Dr. Phyo Paing

https://yec.company

တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။

ဘာလုပ်ရင်ကောင်းမလဲ။ ကမ္ဘာပေါ်မှာတခြားသူတွေမလုပ်နိုင်ဘဲကိုယ်ပဲလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်နိုင်ငံမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်မြို့မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ရပ်ကိုယ့်ရွာမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ကုမ္ပဏီမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့် team မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ ဘာမှ မရှိသေးဘူးဆိုကိုယ့်ဖက်က ရှိဖို့ကျွမ်းကျင်မှုစူပါပါဝါတစ်ခုကိုပြုစုပျိုးထောင်ဖို့လိုလာပြီ။ ဘဝဆိုတာ တိုက်ရိုက်ခေါင်းချင်းတိုက်ပြိုင်တဲ့ဂိမ်းမဟုတ်ဘူး။ညင်ညင်သာသာတိုက်ရိုက်မပြိုင်ဘဲနိုင်အောင်လုပ်တဲ့ ဂိမ်းတစ်ခုပါ။ ဘဝတိုက်ပွဲမှာ နိုင်ဖို့ကိုယ့်ရဲ့ competitive advantageပြိုင်ရင်နိုင်မည့် အားသာချက်ကိုရှာဖွေပျိုးထောင်ဖို့လိုအပ်လာတယ်။ Phyo Paing @ Derek

တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
Read More »

P သုံးလုံး။

ဘဝမှာ အချိန်အများကြီးမရှိဘူး။တစ်နှစ်တစ်နှစ်ဆိုတာဘယ်လို ကုန်လို့ကုန်သွားမှန်းမသိဘူး။ခက်ခဲနေရင်သာကြာတာ၊ပျော်နေရင် အချိန်ကုန်တာပိုမြန်တယ်။ အများတဲ့အချိန်အများကြီးထဲမှာအလုပ်တိုင်းကို လိုက်လုပ်လို့မရဘူး။ဒီတော့ ဘယ်အလုပ်လုပ်ရင်ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲစဥ်းစားရပြီ။ ဒီလိုစဥ်းစားတဲ့အချိန်မှာအဓိကအချက်သုံးချက်နဲ့စဥ်းစားတယ်။​၁။ Passion ကိုယ်အလုပ်အပေါ်ချစ်မြတ်နိုးမှု၂။ Profit ပြန်ရမည့်ငွေကြေးအမြတ်၃။ Purpose လူတွေအပေါ်အကျိုးပြုမှုရည်ရွယ်ချက် ဒီတော့ဘဝမှာ ကိုယ်လုပ်မည့်အလုပ်တွေကိုရွေးချယ်ဖို့ ပထမဦးဆုံးအနေနဲ့ကိုယ်မလုပ်ရရင် မနေနိုင်၊မစဥ်းစားရရင် မနေနိုင်တဲ့အရာတွေကို ချရေးကြည့်။ ဥပမာ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုစိတ်ပညာ၊ အတွေးအခေါ်ပညာ၊မဟာဗျူဟာပိုင်း၊ တိုးတက်ရေးပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုပိုင်းနဲ့ဒါကိုလုပ်ပေးတဲ့ နည်းပညာသစ်တွေ၊စွန့်ဦးတီထွင်မှု၊ ပညာရေး၊သင်ယူမှု၊ သင်ကြားမှုပညာ၊ဝိဇ္ဇာပညာ၊ အိုင်ဒီယာအသစ်တွေအကြောင်း။ဒါတွေကို မလုပ်ရမနေနိုင်ဘူး။ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တွေကိုဒီအပေါ်မှာ အခြေခံတယ်။ ဒုတိယအနေနဲ့ ကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်ပြီးဝင်ငွေဖန်တီးနိုင်တဲ့နည်းလမ်းတွေကိုစဥ်းစားကြည့်ပါ။ချရေးကြည့်ပါ။ ဥပမာ အလွယ်ဆုံးကတော့ကုမ္ပဏီတစ်ခုအလုပ်ဝင်လုပ်တာ။ဒီနေ့ခေတ် အလွတ်တန်းပညာရှင် freelance လုပ်တာ။ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေသိအောင်social media လူမှုကွန်ယက်မှာblogging/ vlogging လုပ်တာ၊စာရေးတာ။ဒီကမှတစ်ဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်တာ။ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အချိန်လဲတခြားသူတွေနဲ့မတူညီတဲ့business model နဲ့ အလုပ်လုပ်နိုင်တာ။ဝင်ငွေရနိုင်မည့် revenue streams တွေအကုန်မျက်စိဖွင့်နားစွင့်ပြီးစဥ်းစားကြည့်ပါ။ တတိယကတော့ purpose ရည်ရွယ်ချက်။ကိုယ့်ဘဝမှာ အသက်ရင်စဥ်လောကကိုပြန်ပေးခဲ့ချင်တဲ့အရာပေါ့။လူသားတစ်ယောက်က ငွေကြေး

