Dr. Phyo Paing

https://yec.company

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။

လူတွေကြားထဲဘယ်လိုပြုမူနေထိုင်ပြောဆိုရမယ်ဆိုတဲ့လူမှုဆက်ဆံရေးက ငယ်ကတည်းကသေချာမသင်ပေးခဲ့ရင်အသက်ကြီးတဲ့အခါလူတွေကြားထဲ လူတောမတိုးဖြစ်တတ်တယ်။ တချို့သူတွေကလူတွေကြားထဲ လူတောတိုးဖို့စိုးရိမ်စိတ်နဲ့ရှင်သန်တတ်တာမျိုးတွေ့ဖူးကြလိမ့်မယ်။ လူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့တော်တော်ကြိုးစားလဲအဆင်မပြေနိုင်တာမျိုးရုန်းကန်မှုတွေကို တွေ့ရနိုင်တယ်။ ကလေးဘဝရဲ့ဖြတ်သန်းမှုကလူတွေရဲ့ဘဝမှာ အရေးကြီးတဲ့အစိတ်အပိုင်းထဲပါဝင်တယ်။ ဘာသာစကားသေချာသင်ပေးခဲ့တာ၊ပေါင်းသင်းဆက်ဆံရေးသေချာသင်ပေးတာ၊လူမှုအဖွဲ့အစည်းအပေါ်မှန်ကန်တဲ့အမြင်ရှိဖို့သင်ပေးနိုင်တာ၊ဒါတွေက အရေးကြီးတဲ့အရာတွေပဲ။ တကယ်က ငယ်ငယ်ကသေချာပြုစုပျိုးထောင်မှုမရှိခဲ့ရင်ကိုယ့်ကိုကိုယ် အသိစိတ် self-awareness ရှိရင်လဲပြန်လည်ပြုပြင်ဖို့ အားထုတ်လို့ရတယ်။ အရေးကြီးတာ ပြင်ချင်ဖို့လိုတယ်။ Phyo Paing @ Derek

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။
Read More »

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။

ကိုယ့်ကိုကိုယ်အလွန်အကျွံအပြစ်မတင်ပါနဲ့။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာလူတချို့က ကိုယ့်ကိုကိုယ်လိုတာထက် အပြစ်တင်တာနဲ့ကြီးပြင်းလာတတ်ကြတယ်။​ အသက်ကြီးတဲ့ထိ ဒီစိတ်ခံစားမှုကြီးကမပျောက်သွားတာမျိုးဖြစ်တတ်တယ်။ အထူးသဖြင့် မိသားစုမှာideal အကောင်းဆုံးအခြေအနေနဲ့သွေဖယ်သွားတိုင်း၊လုပ်သင့်တာကို မလုပ်ခဲ့လိုက်ရတိုင်း၊မလုပ်သင့်တာကို လုပ်ခဲ့မိလိုက်တိုင်းနောင်တရ၊ အပြစ်တင်တတ်တဲ့မိသားစုက ကြီးလာတဲ့အခါguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကအော်တို ဘဝမှာရှိနေတာမျိုးဖြစ်တတ်တယ်။​ ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အပြုအမူကိုလုပ်မိတဲ့အခါတိုင်း၊ကိုယ်မပြောသင့်တဲ့စကားကိုပြောမိတဲ့အခါဖြစ်တတ်တယ်။ တခါတလေ ကြီးကြီးကျယ်ကျယ်မဟုတ်သေးသေးမွှားမွှားလေးတောင်မှကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့စိတ်ကဗိုင်းရစ်လိုစွဲကပ်နေတာမျိုးလဲဖြစ်တတ်တယ်။​ ဟင်းဝယ်တယ် လိုတာထက်များသွားတယ်။ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ကိုယ်ဝယ်လိုက်တဲ့အရာကပုံမှန်ထက်စျေးများနေတယ်ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ ပိုဆိုးစေတာက နင်ဒီဘဝဒီလိုဒုက္ခကြုံတယ်ဆိုတာအရင်ဘဝက ဘာတွေလုပ်ထားမှန်းမှမသိတာဒီလို ဘဝအဓိပ္ပာယ်ဖွင့်ဆိုမှုတွေကလဲguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကိုတိုးပွားစေတယ်။​ ငါတလွဲလုပ်လိုက်မိတယ်။ပြင်တော့ပြင်ရမယ်။ဒါက guilt.ငါကတော့ အမြဲတလွဲလုပ်တဲ့ကောင်းပဲဒါက self-blame. လူတွေသတ်မှတ်ထားတဲ့စံနှုန်းထဲဝင်ဆန့်ဖို့အမြဲကိုယ့်ကိုကိုယ် မှားတယ်ထင်ပြီးguilt ဖြစ်တာဖြစ်ဖြစ်၊self-blame လုပ်တာဖြစ်ဖြစ်ဒါတွေက အလွန်အကျွံလုပ်ရင်မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ပြောပါ။​“ငါ့ logic နဲ့ ငါအဲ့အချိန်ကအသိဥာဏ်နဲ့၊ ခံစားချက်နဲ့၊အခြေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တာပဲ။” ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ဘဝကို နေပျော်ချင်ရင်“အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ပါ။” Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ Read More »

