြောသလို စင်္ကြာဝဋ္ဌာအတွင်းမှာရှိတဲ့ အရင်းအမြစ်တွေသည် Finite အတိုင်းအဆ အကန့်အသတ်ရှိသည်။ ဒီ အရင်းအမြစ်တွေကို လူသားတွေ၊ နိုင်ငံတွေရယူဖို့ ယှဉ်ပြိုင်နေကြရသည်။ ဒီခေတ်မှာပြိုင်ဆိုင်နိုင်စွမ်းမရှိရင် နောက်ကောက်ကျကျန်ခဲ့မယ်။ လူတွေအထင်သေးခံရမယ်။ တခြားနိုင်ငံတွေရဲ့ အထင်အမြင်သေးမှု ခံရမယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးမှာ နောက်ကောက်ကျကျန်ခဲ့မယ်။ ဒါတွေအားလုံးအတွက်ထွက်ပေါက်ကတော့ ပညာရေးဖြစ်တယ်။ Phyo Paing @ Derek

ယှဉ်ပြိုင်ခြင်း Read More »

မခံချင်စိတ်

သေသောငါးတွေသာ ရေစီးနဲ့အတူမျောပါတယ်။ အပင်တို့သည် မြေကြီးကိုဖောက်ထွက် ရှင်သန်ကြတယ်။ ဥကိုဖောက်ထွက်မှ အကောင်ဖြစ်လာသလို လူတစ်ယောက်ဖြစ်လာဖို့ အချင်းကိုဖယ်ပြီးမှ လူလောကထဲရောက်လာတယ်။ ပြဿနာ၊ အခက်ခဲဆိုတာ စိတ်ဓာတ်ကျစရာထက် စိန်ခေါ်မှုဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ရင် အတိတ်ရဲ့အချင်းကို ချန်ထားခဲ့ပြီး လူသစ်စိတ်သစ် အတွေးသစ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်တယ်။ Phyo Paing @ Derek

မခံချင်စိတ် Read More »

ရည်ရွယ်ချက်

ဘ၀ရဲ့ အဓိကရည်ရွယ်ချက်က သေဆုံးခြင်းဖြစ်တယ်။ ရှင်သန်ခြင်းရဲ့ ရည်ရွယ်ချက်က ပြောင်းလဲခြင်းဖြစ်တယ်။ ချစ်ခြင်းရဲ့ ရည်ရွယ်ချက်က ပေးဆပ်ခြင်းဖြစ်တယ်။ ပန်းတိုင်ရဲ့ ရည်ရွယ်ချက်က လမ်းပျောက်မသွားဖို့ဖြစ်တယ်။ Management ရဲ့ရည်ရွယ်ချက်က လူတွေအသုံးပြုပြီး အလုပ်ပြီးဖို့ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ရည်ရွယ်ချက်က ဖောက်သည်တွေလိုအပ်တာကို ဖြည့်ဆည်းပေးပြီး အမြတ်ရဖို့ဖြစ်တယ်။ Phyo Paing @ Derek

ရည်ရွယ်ချက် Read More »

စေတနာ

ဖက်ထုတ်ကြော်ရောင်းတဲ့ အဒေါ်ကြီးသည် Customer Service မလေ့လာဖူးပေမယ့် အပြုံးနဲ့ လုပ်ရပ်မှာစေတနာပါတယ်။ သူ့ဆိုင်အောင်မြင်တယ်။ အလားတူ ဆံသဆရာလေးဟာ ဆံပင်ညှပ်သူစိတ်တိုင်းကျကို သူ့ဆံပင်တွေအတိုင်း မမောနိုင်မပန်းနိုင်ပြင်ပေးရှာတယ်။ ကျောင်းဆရာမလေးဟာ တပည့်တွေကို မပြောနိုင်မပန်းနိုင် သင်ပြပေးရှာတယ်။ စျေးသည်ကြီးဦးချိုသည် စျေးဝယ်သူတွေကို ညီအစ်ကိုအရင်းပမာ အပြုံးနဲ့ စေတနာအပြည့်နဲ့ ရှင်းပြရှာသည်။ စားပွဲထိုးကောင်လေးသည် ဧည့်သည်ကို အပြုံးနဲ့ဆီးကြိုပြီး လိုရာကိုအဆင်ပြေစွာသုံးဆောင်နိုင်ဖို့ဆောင်ရွက်ပေးသည်။ လောကမှာ စေတနာပါတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့မခက်သလို၊ အလုပ်အပေါ်စေတနာထားသူအတွက် အလုပ်ကလည်းမရှားပါဘူး။ အောင်မြင်ဖို့စေတနာထားတာထက်၊ စေတနာထားလို့အောင်မြင်ကြသည်။ Phyo Paing @ Derek

စေတနာ Read More »

သင်ဘာလို့ မအောင်မြင်သေးသလဲ?

၁. တိကျတဲ့ရည်မှန်းချက်ပန်းတိုင်မရှိလို့။ ၂. ပြင်းပြတဲ့ စိတ်ဆန္ဒမရှိလို့။ ၃. ပြင်းပြတဲ့ စိတ်ဆန္ဒကို မထိန်းထားနိုင်လို့။ ၄. ပြင်းထန်တဲ့ လှုပ်ရှားမှုတွေမရှိလို့။ ၅. ဘ၀အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိလို့။ ၆. သူများစကား အမြဲနားယောင်လို့။ ၇. မိမိကိုယ်ကို ယုံကြည်မှုမရှိလို့။ Phyo Paing @ Derek

သင်ဘာလို့ မအောင်မြင်သေးသလဲ? Read More »

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင်

သင့်ရဲ့ အကြီးမားဆုံးရန်သူက သင်ကိုယ်တိုင်ဖြစ်တယ်။ နေ့စဉ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို စစ်တိုက်ယူနေရတယ်။ သင်ဟာစစ်သားဖြစ်တယ်။ စစ်သားတွေ စစ်ပွဲအတွက် နေ့စဉ်လေ့ကျင့်ရေးဆင်းရသလို ဘ၀အတွက် လေ့ကျင့်ရေးဆင်းဖို့လိုတယ်။ လေ့ကျင့်တာအရေးကြီးသလို နည်းစနစ်ကလည်း အရေးကြီးပါတယ်။ Phyo Paing @ Derek

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင် Read More »