Dr. Phyo Paing

https://yec.company

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။

ကိုယ့်ကိုကိုယ် လိုတာထက်ပိုချစ်ဖို့လိုတတ်တယ်။သံသရာထဲမှာ တစ်ယောက်တည်းဖြတ်သန်းရမှာ။ခုတွေ့တဲ့ ချစ်သူ၊ ရည်းစား၊ လင်မယား၊အသိုင်းအဝိုင်း၊ ဆွေမျိုး၊ မိဘအကုန်လုံးကရထားတစ်တက်မှာ တွေ့တဲ့သူကြီးပဲလို့ဆိုကြတယ်။ လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။ရုပ်၊ နမ်က ထာဝရမဟုတ်ဘူး။ကိုယ်ကကိုယ်။အဲ့အသိ။ဒါကအမြဲရှိနေမှာ။ Phyo Paing @ Derek

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။
Read More »

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။

နောက်ငါးနှစ်လောက်နေရင်ကိုယ်စဉ်းစားနိုင်သလောက်ကိုယ့်ရဲ့အကောင်းဆုံးပုံစံဘယ်လိုဖြစ်နေမလဲ။ဒီအချက်က ရင်ခုန်စရာကောင်းတယ်။သံသရာတစ်ကွေ့ ဒီတစ်နေ့ကသေချာသုံးရင် အတက်လှေကားထစ်ပဲ။ Phyo Paing @ Derek

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။
Read More »

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။

အသက် ၂၀ နှောင်းပိုင်းနဲ့အသက် ၃၀ ကျော်ရင်အိုမင်းခြင်းဆိုတာ စပြီ။ ဘယ်လိုသိသာလဲဆိုငယ်ငယ်က ကြိုက်သလောက်စား၊ကြိုက်သလောက်သောက်မဝတတ်တဲ့သူက ဝလာတတ်ပြီ။ပိန်ရင်တောင်မှ ရုပ်ရင့်လာတဲ့လက္ခဏာတွေ စဖြစ်လာပြီ။ သေချာ မထိန်းသိမ်းရင်အင်ဂျင်ကျတာ ပိုပိုမြန်လာမယ်။ မွေးကတည်းကဆဲလ်တွေ ပွားလိုက်၊ ကြီးလိုက်၊ပျက်ရင် အားကောင်းမောင်းတန်ပြုပြင်လိုက်နဲ့။အင်ဂျင်အသစ်ဆိုတော့ဒဏ်ခံနိုင်တယ်။ပြုပြင်နိုင်စွမ်းသိပ်ကောင်းတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားကတော့စွမ်းအင်အမြင့်ဆုံး။ခန္ဓာကိုယ်ရဲ့ ပျက်ရင်ပြင်တဲ့ယန္တရားလည်ပတ်မှုအကောင်းဆုံး။ကော်လဂျင်ထုတ်လုပ်မှုအကောင်းဆုံးအချိန်။နုပျိုမှု၊ စွမ်းအင်အမြင့်ဆုံး။ မသိသာပေမယ့် လောကဓာတ်ကြောင့်ဆဲလ်တွေဒဏ်ခံရတာဒီအန်အေပျက်စီးတာ မသိမသာစခံရပြီ။ ၃၀ နဲ့ ၅၀ ကြားမှာ ဆဲလ်ပွားတာနည်းလာပြီ။ပျက်ရင်ပြင်တာ အရင်ထက်စာရင်ထိရောက်မှု နည်းလာပြီ။ဒဏ်တွေဖြစ်တဲ့ အရက်၊ နေရောင်၊ ဆေးလိပ်၊ပြင်ပဒဏ်တွေရဲ့ရိုက်ခတ်မှုကြောင့်ဆဲလ်ထဲက မိုက်ခရိုဟွန်းဒီယားတွေကRONs လို့ခေါ်တဲ့RONS (Reactive Oxygen and Nitrogen Species) ကိုများများစားစားပိုထုတ်ပြီးဒီအန်အေ၊ ပရိုတင်း၊ လစ်ပစ်ကိုဒဏ်တွေ စပေးပြီ။အသားအရည်လျော့ရွဲလာတာ၊အရိုးအဆစ်ပျော့ပြောင်းမှုနည်းလာတာမျိုးစဖြစ်တတ်ပြီ။ အသက် ၅၀ ကျော်လေအင်ဂျင်ကျလေ။ပျက်စီးသွားတဲ့ဆဲလ်တွေကထပ်မပွားနိုင်တော့ဘူး။ထပ်မပြင်နိုင်တော့ဘူး။အဆုတ်၊ နှလုံး၊ ကျောက်ကပ်အင်ဂျင်တွေ သိသိသာသာကျလာပြီ။

