Dr. Phyo Paing

https://yec.company

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။

ဘဝမှာ ပေးမှရ၊ကျွေးမှစား၊ထားရာနေ၊သူ့စိတ်နဲ့ ကိုယ်မဖြစ်ချင်ရင်ကယ်တင်ရှင် မရှာနဲ့။ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ Phyo Paing @ Derek

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။ Read More »

မလုပ်ပဲမနေနိုင်တဲ့အရာက
တွေးတာ။

မလုပ်ပဲမနေနိုင်တဲ့အရာကတွေးတာ။ပျော်တာကလဲတွေးတာကလာတယ်။စိတ်ညစ်တာကလဲတွေးတာကလာတယ်။ ကိုယ့်အတွေးကိုကိုယ်သလိုပြင်နိုင်တာစူပါပါဝါတစ်ခုပဲ။ Phyo Paing @ Derek

မလုပ်ပဲမနေနိုင်တဲ့အရာက
တွေးတာ။
Read More »

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ လမ်းမရှာတဲ့သူကလမ်းပျောက်လို့ပျောက်မှန်းသိချင်မှသိမယ်။​ Phyo Paing @ Derek

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ Read More »

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။

ဖလော်ဆော်ဖာလိုတွေး၊အင်ဂျင်နီယာလိုပြဿနာအဖြေရှာ၊အနုပညာရှင်တစ်ယောက်လို ဖန်တီး။ ဖလော်ဆော်ဖာက ဘာကြောင့်လဲဇစ်မြစ်ကို ဆန်းစစ်တယ်။အင်ဂျင်နီယာက ပြဿနာအတိမ်အနက်ကိုပေးထားချက်အကန့်အသတ်တွေကြားစနစ်ကိုဖန်တီးဖြေရှင်းတယ်။အနုပညာရှင် artist က ခံစားမှုတွေကောင်းဖို့နည်းလမ်းရှာတင်ဆက်တယ်။ ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။
Read More »

အတွေးအခေါ်မတူရင် (Philosophy)

ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek

အတွေးအခေါ်မတူရင် (Philosophy) Read More »

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။

ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။ အောင်မြင်တဲ့သူတွေကပိုအောင်မြင်တယ်။ တော်တဲ့သူတွေက ပိုတော်လာတယ်။ ဘာကြောင့်လဲ။ သညာလို့ခေါ်တဲ့ perception နဲ့ဆိုင်မယ်။ သညာက “အာရုံ”ကို “သိမြင်”၊ “ခွဲခြား”၊ “မှတ်သား”ပေးတယ်။ အဖြူ၊ အနီ၊ အပြာ၊ အဝါကိုသိသလိုချို၊ ချဥ်၊ ငံ၊ စပ်၊ ခါးကိုလဲသိတယ်။ သညာစေတသိတ်ကကောင်းတဲ့ ကုသိုလ်စေတသိတ်လဲမဟုတ်ဘူး၊မကောင်းတဲ့ အကုသိုလ်စေတသိတ်လဲမဟုတ်ဘူး။စိတ်တိုင်းတွင် မပါမနေ ပါဝင်တယ်။စိတ်အလုပ်လုပ်တိုင်း သညာပါတယ်။ အခု ဒီစာကို ဖတ်ပြီးနားလည်တာကလဲသညာစေတသိတ်က အလုပ်လုပ်နေတာ။ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပာယ်ဖွင့်ပုံ တူချင်မှတော့တူလိမ့်မယ်။ သူက အညာစေတသိက် ၁၃ ပါးထဲကအညာဏသာဓာရဏ ၇ ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ဒီ သညာ Perception အထင်အမြင်ကအဓိပ္ပာယ်ဖွင့်တာလွဲသွားရင်ဘဝကလဲ လွဲသွားတတ်တယ်။ လောကုတ္တရာအဓိပ္ပာယ်ဖွင့်တာလွဲရင်လောကုတ္တရာချမ်းသာရဖို့မဖြစ်နိုင်သလိုလောကီရေးရာ အဓိပ္ပာယ်ဖွင့်တာလွဲရင်လောကီရေးရာချမ်းသာရဖို့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ သညာရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကပထမအဆင့် – အာရုံကို ခံယူခြင်း

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။
Read More »