P သုံးလုံး။ Read More »

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။

ဘဝဆိုတာ ခက်ခဲတယ်။အနာဂတ်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေအတွက်ကြိုတင်အဖြေမရှာထားနိုင်ရင်ပိုလို့တောင်ခက်ခဲသေးတယ်။ သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့မိဘတွေကသူတို့သားသမီးတွေရဲ့အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။ ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲအနာဂတ်ငွေကြေးပြဿနာတွေကိုကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။ ဒီနေ့ပြဿနာကိုတောင်ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။ လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။အကောင်းကြီးပဲ မြင်နေလို့မရသလို၊အဆိုးကြီးပဲမြင်နေလို့မရဘူး။ အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Phyo Paing @ Derek

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Read More »

လူအများစုမပျော်တာ
ရှုပ်နေလို့။

လူအများစုမပျော်တာ ရှုပ်နေလို့။ ကိုယ်ဘာလိုချင်သလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာလုပ်ချင်သလဲရှင်းရှင်းလင်းလင်းမသီဘူး။ကိုယ်ဘာလုပ်ရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ဘာလုပ်ရင် ဘာရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ ကိုယ်ဘာမလိုချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်ချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်သင့်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ လူသားဖြစ်ခြင်းရဲ့အဓိက အရေအသွေးတစ်ခုကကိုယ့်ကိုကိုယ်သိဖို့။self-awareness ဖြစ်ဖို့။ ဒီထက် ထိုးထွင်းသိမြင်တာကိုInsight လို့ခေါ်တယ်။ ဒီလို ထိုးထွင်းသိမြင်ဖို့တရားထိုင်တာကို Insight Meditation ဝိပဿနာလို့ခေါ်တယ်။ အဓိက စကားလုံးကရှင်းရှင်းလင်းလင်း။တခါတလေ ရှင်းသလိုနဲ့ မရှင်းနေတတ်ဘူး။ ကိုယ့်ကိုကိုယ်ရှင်းရှင်းလင်းလင်းသိရင်လောကီမှာ ဘဝရဲ့ မလိုအပ်တဲ့စိတ်ဒုက္ခတွေက လွတ်မြောက်မယ်။သဘာဝတရားရဲ့ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်းသိရင် လောကုတ္တရာမှာသံသရာ ဝဋ်ဆင်းရဲကလွတ်မြောက်မယ်။ လောကီရဲ့နိဗ္ဗာန်က ငွေကြေးလွတ်မြောက်မှု  Financial Freedom နဲ့စတယ်။ငွေကြေးလွတ်မြောက်ရင်ကိုယ်မလုပ်ချင်တာ လုပ်စရာမလိုတဲ့Physical Freedom ကာယလွတ်မြောက်မှုရမယ်။ စိတ်ထားတတ်ရင် ရှင်းလင်းရင်Emotional Freedom စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရမယ်။ လောကသဘာဝကို သိရှိခံစားနားလည်လာရင်Spiritual Freedom ရမယ်။ အရာရာက Self-awareness ကိုယ့်ကိုကိုယ်သိဖို့ကစတင်တယ်။ Phyo Paing @ Derek

လူအများစုမပျော်တာ
ရှုပ်နေလို့။
Read More »

ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။

ဘယ်အချိန်မှာ လောဘကြီးရမယ်။ဘယ်အချိန်မှာ ငြိမ်နေရမယ်။ဘယ်အချိန်မှာ လေ့လာမှုပြုရမယ်။ဘယ်အချိန်မှာ ထုတ်ကုန်အသစ်ထုတ်ရမယ်။ဘယ်အချိန်မှာ ဘယ်ကိုသွားရမယ်။ဘယ်အချိန်မှာ ဘယ်သူတွေနဲ့ချိပ်ဆက်ရမယ်။ဘယ်အချိန်မှာ ပိုးစိုးပက်စက်အလုပ်လုပ်ရမယ်။ဘယ်အချိန်မှာ နားရမယ်။ဘယ်အချိန်မှာ လည်ပြီးဘယ်အချိန််မှာ အချင်ယောင်ဆောင်ရမယ်။ ဘယ်အချိန်မှာ ဘာမလုပ်ရဘူး။ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ အချိန်အခါကို ကောင်းကောင်းသိပြီးလုပ်ဆောင်မှုကို လုပ်ဆောင်နိုင်တာမဟာဗျူဟာမြောက်တာပဲ။ စေတနာကောင်းတိုင်းရှေ့မရောက်ဘူး။ကြိုးစားတိုင်း ရှေ့မရောက်ဘူး။အပေါင်းအသင်းများတိုင်းလဲ ရှေ့မရောက်ဘူး။ အသိပညာ၊ အတတ်ပညာတစ်ခုမှာတော်တိုင်းလဲရှေ့ရောက်ချင်မှရောက်မယ်။ ရည်မှန်းချက်တစ်ခုရှိရမယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိရမယ်။သိဖို့လဲ မျက်စိဖွင့်နားစွင့် အမြဲလေ့လာနေဖို့လိုတယ်။မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အလုပ်လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။
Read More »

လုပ်ချင်တာလုပ်ပြီး
ရချင်တာရနေတာက
အကောင်းဆုံးအခြေအနေပဲ။

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတာကအကောင်းဆုံးအခြေအနေပဲ။ ရချင်တာရဖို့မလုပ်ချင်တာ လုပ်တာကဒုတိယအခြေအနေ။ လုပ်ချင်တာလုပ်ပြီးရချင်တာမရတာကတတိယအခြေအနေ။ မလုပ်ချင်တာလုပ်နေရပြီးရချင်တာမရနေတာကစတုတ္ထအခြေအနေ။ Phyo Paing @ Derek

လုပ်ချင်တာလုပ်ပြီး
ရချင်တာရနေတာက
အကောင်းဆုံးအခြေအနေပဲ။
Read More »

ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။

လူဖြစ်ရတာ လွယ်မလိုလိုနဲ့မလွယ်ဘူး။ ကြိုက်ကြိုက်မကြိုက်ကြိုက် လူရယ်လို့ဖြစ်လာတဲ့အခါဘဝတစ်ခုရမယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားရှင်သန်ခြင်းဖြစ်စဉ်က ဘဝပဲ။ မွေးတာနဲ့ သေတာကို ကိုယ်ထိန်းချုပ်လို့ရချင်မှရမယ်။ရှင်သန်ခြင်းဖြစ်စဉ် တော်တော်များများကိုကိုယ်ထိန်းချုပ်လို့ရတယ်။ ရှင်သန်ခြင်းဖြစ်စဉ်အတွက်ဘဝမှာ ပေးထားချက်တွေရှိတယ်။နောက် မေးထားချက်တွေရှိတယ်။ မွေးဖွားလာတဲ့ ဇာတိ၊ဖြစ်တည်လာတဲ့လူမျိုး၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊တွေ့ဆုံလာခဲ့တဲ့ လူတွေ၊ဒီအခြေအနေတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ဘဝရဲ့ပေးထားချက်တွေကိုပြင်ဖို့မလွယ်ဘူး။ နောက်ဘဝမှာ မေးထားချက်တွေရှိတယ်။မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိမိကိုယ်တိုင်ရဲ့ကျန်းမာရေး၊ အလုပ်စီးပွါး၊ အချစ်ရေး၊ပေါင်းသင်းဆက်ဆံရေး။ ဒီရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲနဲ့ ရုန်းကန်မှုတွေတစ်ခုမမဟုတ်တစ်ခု လူတိုင်းမှာရှိတတ်ကြတယ်။ အဖြစ်အပျက်တွေ။ ဒါတွေက ဘဝရဲ့မေးထားချက်တွေပဲ။ ဘဝဆိုတာ ပေးထားချက်ထဲကမေးထားချက်တွေကို အဖြေရှာနိုင်မှ နောက်တစ်ဆင့်တက်သွားမှာ။ လူတစ်ယောက်နဲ့တစ်ယောက်ပေးထားချက်တွေမတူဘူး။တစ်ယောက်နဲ့တစ်ယောက်မေးထားချက်တွေမတူဘူး။ ဒါကြောင့် တစ်ချို့သူတွေရဲ့အဖြေကို တိုက်ရိုက်ကူးချလို့မရဘူး။ အရာရာ ကိုယ့်ရဲ့ပေးထားချက်တွေကိုနက်နက်နဲနဲသေချာသိရှိနားလည်နိုင်ဖို့လိုတယ်။မေးထားချက်တွေကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ ဒါတွေဖြေရှင်းဖို့ ကိုယ့်ရဲ့ အတွေးအခေါ်၊အကြံအစည်၊ အလုပ်အကိုင်တွေကို သေချာထိန်းကြောင်းဖို့ပြန်လိုပြန်တယ်။ Phyo Paing @ Dere

ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။
Read More »

စိတ်အလုပ် လုပ်ပါ။

ဒီနေ့ခေတ်က လုပ်အားတစ်ခုတည်းနဲ့ပိုက်ဆံရှာတဲ့ခေတ်မဟုတ်တော့ဘူး။စိတ်အလုပ်နဲ့ ပိုက်ဆံရှာတဲ့ခေတ်ဖြစ်လာပြီ။ ဒါကြောင့် Naval Ravikant ကလဲDon’t earn with your time. Earn with your mind. တဲ့။အချိန်နဲ့ပဲ ငွေမရှာနဲ့။စိတ်အလုပ်နဲ့ ငွေရှာပါတဲ့။ အာရုံစိုက်နိုင်ခြင်းသည် စိတ်အလုပ်ပဲ။စဉ်းစားခြင်းသည် စိတ်အလုပ်ပဲ။ စဉ်းစားခြင်းကို စဉ်းစားခြင်း (metacognition) သည်စိတ်အလုပ်ပဲ။ ဒီနေ့လို အေအိုင်ခေတ်မှာ စိတ်အလုပ် ပိုအရေးကြီးလာတယ်။ ကိုယ့်စိတ်ကိုယ် နေ့တိုင်းအချိန်ဘယ်လောက်ပေးပြီးလေ့ကျင့်ဖြစ်သလဲ။ ကိုယ့်ကိုကိုယ် ပြန်မေးရမည့်မေးခွန်းတစ်ခုလို့တော့ထင်မိပါတယ်။ ကိုယ်တွေးမိတဲ့အတွေးကို ချရေးကြည့်ပြီး ဘယ်နေရာမှာ အမှားပါသလဲပြန်ကြည့်တာကလဲ စိတ်အလုပ်ပဲ။ နေ့စဉ်လုပ်လိုက်တဲ့အလုပ်တွေကို ပြန်လည်သုံးသပ်တာကလဲ စိတ်အလုပ်ပဲ။ နောက်တရားထိုင်တာကလဲစိတ်အလုပ်ပဲ။လောကပြဿနာအဖြေရှာဖို့တကူးတကအချိန်ပေးစဉ်းစားတွေးခေါ်တာဒါကလဲ စိတ်အလုပ်ပဲ။သင်ယူလေ့လာ စာဖတ်တာကလဲစိတ်အလုပ်ပဲ။ စိတ်အလုပ် လုပ်ပါ။ Phyo Paing @ Derek

စိတ်အလုပ် လုပ်ပါ။ Read More »

