အောင်မြင်မှု ခရီးလမ်း
သတိပြုမိမယ်။ဝေဖန်မယ်။အမုန်းပွားတိုက်ခိုက်မယ်။လေးစားအားကျမယ်။Phyo Paing @ Derek
လူတိုင်းလူတိုင်းမှာ လိုသူရှိသလို မလိုသူတွေရှိပါတယ်။ လူအများစုဟာ အချိန်အများစုမှာ အများအကြောင်းစဉ်းစားနေတာထက် ကိုယ့်အကြောင်းကိုယ်စဉ်းစားနေကြတာလူတိုင်းသိကြပါတယ်။ လူတွေငါ့ကို ဘယ်လိုထင်နေမလည်း? ငါလုပ်တာမှားနေလို့လား? ငါ့ကို တခြားအပေါင်းအဖော်တွေ ဘယ်လိုထင်နေမလည်း? Hey, forget about it! သူထင်ချင်သလိုထင် ကိုယ့်ဘဝကို ကိုယ်ရွက်လွင့်ဖို့ အရေးကြီးတယ်။ ဟုတ်တယ်ဟုတ်? အခြေနေပေါ်မူတည်ပြီး အကောင်းဆုံးလုပ်တယ်။ အဲ့ဒါမှန်တယ်။ အဲ့အချိန်မှာရှိတဲ့ အတွေး၊ အခြေအနေ၊ ဦးနှောက်၊ခံစားချက် နဲ့လုပ်ခဲ့တာ။ ဘာမှ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်စရာအကြောင်းမရှိဘူး။ တစ်ခုပြောပါရစေ။ You are right! You are right! There is nothing wrong with you! HustlePhyo Paing @ Derek
ဒီတော့ စဉ်းစားနည်းနဲ့ပတ်သက်လို့ လိုရင်းတိုရှင်း Tool နှစ်ခု Share လိုတယ်။ ၁. PMI လို့ခေါ်ပါတယ်။ ဥပမာ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပေးသင့်လားဆိုတာမျိုး။ Plus, Minus, Interesting လို့ခေါ်ပါတယ်။ ကောင်းတဲ့အချက်ဆို Plus မှာချရေး။မကောင်းတဲ့အချက်ဆို Minus မှာချရေး။ သေချာမသိသေးတဲ့အချက်ဆို Interesting မှာချရေး။အားလုံးကိုပြန်ချုံကြည့်။ ဘာပိုများသလည်း? ပြီးမှဆုံးဖြတ်။ ၂. OPV (Other People’s Views) တူညီတဲ့ကြက်ကြော်တစ်ပွဲကိုဘဲ ဗိုက်ဆာနေတဲ့ကလေးငယ်၊ သားသတ်လွတ်သမားနဲ့ အသက်ရှစ်ဆယ်အဖွားအိုရဲ့အမြင်ကတူမှာမဟုတ်ပါဘူး။ တခြားသူတွေရဲ့အထင်အမြင်တွေဟာလည်း ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီးမတူပါဘူး။ လူတွေကိုဖြစ်နိုင်ရင် နားလည်ပေးလိုက်ပါ။ Phyo Paing @ Derek
သူငယ်ချင်းအသိနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး နည်းပညာ နဲ့ပတ်သက်လာရင် အထူးစိတ်ဝင်စားတယ်။ passionate အရမ်းဖြစ်ကြတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က နှစ်ယောက်စလုံး ဖုန်း service ဆိုင်ဖွင့်ကြတယ်။ တစ်ယောက်က creation အရမ်းကောင်းတယ်။ တစ်ယောက်က System ပိုင်းအရမ်းကောင်းတယ်။ ပထမတစ်ယောက်က သုံးနှစ်နေတဲ့အခါ ဆိုင်ပိတ်လိုက်ပြီး၊ ဒုတိယတစ်ယောက်က မြန်မာတစ်ပြည်လုံးမှာ Influencer အနေနဲ့ သော်လည်းကောင်း သူ့ဆိုင်က ဖုန်းလောကမှာ ဆိုင်ခွဲ အများကြီးနဲ့ ဖြစ်လာတယ်။ ပထမတစ်ယောက်က လက်ကြောမတင်းလို့လား? အလုပ်ကို ချစ်မြတ်နိုးမှု Passion မရှိတော့လို့လား? မဟုတ်ပါ။ ခုလည်း နည်းပညာအသစ်တွေ ကလိနေတုန်း။ ဘာကွာလည်းဆိုရင် Flow ကွာပါတယ်။ ပထမတစ်ယောက်ရဲ့ Flow ဟာ Creation Energy (What) မှာရှိပြီး သူ့အနေနဲ့ ဘာကို
အလုပ်ကို ချစ်မြတ်နိုးရုံ တစ်ခုတည်းနဲ့ လုံလောက်ပြီလား? Read More »