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။

လူတွေကြားထဲအထီးကျန်နေတာမျိုး၊အချိန်ရှိပြီး ဘာလုပ်ရမှန်းမသိတာမျိုး၊ဘဝမှာ ရည်ရွယ်ချက်မရှိဘာကြောင့်ရှင်သန်နေလဲ အဖြေမရှိတာမျိုး၊သေမထူး၊ နေမထူး နေ့စဥ်ဘဝက ဒီလိုပါပဲနဲ့ဖြတ်သန်းနေရတာမျိုး။ကိုယ့်ဘဝကိုယ်စဥ်းစားပြီးဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကိုထုတ်ပြောဖို့ လူမရှိတဲ့ခံစားချက်မျိုး။ ဒါမျိုး ကိုယ်နဲ့ ကိုယ်ကော်နက်ရှင်မမိတာမျိုး လူတော်တော်များများဘဝမှာတစ်ခါမဟုတ် တစ်ခါကြုံဖူးကြလိမ့်မယ်။ အသက်ရှင်ပြီး အသက်မဝင်နေတာမျိုးပေါ့။ ဒီပြဿနာကိုဖြေရှင်းဖို့ spirituality ဆိုတာဖြစ်လာတယ်။ဘဝကို အဓိပ္ပာယ်တစ်ခုပေးဖို့ပေါ့။ ဒီအဓိပ္ပာယ်ပေးတဲ့အခါ ယုတ္တိကျတဲ့ logic လိုတယ်။ဒီတော့ philosophy နောက်ကလိုက်လာတယ်။ spirituality ဆိုတာ အလေ့အကျင့်။philosophy ကတော့ အတွေးအခေါ်။ အချစ်ဆိုတာ spirituality experience တစ်ခုပဲ။အလုပ်ဆိုတာလဲ စိတ်ထားတတ်ရင်spiritual experience တစ်ခုဖြစ်နိုင်တယ်။ဘာသာတရား religion ကနေလဲ spirituality experience ရကြတယ်။ Religion ဘာသာတရားအများစုမှာဒီ spirituality နဲ့ philosophy ပေါင်းထားတယ်။ ဥပမာ ဗုဒ္ဓဘာသာဆိုပါတော့။ ဘဝဆိုတာဒုက္ခ။ဒုက္ခဆိုတာလိုချင်တပ်မက်မှုတဏှာကလာတယ်။ချုပ်ငြိမ်းတဲ့နေရာရှိတယ်။နိဗ္ဗာန်လို့ခေါ်တယ်။ ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။မှန်ကန်တဲ့အမြင်၊ အတွေးရည်ရွယ်ချက်၊

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။
Read More »

ဘဝတစ်ခုလုံးကို
အပြောင်းအလဲဖြစ်စေနိုင်တယ်။

ဦးနှောက်ထဲနက်နက်ရှိုင်းရှိုင်းဝင်သွားတဲ့အတွေးအခေါ်ကောင်းတစ်ခုကဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

ဘဝတစ်ခုလုံးကို
အပြောင်းအလဲဖြစ်စေနိုင်တယ်။
Read More »