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။
Read More »

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

လူအများစုကနေ့စဥ်လုပ်နေကျ၊ သွားနေကျ၊ဝေယျာဝိစ္စတွေနဲ့အသက်ရှင်နေပေမယ့်အသက်မဝင်နေဘူး။ အသက်ရှင်ပြီးအသက်ဝင်တဲ့အချိန်တချို့ရှိတတ်ကြတယ်။ အရမ်းလိုချင်တဲ့ ပစ္စည်းလေးရလိုက်တဲ့အချိန်။အချစ်နဲ့ တွေ့တဲ့အချိန်။လုပ်ငန်းအသစ်စတဲ့အချိန်။မထင်မှတ်ထားတဲ့ ဒုက္ခကြီးကြီးကြုံတဲ့အချိန်။လောကမှာ အရင်မမြင်နဲ့အရာကိုနားလည်သဘောပေါက်သွားတဲ့အချိန်။ကိုယ့်ကိုကိုယ် ပိုပိုနားလည်သဘောပေါက်လာတဲ့အချိန်။ ဒီအချိန်တွေဟာအသက်ရှင်ပြီး အသက်ဝင်စေတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်အသက်ရှင်ပြီး အသက်ဝင်နေသူတွေရှိတယ်။ ကိုယ်အခု အသက်မငင်ရပဲအသက်ကို ဝဝလင်လင် ရှူနေရတာဒါဆန်းကြယ်မှုတစ်ခုပဲ။မျက်စိတွေမြင်နေရတာဒါကောင်းချီးတစ်ခုပဲ။နာတာရှည်ရောဂါတွေနဲ့မဖြစ်ဘဝကို ကျန်းမာနေတာဒါကျေးဇူးတင်စရာတစ်ခုပဲ။ အသက်ရှင်ပြီး အသက်ဝင်ဖို့ဖြတ်လမ်းတစ်ခုကတော့ကျေးဇူးတင်စိတ်နဲ့ ဘဝကိုအသက်ရှင်တာပဲ။ စေတသိတ် ၅၂ ပါးမှာသောဘဏသာဓာရဏစေတသိတ်ရဲ့သဒ္ဓါ (ယုံကြည်မှု)နှင့်အဒေါသ (မပြင်းထန်မှု) စေတသိတ်နှစ်ခုပေါင်းစည်းမှုလို့ပြောလို့ရတယ်။ ကျေးဇူးတင်စိတ် gratitude ကစိတ်ကို ကြည်လင်စေတယ်။ကောင်းမွန်သော အကျိုးရလဒ်ကို ဖြစ်ပေါ်စေတယ်။မွန်မြတ်သော စိတ်နေစိတ်ထားကို ဖော်ပြတယ်။ သိပ္ပံပညာအရလဲ ကျေးဇူးတင်စိတ်ကဦးနှောက်မှာ ဒိုပါမင်းနဲ့ ဆီလိုတိုနင်ထုတ်လောက်မှုကိုနှိုးဆွပေးတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ကို ကြည်လင်းနှိုးကြားစေတယ်။အသက်ရှင်ပြီး အသက်ဝင်စေတယ်။ ဒါကြောင့် ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Read More »