မာယာတွေများလွန်းတယ်။ အရာရာကို နှလုံးသားနဲ့လက်ခံရင်မှားအုံးမယ်။ ဦးနှောက်နဲ့ဇကာစစ်နောက်တဆင့်မှ နှလုံးသားနဲ့လက်ခံ။ သင့်ကို ဝေဖန်တဲ့သူတွေက သင့်ကိုမုန်းလို့မဟုတ်သူတို့ရဲ့ အတ္တတွေအတွက်အသိအမှတ်ပြုခံရဖို့ ဆာလောင်နေလို့ဖြစ်တယ်။အရာရာကို နှလုံးသားနဲ့မခံစားပါနဲ့။ ဦးနှောက်နဲ့ ဇကာစစ်ပါ။ Phyo Paing @ Derek
အောင်မြင်မှုဆိုတာ ပိုင်ဆိုင်လို့မရဘူးတဲ့။ အငှားဘဲရှိတယ်။ အချိန်တန်လို့ တန်ရာတန်ကြေးမပေးရင် နေရာရွေ့ရမယ်တဲ့။ ဒီထက်ပိုကောင်းတဲ့အိမ်လိုချင်ရင်တော့ ဒီထက်ပိုကြိုးစားဖို့လိုတယ်။ လိုတိုင်းတရတဲ့ အာလာဒင်မီးခွက်ဟာ ပုံပြင်ထဲမှာဘဲရှိတယ်။ ဒီ generation နောက် generation ကိုကောင်းစားစေချင်တယ်ဆိုရင်တော့ကြိုးစားရုံမှ တပါးအခြားမရှိ။ Phyo Paing @ Derek
ယနေ့ခေတ်ရဲ့ currency သည် အာရုံစိုက်မှု ဖြစ်သည်။ ကြော်ငြာခေါင်းကြီးပိုင်းသည် ကြော်ငြာတစ်ခုကို ဆက်လက်ဖတ်ဖို့ အဓိကဆွဲဆောင်မှု ဖြစ်သည်။On the average, five times as many people read the headlines as read the body copy.DAVID OGILVY 1. Special Headline တစ်ခုသည် တခြား ကြော်ငြာခေါင်းစဉ်များနဲ့မတူ တမူထူးခြားဖို့လိုပါသည်။ ဥပမာ မကြာခင်က Nok Air Myanmar ရဲ့ Like တစ်ခုမှ မရရင် ဆုရမယ်ဗျို့ဆိုတဲ့ ဟာသဆန်ဆန်ပုံစံမျိုး။ Question ပုံစံမျိုးမေးနိုင်ပါသည်။ ဥပမာ Personal Development အတွက် ကျွန်တော့် DYD program မှာသုံးထားတဲ့ headline
ကြော်ငြာရေးနည်း အရင်က Facebook မှာ $20 လောက်ကြော်ငြာရင်ရတဲ.ငွေသားဟာ ယနေ.မှာ $200 လောက်ကုန်ပါတယ်။ ဒါ.ကြောင်. Facebook ကြော်ငြာတွေမှာ engagement ကောင်းအောင် sales conversion ပိုရောင်းကောင်းအောင် copywriting ရေးတတ်ဖို.လိုလာပါပြီ။ ကုန်ပစ္စည်းတွေမှာလည်း လူတွေလိုဘဲ ကိုယ်ရည်ကိုယ်သွေး personality ရှိပါတယ်။ ဥပမာ iPhone, Samsung S8, Xiaomi Mi6, Huawei P10 ဖုန်းချင်းတူပေမယ်. personality ချင်းမတူပါဘူး။ Copywriting 101 မှာ ကုန်ပစ္စည်းအကြောင်းနဲ.စလိုက်ပါတယ်။ Product Description ကိုယ်.ကုန်ပစ္စည်းနဲ. ပတ်သက်လို.ဖော်ပြဖို.လိုလာပြီ။ စာရွက်သို. Microsft Word မှာရေးဖို.လိုလာပါပြီ။ 1. ကိုယ်. Product ကိုဘယ်လိုပုံဖော်မလည်း? စာနှစ်ကြောင်းလောက်နဲ့ဖော်ပြဖို့ လိုပါတယ်။ ဥပမာ လက်ရှိဖွင်.နေတဲ.
Motivation က အလုပ်လုပ်ဖို့။ Management က အလုပ်ပြီးဖို့။ Money ကတော့ အလုပ်ပြီးမြန်ဖို့။ Milestone ကအလုပ်ဘယ်လောက်ပြီးမြောက်လည်းသိဖို့။Marketing က ဖောက်သည်ရပြီး၊ ထိန်းသိမ်းထားနိုင်ဖို့။Mission ကတော့ ဒါတွေအားလုံးဖြစ်အောင်လုပ်ဖို့ နောက်ကွယ်က ရည်ရွယ်ချက်။ ကြီးကျယ်တဲ့အလုပ်တွေ ဒါမရှိဘဲ လုပ်ဖို့ဆိုတာမလွယ်ဘူး။ Phyo Paing @ Derek
ခင်ဗျားရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။ Phyo Paing @ Derek
အလုပ်တစ်ခု စလုပ်တဲ့အချိန် မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ Read More »