ပျော်ရွင်မှုရဲ့ ၅၀% က
မွေးရာပါတဲ့။

ပျော်ရွင်မှုရဲ့ ၅၀% က မွေးရာပါတဲ့။ စိတ်ညစ်တတ်တဲ့သူက စိတ်ညစ်တာပဲ။ပျော်တတ်တဲ့သူက ပျော်တာပဲ။ အဆွေးဓာတ်ခံကလဲဆွေးနေတတ်တာပဲ။ ပျော်ရွင်မှုရဲ့ ၄၀% က တကူးအကလုပ်တဲ့အလုပ်တွေကြောင့်တဲ့။ ကျေးဇူးတင်တတ်တဲ့စိတ်ထားတာ၊Reframing လို့ခေါ်တဲ့အဓိပ္ပာယ်ပြောင်းစဥ်းစားတာ၊ကိုယ်တန်ဖိုးထားတဲ့အလုပ်တွေလုပ်တာ၊ဘာသာတရားနဲ့ spiritual လေ့ကျင့်တာ၊ သူငယ်ချင်း၊ သမီးရည်းစားရေရှည်ဆက်ဆံရေး relationships တည်ဆောက်တာ။ ကျန်တဲ့ ၁၀% ကတော့ပြင်ပ အခြေအနေကြောင့်တဲ့။ ငွေ၊ ဂုဏ်ရှိန်၊ ကျန်းမာရေး၊ လူမှုအဆင့်အတန်း၊ အိမ်ထောင်ရေး။ ဒါက Sonja Lyubomirsky’s Happiness Pie (2005) ကနေပြီးBrickman & Campbell’s Set Point Theory ပေါ်အခြေခံပျော်ရွင်ခြင်းအကြောင်း သုတေသနလုပ်ထားတာ။ ဒါကြောင့် ထီပေါက်လို့ပျော်ပြီးရင်ပုံမှန်အခြေအနေပြန်ရောက်တာမျိုး၊ရည်စားစထားတဲ့အခါ အရမ်းပျော်ပြီးအချိန်ကြာလာတော့ပုံမှန်ပျော်ရွင်မှုအခြေအနေပြန်ရောက်တာမျိုး။ဒါမျိုးက happiness set point ကြောင့်။ ၅၀% က ရွေးချယ်လို့မရဘူး။ ၁၀% က

ပျော်ရွင်မှုရဲ့ ၅၀% က
မွေးရာပါတဲ့။
Read More »

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။

တစ်သက်လုံးအတွက်ဒီနေ့ကအသက်အငယ်ဆုံးပဲ။ နောက်နှစ်ငါးဆယ်ဆိုအခုကိုယ့်ဘေးကလူအများစုလဲရှိကြတော့မှာ မဟုတ်ဘူး။​ လူသားအတွေ့အကြုံကိုကြုံတုန်းဆုံတုန်းခဏလာတွေ့ကြတာ။ အသက်ရှင်တုန်းမှာအသက်ဝင်နေဖို့လိုတယ်။​ အာရုံခြောက်ပါး အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်။အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး။ဒါတွေကို သိနေဖို့လိုတယ်။ တစ်ခဏအရာကို ထာဝရလို့မခံစားပဲ၊လူသားအတွေ့အကြုံကိုသိမြင်ခံစားနိုင်ဖို့လိုတယ်။ လူတွေရဲ့ ရာခိုင်နှုန်းတစ်ခုကအသက်လာရှင်ပြီးတခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊​လောင်လိုက်နဲ့အသက်ဝင်ဖို့ မေ့သွားကြတယ်တဲ့။ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေထဲကအသက်ရှင်ပြီး အသက်ဝင်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကားတစ်စီးရွေ့လျားတဲ့အခါalignment အလိုင်းမန့်ညီဖို့လိုတယ်။အသိ၊ အတွေး၊ အကြံအစီ၊ အလုပ်တစ်သားတည်းကျအောင်ချိန်ငြိဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။
Read More »

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။

အတော်ဆုံးသူတိုင်းကသူ့နယ်ပယ်မှာ ထိပ်ဆုံးဖြစ်တာမဟုတ်ဘူး။လိမ္မာပါးနပ်တဲ့သူအများစုကပဲသူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။ လိမ္မာပါးနပ်တယ်ဆိုတာကိုယ့်အားသာချက်ကိုယ်သိတယ်။ကိုယ့်ရဲ့အကန့်အသတ်ကိုယ်သိတယ်။ကိုယ်လိုချင်တာကိုယ်သိတယ်။ကိုယ့်ပလန်နဲ့ ကိုယ်။ကိုယ်ရွေ့မဲ့အကွက်ကို စနစ်တကျချတယ်။ရေရှည်စဉ်းစားတယ်။စိတ်ရှည်ရှည်ထားတယ်။အချိန်ကောင်းရောက်ရင်အကွက်ရွေ့တာမြန်တယ်။ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ရှိတယ်။ Phyo Paing @ Derek