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။

သံသရာက မထွက်နိုင်သေးလို့လူဆိုတာဖြစ်နေတာ။ဒါကြောင့် လူတွေကိုအလုံးစုံယုံကြည်လို့မရဘူး။ လူ ဆိုတဲ့ ပုထုဇဉ်ဆိုတာ“ပုထု” (များပြား) +“ဇန” (ဖြစ်စေသော) ဆိုတဲ့စကားလုံးနှစ်လုံး ပေါင်းထားတာ ဖြစ်ပါတယ်။“များပြားသော ကိလေသာတို့ကို ဖြစ်ပွားစေသူ” လို့အဓိပ္ပါယ်ရပါတယ်။ ၁.၁။ လောဘ – တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၁.၂။ ဒေါသ – အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၁.၃။ မောဟ – အသိဉာဏ်ကင်းမဲ့ခြင်း၊ တွေဝေခြင်း၁.၄။ မာန – မာနထောင်လွှားခြင်း၊ မာနကြီးခြင်း၁.၅။ ဒိဋ္ဌိ – မှားယွင်းသော အယူအဆများ၁.၆။ ဝိစိကိစ္ဆာ – ယုံမှားသံသယဖြစ်ခြင်း၁.၇။ ထိနမိဒ္ဓ – ထိုင်းမှိုင်းထိုင်းကျိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၁.၈။ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်ခြင်း၁.၉။ အဟိရိက – မကောင်းမှုပြုရန် မရှက်ခြင်း၁.၁၀။ အနောတ္တပ္ပ – မကောင်းမှုပြုရန် မကြောက်ခြင်း ဒီကိလေသာတွေ

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။
Read More »

အတွေး၊ အကြံ၊ အလုပ်က
လွတ်မြောက်မှုကိုရောက်စေတယ်။

လူတွေကို ဆန္ဒတွေက ချုပ်နှောင်ထားပြီး၊အတွေး၊ အကြံ၊ အလုပ်ကလွတ်မြောက်မှုကိုရောက်စေတယ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်က
လွတ်မြောက်မှုကိုရောက်စေတယ်။
Read More »

Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။

Mindset စိတ်ဓာတ်တစ်ခုတည်းနဲ့ မပြီးသွားဘူး။ စိတ်ဓာတ်ခိုင်မာပြီးဝိတ်ချ ဝိတ်မကျတဲ့သူဝိတ်တင် ဝိတ်မတက်သူအများကြီး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေချင်တဲ့စာမေးပွဲအောင်ဖို့အမှတ်ကောင်းဖို့မလွယ်ဘူး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ မားကတ်တင်း၊ စီးပွားရေးရည်မှန်းချက်မရောက်သွားဘူး။ စိတ်ဓာတ်တစ်ခုရည်ရွယ်ချက်တစ်ခုရှိရုံနဲ့ အချစ်ရေးအဆင်ပြေမသွားဘူး။ စိတ်ဓာတ်တစ်ခုတည်းရှိရုံနဲ့ဘဝတိုက်ပွဲအောင်ဖို့မလွယ်ဘူး။ Mindset အပြင် ကိုးကွယ်တဲ့အရာတစ်ခုဘဝမှာထားထားတယ်။ဒါကတော့ Mechanics. Mindset is everything ဆိုတာတစ်ဝက်ပဲမှန်တယ်။ Mechanics (နည်းစနစ်)လဲလိုတယ်။ လူတွေက စိတ်ဓာတ် Mindset မကောင်းလို့လိုချင်တာ မရတာထက်နည်းစနစ် Mechanics မရှိလို့လိုချင်တာ မရတာများတယ်လို့တဖြည်းဖြည်း သိလာတယ်။ ဒါကြောင့်လဲ ဘဝမှာ တစ်ခုခု ရချင်ရင် Mechanics နည်းစနစ်ကိုလေ့လာဖို့ကို အချိန်ပေးလေ့လာဖြစ်လာတယ်။ Phyo Paing @ Derek

Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။
Read More »

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်

တစ်နှစ်ကုန်တိုင်း လွမ်းသလိုလိုဘာလိုလိုဖြစ်တယ်။နောက်ဘယ်တော့မှပြန်မရောက်နိုင်တော့လို့။ဘာပဲဖြစ်ဖြစ် သံသရာတစ်ကွေ့ဒီနေ့ကိုတော့ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုတော့ ရအောင်လုပ်ခဲ့ပါတယ်လို့ကိုယ့်ကိုကိုယ် အားပေးရတာပဲ။ Phyo Paing @ Derek

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်
Read More »