Dr. Phyo Paing

https://yec.company

ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ GOAL

GOAL နဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ Goal Setting Framework လေး share ချင်ပါတယ်။ လူအများစုဟာ ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ ကိုယ်ဖြစ်ချင်တာတွေနဲ့စကြပြီး ဒီဖြစ်ချင်တဲ့အရာတွေဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားကြတယ်။ ဒီတော့ ဘဝမှ လုပ်နေတဲ့အလုပ်အပေါ်စိတ်ကျေနပ်ဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်ချဖို့ 1. G = Giftကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရပါတယ်။ ကိုယ့်ရဲ့ gift ကိုရှာဖွေရပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အားသာချက်နဲ့ Energy Flow ဟာမတူတဲ့အတွက် ကိုယ့် gift ကိုကိုယ်နားလည်ဖို့ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ ဒါမှမဟုတ် Psychometric test တွေနဲ့ ကိုယ့်အကြောင်းကိုလေ့လာနိုင်ပါတယ်။ ဒီအချက်အင်မတန်အရေးကြီးပါတယ်။ 2. O = Outcome ကိုယ်အလုပ်က retire အနားယူတဲ့အချိန်ကို စဉ်းစားလိုက်ပါ။ ထားပါတော့ အသက်ခုနှစ်ဆယ်။ ကိုယ်ကဘယ်နေရာရောက်နေတာလည်း၊ ဘဝမှာလုပ်ခဲ့တဲ့အရာတွေအတွက်ကျေနပ်သလား။ နောက်ပြီး ဆယ်နှစ်အတွင်းပြန်စဉ်းစားပါ။ ဆယ်နှစ်အတွင်းဘာတွေဖြစ်ချင်တာလည်း။

ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ GOAL Read More »

Growth-Hacking

စီးပွားရေးတစ်ခုစတင်ရင် ငါးနှစ်ဆယ်နှစ်လောက်နေမှ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုရှိကြတယ်။ ဒါဟာ myth တစ်ခုပါ။ Growth-hacking လုပ်ပြီး business ကို အမြန်ကြီးထွားအောင် အချက်ခြောက်ချက်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းလေးခုကိုလေးနှစ်အတွင်းစမ်းသပ်ခဲ့ရာမှာ များစွာအကျိုးထိရောက်မှုရှိခဲ့တဲ့အတွက် အားလုံးအသုံးချနိုင်အောင် sharing လုပ်ချင်ပါတယ်။ 1. ကြီးထွားလာမည်. စျေးကွက် (Growing Market) နောက် သုံးလေးငါးနှစ်အတွင်းမှာ Growing ဖြစ်လာနိုင်တဲ.စေျးကွက်ကို ရှာပါ။ ဘယ်ကနေကြည်.မလည်းမေးရင် PESTLE လုပ်ပါ။ အလွယ်ကူအရိုးရှင်းဆုံးနဲ.အရှုပ်ဆုံးဖြစ်ပါတယ်။ PEST Analysis ရဲ.အရှည်ကတော. အနာဂတ်မှာဖြစ်မည်. နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင်. နည်းပညာ အပြောင်းအလည်းတွေကို လေ.လာတာဖြစ်ပါတယ်။ ကျွန်တော်တို. DBM (Diploma in Business & Management) အတန်းတွေမှာတော. အနောက်ဖြစ်ခဲ.တဲ.ငါးနှစ်၊ လက်ရှိအခြေအနေပေါ်မူတည်ပြီး နောက်အနာဂတ်ငါးနှစ်အတွက် Assignment

Growth-Hacking Read More »

စိုးရိမ်ပူပန်မှုတွေအဆုံး ဘာများဖြစ်နိုင်ဦးမှာလဲ?

ဘဝမှာ လူလာဖြစ်တုန်း ပျော်ပျော်နေပါ။ ကံကံ၏အကျိုးကို မမေ့ပါနဲ.။ဘဝသံသရာဆိုတဲ့အတိုင်း ကံကြမ္မာဟာ တစ်ကွေ့ပြန်လာတတ်တဲ့အတွက် တပါးသူတွေအပေါ်ကောင်းဖို.လိုပါတယ်။ စေတနာဟာ ခံစားလို.ရပါတယ်။ Phyo Paing @ Derek

စိုးရိမ်ပူပန်မှုတွေအဆုံး ဘာများဖြစ်နိုင်ဦးမှာလဲ? Read More »