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။
Read More »

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။

တခြားသူတွေရဲ့ အောင်မြင်မှုတွေနဲ့ကိုယ်နဲ့ နှိုင်းယှဥ်ပြီးဘူမနေနဲ့။ ကိုယ့်ရည်မှန်းချက်ကိုပဲမမှိတ်မသုန်အာရုံစိုက်။ သွားချင်တဲ့ပန်းတိုင်မတူဘူး။နေချင်တဲ့ဘဝမတူဘူး။တည်ဆောက်ချင်တဲ့ အိမ်မက်တွေမတူဘူး။ Phyo Paing @ Derek

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။
Read More »

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။

ဆုံးဖြတ်ချက်တွေမှန်ဖို့၊စစ်မှန်တဲ့ relationship တည်ဆောက်ဖို့၊လောကဓံကြံ့ကြံ့ခံဖို့၊မိမိကိုယ်ကို တိုးတက်ဖို့ဒီတစ်ချက်လိုတယ်။ ဒါကို self-awarenessမိမိကိုယ်ကို သိရှိခြင်းလို့ခေါ်တယ်။ Self-awareness ဆိုတာကိုယ့်ရဲ့အတွေး၊ ခံစားချက်၊အပြုအမူကိုသိတာ။ဒါကို private self-awareness လို့ခေါ်ပြီးကိုယ့်အပြုအမူ၊ စကားပြောဆိုမှုလေယူလေသိမ်းကတခြားသူတွေဘယ်လိုထင်မြင်လဲသတိပြုမိတာ၊ကိုယ့်ရဲ့လူမှုနေထိုင်မှု ငါဘယ်သူလဲ၊ကိုယ့်ရဲ့သိစေချင်တဲံပုံစံကိုစီမံခန့်ခွဲတာကို public self-awareness လို့ခေါ်တယ်။ ဒီ self-awareness ရှိအောင်နေ့စဥ် ဘာတွေဖြစ်သွားတယ်။​ဘယ်တွေတွေးမိ၊ ခံစား၊ လုပ်ဆောင်မိတယ်ဒါကို journaling ပြန်ရေးလို့ရတယ်။ ကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်ထုတ်ဆန်းစစ်လို့ရတယ်။​ငါဘာတွေကို ယုံကြည်သလဲ၊ဘယ်လိုဆုံးဖြတ်လေ့ရှိသလဲ၊ဘာတွေကို တန်ဖိုးထားသလဲအစရှိသည်။​ တရားထိုင်ပြီး ကိုယ့်ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ တုန့်ပြန်မှုတွေ၊ဇောတွေကို နက်နဲစွာထိုးထွင်းသိမြင်နိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ coach နည်းပြ၊ဒါမှမဟုတ် သူငယ်ချင်း၊ချစ်သူရည်းစားလင်မယား ယုံကြည်ရရင်သူ့တို့ရဲ့ feedback ပြန်တောင်းလို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးစစ်တဲ့ နည်းလမ်းတွေနဲ့ကိုယ့်ရဲ့ကိုယ်ရည်ကိုသွေးကိုရှာဖွေပြီးကိုယ်စဥ်းစား၊ ခံစား၊ တုန့်ပြန်တဲ့ပုံစံ၊အားသာချက်၊ အားမသာချက်တွေကိုသိအောင်လုပ်ဆောင်နိုင်တယ်။ ကိုယ့်ကိုကိုယ်ပြောထားတဲ့ video တွေ၊ကိုယ့်ရဲ့ social media post တွေ၊ဒါတွေကို ပြန်လည်ဆန်းစစ်ပြီးစကားပြောတဲ့ပုံစံ၊လေသံ၊ အပြောင်းအလဲတွေကိုပြန်လည်ဆန်းစစ်လို့ရတယ်။​

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။
Read More »

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။

ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးမှု ကောင်းကောင်းလုပ်နိုင်ခြင်းကပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Read More »