ကိုယ်တိုင်စီးပွားရေးလုပ်ရတဲ့ရည်ရွယ်ချက်
ကိုယ်တိုင်စီးပွားရေးလုပ်ရတဲ့ရည်ရွယ်ချက်က လွတ်လပ်ဖို့ပါ။ Freedom အတွက်ပါ။ ဒါကို ကိုယ်တိုင် business တစ်ခုစရင် ခေါင်းခြောက်တယ် မလုပ်ကြနဲ့ဆိုတာကို လက်မခံပါဘူး။ Tim Ferris ရဲ့ 4-Hour Work Week ထဲက DEAL Framework ဟာ လူငယ်တွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ 1. Definition – ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် သို့ လွတ်လပ်မှုအတွက်လိုအပ်တဲ့ငွေ ပမာဏ ကိုရေးပါ။ Financially Free ဖြစ်ချင်တယ်ဆို လိုအပ်တဲ့ Amount ကိုရေးပြီး တစ်လ ဆုရမည့် ပမာဏနဲ့ နှစ်အရေအတွက်ကို ရေးပါ။ ဥပမာ သိန်း 1000။ ငါးနှစ် အတွင်းဆိုပါတော့။ တစ်နှစ် သိန်းနှစ်ရာစုရမယ်။ တစ်လ ဆယ့်ခြောက်သိန်း ခြောက်သောင်းလိုမယ်။ အသုံးစရိတ် ငါးသိန်းလေးသောင်းဆိုပါတော့။