လူ့သဘာ၀

ကျွန်တော်တို့တွေ နိုင်ချင်ကြတယ်။အတော်ဆုံးဖြစ်ချင်ကြတယ်။ လူသိအောင်သိကြောင်းတတ်ကြောင်းပြချင်ကြတယ် ဟုတ်။ငါအတော်ဆုံးဆိုတဲ့ အတ္တလူအများစုမှာ အနည်းနဲ့အများရှိကြတယ်။ ဟုတ်တယ်ဟုတ်? ဒါဟာကောင်းပါတယ်။ ဘာဖြစ်ဖြစ်ရအောင်လုပ်မယ်ဆိုပြီးကိုယ့်အားနည်းချက်ကိုဖုံးကွယ်တတ်ကြတယ်။နောက်ပြီးကျွန်တော်တို့ အကြိမ်တိုင်းအောင်မြင်တယ်ဆိုတာအရေးမကြီးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့တခါတလေ သူတပါးစိတ်ချမ်းသာဖို့အလျော့ပေးလိုက်တာဟာ ကိုယ်နဲ့သူ့ကြား relationship ပိုကောင်းစေတယ်။ ဆက်ဆံရေးကောင်းတဲ့သူတွေဟာ ငါ့ထက်သူ့ကိုဦးစားပေးကြတာ အားလုံးသိကြပါတယ်။ Phyo Paing @ Derek

လူ့သဘာ၀ Read More »

အတိတ်က အနာဂတ်ထက် ဦးနှောက်မှာ
နေရာယူနေသေးသ၍ အနာဂတ်တွေမလှပနိုင်ဘူး။

ကျွန်တော်တို့ဘဝမှာ စိတ်တိုင်းမကျတဲ့အရာတွေရှိမယ်။ဒီထက်ပိုဆိုးတာက ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြင်လို့မရတော့တာတွေ ဖြစ်မယ်။ ဒါအတွက်ရွေးချယ်စရာ လမ်းနှစ်လမ်းရှိမယ်။ ထိုင်ပြီး ဘဝကိုစိတ်တိုင်းမကျအတိတ်ကိုပြန်တွေးပစ္စုပ္ပာန်ကို အပစ်တင်နေမလား? အရာရာဟာ ပိုကောင်းဖို့ဖြစ်လာတာပါလို့ ယုံကြည်ပြီး လက်ရှိကို အရှိကိုအရှိအတိုင်းလက်ခံပြီး လှပတဲ့အနာဂတ်ကို ဖန်တီးကြည့်မလား။ အတိတ်က အနာဂတ်ထက် ဦးနှောက်မှာနေရာယူနေသေးသ၍ အနာဂတ်တွေမလှပနိုင်ဘူး။ Phyo Paing @ Derek

အတိတ်က အနာဂတ်ထက် ဦးနှောက်မှာ
နေရာယူနေသေးသ၍ အနာဂတ်တွေမလှပနိုင်ဘူး။
Read More »

အောင်မြင်ချင်ရင်

S = Stamina သက်လုံကောင်းရမယ်။ U = Urgency (အရင်မလိုရင် စိတ်အားထက်သန်မှုတန်းဖိုးလျော့သွားတယ်။ Jim Rohn)C = Consistency ရှိပြီး အမြဲပုံမှန်လုပ်သွားရမယ်။ C = Courage သတ္တိရှိရမယ်။ E = Energetic ဖြစ်ရမယ်။ S = Social Skill ကောင်းရမယ်S = Smart (Work Smart ဖြစ်ရမယ်။) Phyo Paing @ Derek

အောင်မြင်ချင်ရင် Read More »

Earn & Learn

ဒီနေ.ကိုယ်လုပ်လိုက်တဲ.အလုပ်ဟာ အနာဂတ်မှာ ဘယ်လိုအထောက်အကူပြုမလည်း? လုပ်သက်များရင် လစာငွေများမယ်လို. အတွေးထဲရောက်လာကြတယ်လုပ်သက်ကြာဖို့အတွက် အလုပ်လုပ်တယ်။ အမှန်တော. လစာငွေဆိုတာ အသက်မွေးဝမ်းကျောင်းအတွက်သာဖြစ်တယ်။ You are just making a living. ကျွန်တော်. အမြင် Earn လုပ်နေရုံနဲ.မရပါဘူး။ရေရှည်အတွက် L တစ်လုံးပိုထည်.ပြီး Learn လည်းလုပ်ဖို.လိုပါမယ်။ ဒါမှ Making a Living မှMaking a Fortune ဆိုတာ ဖြစ်လာပါမယ်။ ငါဒီနေ. လုပ်နေတဲ.အလုပ်က မနက်ဖြန် သို. အနာဂတ်အတွက် အချိန်ကုန်ဘယ်လောက်သက်သာစေမလည်း?အထောက်အကူ ဘယ်လောက်ဖြစ်စေသလည်း?ကိုယ်.အိမ်မက်အတွက် ဘယ်လောက်အထောက်အကူဖြစ်စေသလည်း? အချိန်နဲ. ငွေ တိုက်ရိုက်လည်းလှယ်နေရတယ်Learn လုပ်ခွင်. မရှိတဲ. ပတ်ဝန်းကျင်မှာ ထပ်နေဖို. သေချာပြန် စဉ်းစားပါ။ အချိန်ဆိုတာ အားလုံးတူညီစွာရထားတဲ. တန်ဖို.အရှိဆုံး commodity တစ်ခုဖြစ်ပါတယ်။

Earn & Learn Read More »