ကျွန်တော့်အတွက်
Motivation လို့ခေါ်တဲ့
စိတ်ခွန်အားမလိုဘူး။

Inspiration လို့ခေါ်တဲ့စိတ်လှုပ်နှိုးမှုလိုတယ်။ စိတ်လှုပ်နှိုးမှုက စိတ်ဝင်စားစရာ အိုင်ဒီယာသစ်၊နေရာသစ်၊ လူသစ်၊ နည်းပညာသစ်၊ ဖြစ်နိုင်ခြေအသစ်တွေနဲ့ ဓာတ်ပြုရင်ဖြစ်တယ်။ John C. Maxwell ကတော့စိတ်လှုပ်နှိုးမှုရှိမှ အလုပ်လုပ်တာကို Inspiration Trap တဲ့။ ဒါကိုကျော်လွှားဖို့ ဥပဒေသတစ်ခုလုပ်ထားတယ်။Rituals are the Right Way, Flow Finds Its Way.နေ့စဥ်ထုံးတမ်းစဥ်လာ လုပ်စရာရှိတာလုပ်။စျာန်ဝင်ပြီး အလုပ်ပြီးမှာ တကယ်အဟုတ်။ အယ်လဲ့။ အဲ့လိုနေ့စဥ်လုပ်စရာတွေလုပ်တယ်။ အသစ်ဖြစ်နိုင်ခြေတွေအတွက်စိတ်လှုပ်နှိုးမှုရှာတယ်။ ဒီစိတ်လှုပ်နှိုးမှုက ကိုယ့်စိတ်ကိုယ်ကိုလေ့လာရာကလဲဖြစ်တယ်။ ကိုယ့်အတွေးတွေ ဖြစ်လိုက်၊ ပျက်လိုက်။လာလိုက်၊ ပျောက်သွားလိုက်။ ဒါကို အကောင်းအဆုံး မဝေဖန်judge မလုပ်ပဲ သေချာရှုနိုင်ရင်လဲစိတ်လှုပ်နှိုးမှုအသစ်တွေဖြစ်နိုင်တယ်။ ဘဝက တိုမလိုနဲ့ရှည်ပြီးရှည်မလိုနဲ့ တိုတယ်။အရေးကြီးတာ အသက်ရှင်တုန်း အသက်ဝင်နေဖို့လိုတယ်။ စိတ်လှုပ်နှိုးမှု mentally stimulated ဖြစ်နေဖို့လိုတယ်။ Phyo Paing

ကျွန်တော့်အတွက်
Motivation လို့ခေါ်တဲ့
စိတ်ခွန်အားမလိုဘူး။
Read More »

ပြန်စဥ်းစားလိုက်ရင်

အတိတ်ရဲ့မှတ်ဥာဏ်တွေကမျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာကလေးငယ်ဘဝ၊အဖြူအစိမ်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ၊အလုပ်ခွင်ဝင်၊ကြေကွဲခံစား၊ ပျော်ပါးအရာရာက အိမ်မက်တစ်ခုလိုပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကိုရှင်သန်မှုလို့ခေါ်တယ်။လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိဒီကိလေသာ ၄၄ ပါးနဲ့လောလောပြီး ကနေရတော့လောကီလို့ခေါ်တယ်။ ဒါရဲ့အလွန်ကိုသွားနိုင်တာကိုလောကုတ္တရာလို့ခေါ်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀၈၂ နှစ်နဲ့ ၄၄ ရက်မှာ“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။” ဓမ္မပဒ ထဲမှာ ဗုဒ္ဓက “အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”“မမေ့လျော့သောသူသည် မသေတရားကို ရောက်၏၊ မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”ဟောကြားခဲ့တယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။သတိဆိုတာ သောဘဏစေတသိတ်တစ်ပါးဖြစ်ပြီးအာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်းသဘာဝကိုလုပ်ဆောင်ပေးတယ်။ ဒီလိုသတိရှိရှိနေထိုင်တာကို Mindfulness လို့ခေါ်ပြီး ပါဠိလို့သတိပဋ္ဌာန (Satipaṭṭhāna) လို့ခေါ်တယ်။အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို သတိထားပြီး

ပြန်စဥ်းစားလိုက်ရင် Read More »

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။

ဥာဏ်ရှိနဲ့သူတွေကို စီမံဖို့ကိုယ်ကလဲ ဥာဏ်ရှိဖို့လိုတယ်။ဥာဏ်ရှိတဲ့ ထုတ်ကုန်တွေစီမံဖို့လဲကိုယ်က ဥာဏ်ရှိဖို့လိုတယ်။ ဥာဏ်ဆိုတာ နားလည်သိမြင်ပြီးပြဿနာကို အဖြေရှာနိုင်စွမ်း။ Phyo Paing @ Derek

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။
Read More »

ဒီ ၂၀၂၅ က Agentic AI ခေတ်။

ဒီနေ့ခေတ် အေအိုင်ရဲ့အပြောင်းအလဲကတစ်ပတ်နဲ့တစ်ပတ်တောင်မတူဘူးလို့ပြောရမယ်။ ဘယ်နေရာမှာနေနေ၊ဘာအလုပ် လုပ်နေနေ၊ဒီနည်းပညာရဲ့တိုးတက်ပြောင်းလဲမှုကို မျက်ခြေမပျက်လေ့လာနေမှနောက်ကျမကျန်ခဲ့မှာ။ ဒီ ၂၀၂၅ က Agentic AI ခေတ်။ ဒီအကြောင်းကို ဒီနေ့ YouTube မှာ ဗီဒီယိုတင်ပေးထားပါတယ်။ Phyo Paing @ Derek

ဒီ ၂၀၂၅ က Agentic AI ခေတ်။ Read More »