အရေးမပါတာတွေကို
အရာမပေးခြင်းက
စည်းကမ်းတစ်ခုပဲ။

လူတိုင်းဟာ သူ့အကန့်အသတ်နဲ့သူ။ ဒီအကန့်အသတ်ကိုသိဖို့လိုတယ်။နောက် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုသိဖို့လိုတယ်။ပန်းတိုင်သွားတဲ့အချိန် ကြုံရနိုင်တဲ့အတားအဆီကိုသိဖို့လိုတယ်။ အကန့်အသတ်ပန်းတိုင်နဲ့အတားအဆီးကြားမှာ“မှန်ကန်တဲ့ ရွေးချယ်မှု” ကို ပြုလုပ်ကြရတယ်။ လူတိုင်းမှာ အချိန်အကန့်အသတ်ရှိတယ်။အာရုံစိုက်နိုင်စွမ်း အကန့်အသတ်ရှိတယ်။စွမ်းဆောင်ရည် အကန့်အသတ်ရှိတယ်။ထူးချွန်နိုင်တဲ့ပါရမီ အကန့်အသတ်ရှိတယ်။ လူတိုင်းဖြစ်ချင်တဲ့ပန်းတိုင်တွေရှိတယ်။ ကျန်းမာကြံ့ခိုင်၊ ချမ်းသာကြွယ်ဝ၊ ချစ်ခင်လေးစား၊ တိုးတက်ပျော်ရွင်ချင်ကြတယ်။အိမ်မက်တွေ၊ ပန်းတိုင်တွေရှိကြတယ်။ ဒါကိုသွားဖို့လမ်းမှာ အတားအဆီးတွေရှိတယ်။အခြေအနေ၊ အခါသမယ ဒီအတားအဆီးတွေကို သိဖို့လိုပြန်တယ်။ ဒီထဲကမှ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်ကြရတယ်။ ဘယ်အရာကို လုပ်မယ်။ဘယ်အချိန်မှာ လုပ်မယ်။ဘယ်အရာကို များများလုပ်မယ်။ဘယ်အရာကို နည်းနည်းလုပ်မယ်။ဘယ်အရာကို မလုပ်ဘူး။ ဒီရွေးချယ်မှုတွေက ၂၄ နာရီအတွင်းမှာပဲဖြစ်တယ်။ဒီ ၂၄ နာရီအတွင်းမှာ အိပ်ရသေးတယ်။စားရသေးတယ်။ဝေယျာဝိစ္စလုပ်ရသေးတယ်။ဒီထဲကမှ ကျန်တဲ့အချိန်ကိုအကောင်းဆုံးရွေးချယ်မှု ပြုနိုင်ဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်အတွက်အရေးမပါတာတွေကိုအရာမပေးခြင်းကစည်းကမ်းတစ်ခုပဲ။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးခြင်းက
စည်းကမ်းတစ်ခုပဲ။
Read More »

ထိုက်တန်လား။

ထိုက်တန်လား။ လူတစ်ယောက်ရဲ့အဖိုးအတန်ဆုံးကအချိန်။အချိန်ထက်အဖိုးတန်တာအာရုံ။အချိန်ရှိပြီး ကိုယ့်အာရုံကိုယ်မထိိန်းနိုင်ရင်စိတ်ကဟိုရောက်ဒီရောက်ဗရိုဗရဲဖြစ်နေမှာ။ အလုပ်တစ်ခု၊ လူတစ်ယောက်၊အကြောင်းအရာတစ်ခုကိုအချိန်ပေးဖို့၊ အာရုံစိုက်ဖို့ထိုက်တန်လားဆိုတာကိုယ့်ကိုကိုယ် အမြဲမေးကြည့်တယ်။ ဘဝကတိုတိုလေးပဲ။၈၂ နှစ်ကျော်နေရရင် ရက်ပေါင်း ၃ သောင်း။ ကိုယ့်အချိန်၊ ကိုယ့်အာရုံကိုကိုယ့်အတွက် မထိုက်တန်တဲ့လူ၊ အလုပ်၊ အကြောင်းအရာအပေါ်အာရုံထားဖို့ အချိန်အဲ့လောက်မပေါဘူးလို့ထင်တယ်။ ကိုယ့်အချိန်နဲ့အာရုံကိုကိုယ်ချစ်တဲ့ကိုယ်တန်ဖိုးထားတဲ့ကိုယ်မြတ်နိုးတဲ့လူ၊ အလုပ်၊ အကြောင်းအရာပေါ်မှာအချိန်ပိုပေးကြည့်ပါ။ဘဝကြီးကို အကြည်ဓာတ်နဲ့ပိုဖြတ်သန်းနိုင်လိမ့်မယ်။ Phyo Paing @ Derek

ထိုက်တန်လား။ Read More »