လုပ်ငန်းစတင်ရာမှာ S ငါးလုံး

လုပ်ငန်းစတင်ရာမှာ S ငါးလုံးကို ကျွန်တော်အမြဲစဉ်းစားပါတယ်။ 1. Start – လုပ်ငန်းကို အလွယ်ကူဆုံးဘယ်လိုစတင်မလည်း? 2. Speed – လုပ်ငန်းကြီးထွားဖို့ မြန်နှုန်းကို ဘယ်လိုမြင့်တင်မလည်း? 3. Systemize – လုပ်ငန်းဆောင်တာတွေ ကိုယ်မပါဘဲ ထပ်ခါထပ်ခါ repeatable process ဖြစ်အောင်မည်သို့လုပ်ဆောင်မလည်း? 4. Scale with Superstars- လုပ်ငန်းပိုင်းမှာ အရမ်းကျွမ်းကျင်တဲ့သူတွေနဲ့ အလုပ်လုပ်ဆောင်နိုင်အောင် မည်သို့လုပ်ဆောင်မလည်း? 5. Sell – ကိုယ့်လုပ်ငန်းကို တခြားသူကို ဘယ်လိုရောင်းမလည်း? စတင်လုပ်ဆောင်တဲ့ နေ့ကတည်းက တချိန်မှာ ပြန်ရောင်းရင် ဘယ်လောက်ရရမယ်လို့စဉ်းစားထားသင့်ပါတယ်။ Exit Strategy ပါ။ (လွန်ခဲ့တဲ့နှစ်အတွင်းပိုင်းမှာ 10 လသား business တစ်ခုကိုရောင်းချခဲ့တယ်။) စတင်ဖို့ဆိုရင်တော့ Marketing လိုလာပါတယ်။ Phyo

လုပ်ငန်းစတင်ရာမှာ S ငါးလုံး Read More »

Netflixed

လုပ်ငန်းတစ်ခုက နည်းပညာသိုမဟုတ် business Model အပြောင်းအလည်းကြောင့် အစားထိုးခံရတဲ့ အဖြစ်ကို Netflixed လုပ်ခံရတယ်လို့ တင်စားပြောကြတယ်။ Netflix ဆိုတာကတော့ Online မှ Video များကြည့်နိုင်သည့် Platform တစ်ခုဖြစ်သည်။ မြန်မာပြည်မှာ Business model မပြောင်းလို့ Netflixed လုပ်ခံရတဲ့ထဲမှာ ပန်းချီဆရာတွေပါတယ်။ နည်းပညာ အပြောင်းအလည်းမှာ Business model မပြောင်း technology ပြောင်းမသုံးနိုင်တော့ ဆိုင်းဘုတ်လုပ်ငန်း ကြော်ငြာလုပ်ငန်းအများစုဟာ Vinyl ဆိုင်တွေ ရောက်ကုန်တယ်။ Buyer နဲ့ Seller ကြား platform တစ်ခုတည်ဆောက်နိုင်တဲ့business တွေကတော့ ဒီခေတ်မှာ billion dollar businesses တွေ ဖြစ်လာကြတယ်။ facebook, uber, amazon, ebay, google,

Netflixed Read More »

လူလုပ်ရတာ specialized knowledge မရှိရင်မလွယ်ဘူး။

ပညာရပ်တစ်ခုကို ကျွမ်းကျင်တဲ့သူကိုဆရာလို့ခေါ်တယ်။ ဥပမာ ဆေးကုတုန်းက ဆေးဆရာပေါ့။ Marketing အတန်းဖွင့်ပြန်တော့ မားကတ်တင်းဆရာ။ Train the Trainers ဖွင့်ပြန်တော့ ဆရာ့ဆရာတဲ့။ အိမ်မှာလည်း မီးလာပြင်တဲ့ကျွမ်းကျင်သူကို မီးဆရာ။ ဆိုက္ကားနင်းကျွမ်းကျင်တဲ့သူကို ဆိုက္ကားဆရာ။ ရေပိုက်ဆရာ။ ဆရာတွေပေါတဲ့ ခေတ်မှာ တစ်ခုခုမှာတော့ ဆရာကျမှ ရမယ်နော်။ ဒါနဲ့ပညာရပ်တစ်ခုမှာ ဆရာကျဖို့ Malcolm Gladwell ကအကြမ်းဖျင်းနာရီတစ်သောင်းလိုတယ်ပြောတယ်။ ဒါကို Anders Ericsson က Peak – the secret from new science of expertise မှာ Robert Pool နဲ့တွဲပြီး အထောက်အထားတွေနဲ့ Malcolm မှားကြောင်းပြပါတယ်။ နာရီတစ်သောင်းမကဘူးတဲ့။ :/ ဒါကတော့ field ပေါ်မှာမူတည်လိမ့်မယ်လို့ထင်တယ်။ တချို့အလုပ်တွေက

လူလုပ်ရတာ specialized knowledge မရှိရင်မလွယ်ဘူး။
Read More »