အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။
တန်ရဲ့လား။ အသက်ကြီးလာလို့လားမသိဘူးနောက်ပိုင်း တစ်ခုခုဆိုတန်ရဲ့လားစဥ်းစားမိတယ်။ တစ်ခုခုကို အာရုံစိုက်တော့မယ်။ငါအာရုံစိုက်ရမှာနဲ့ တန်ရဲ့လား။ စိတ်ကသိကအောင့်ဖြစ်တော့မယ်။ငါဒီလိုခံစားရမှာနဲ့ တန်ရဲ့လား။ တစ်ခုခုကို ခေါင်းစားရတော့မယ်။ငါ ခေါင်းစားဖို့တန်ရဲ့လား။ အလုပ်အသစ်အခွင့်အလမ်းတွေလာပြောတယ်။ငါပေးရမည့် ငွေ၊ အချိန်၊ အာရုံနဲ့ပြန်ရမှာနဲ့ တန်ရဲ့လား။ ဒီတန်ရဲ့လားနဲ့ တွက်ချက်တတ်လာတော့ဘဝက ပိုပြီး အေးဆေးလာတယ်။ အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။ Phyo Paing @ Derek
