Dr. Phyo Paing

https://yec.company

လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။

ရက်ပေါင်း ၃ သောင်းလောက်သံသရာတစ်ကွေ့မှာလူအနေနဲ့ လာဖြစ်တာဖြစ်သမျှ ပျက်သမျှကိုအရမ်းစွဲလမ်းပြီးငါ၊ ငါ၊ ငါ၊ ငါငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာ။အလွန်အကျူးလိုတာထက်ပိုတပ်မက်မှုကို “မောဟ” လို့ခေါ်တယ်။ မောဟဆိုတာအမှန်တရားကို မသိခြင်း၊အသိဉာဏ်ကင်းမဲ့ခြင်းဖြစ်တယ်။ အာဏာရူးမယ်။ခဏတာပိုင်ဆိုင်မှုအတွက်မလုပ်သင့်တာတွေကိုလုပ်မယ်။ အဝိဇ္ဇာဖြစ်မယ်။အကုသိုလ်ကြီးတစ်ခုဖြစ်တယ်။ တပ်မက်မှု ငါအစွဲကြီးလွန်းတဲ့အခါလိုချင်တာတွေကိုကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်၊မထိုက်တန်လဲရချင်တယ်။ကိုယ်နဲ့မထိုက်တန်ပဲ၊ကိုယ့်ဟာမဟုတ်ပဲရချင်တာလောဘလို့ခေါ်တယ်။ လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။ အရမ်းကိုတပ်မက်စွဲလမ်းပြီးလိုချင်တာမရတော့ ဒေါသဖြစ်မယ်။ဒေါသနောက်ကအကုသိုလ်တွေပြန်လိုက်တယ်။ ဒါကြောင့် ဗုဒ္ဓကလောဘ၊ ဒေါသ၊ မောဟဒီအကုသိုလ်သုံးပါးကိုရှောင်ဖို့ဆုံးမခဲ့တယ်။ ကိုယ်မုန်းတဲ့သူပဲဖြစ်ဖြစ်၊ချစ်တဲ့သူပဲဖြစ်ဖြစ်အရာရာက ခဏတာပဲ။ ပုံပြင်ထဲမှာ ရက်ပေါင်း ၃ သောင်းနှစ် ၈၀ လောက်လာနေကြတာ။မှတ်မိနေတဲ့ အတိတ်ကငါ ငါ ငါ ငါ ဆိုတဲ့ အတ္တကိုဖြစ်နေတယ်။ ငါဆိုတာခဏပဲ။ဒါကြောင့် အနတ္တ။နတ္တိ၊ မရှိလို့ခေါ်တယ်။ လောကမှာ ထာဝရမပြောင်းလဲတဲ့အမှန်တရားကအနိစ်စ၊ ဒုက်ခ၊ အနတ်တ။ ဒီလိုပြောရင် တောထွက်ပါလားပြောလိမ့်မယ်။ဒါကြောင့် တောလေးတစ်ခုထဲနှစ်လထွက်လာခဲ့တယ်။ Phyo Paing @ Derek

လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။ Read More »

များများသိ နည်းနည်းလုပ်
များများရ။

ဘဝမှာ အများကြီးသိအောင်လုပ်တာနည်းနည်းပဲလုပ်ချင်လို့။ နည်းနည်းသိ များများလုပ်ပြီးနည်းနည်းရတာထက်များများသိ နည်းနည်းလုပ်များများရ။ဒါကို ပိုကြိုက်တယ်။ Phyo Paing @ Derek

များများသိ နည်းနည်းလုပ်
များများရ။
Read More »

AI ကို နေ့စဥ်အများဆုံးအသုံးပြုဖြစ်တဲ့လုပ်ငန်းဆောင်တာ ၉ ခု

AI ကို နေ့စဥ်အများဆုံးအသုံးပြုဖြစ်တဲ့လုပ်ငန်းဆောင်တာ ၉ ခု ၁။ Email ရေးတာ၂။ သတင်းအချက်လက်ရှာတာ၃။ သုံးသပ်မှုတွေပြုလုပ်ခိုင်းတာ၄။ ထပ်ခါထပ်ခါလုပ်ရတာတွေကိုလျော့တာ(ဥပမာ powerpoint ထုတ်တာလိုမျိုး)၅။ Caption ထုတ်တာ၆။ ကနဦးရှေ့ပြေးပုံစံ protyping လုပ်တာ၇။ သိချင်တဲ့အကြောင်းအရာဆွေးနွေးတာလေ့လာမှုပြုလုပ်တာ (ဥပမာ ဘာသာစကား)၈။ လိုချင်တဲ့ report ထုတ်တာ၉။ စာအုပ်ဖတ်ခိုင်းပြီးလိုတာတဲ့အချက်ယူတာ Phyo Paing @ Derek

AI ကို နေ့စဥ်အများဆုံးအသုံးပြုဖြစ်တဲ့လုပ်ငန်းဆောင်တာ ၉ ခု Read More »

ဘဝမှာ ငွေကြေးအတွက်
ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။

ဘဝမှာ ငွေကြေးအတွက်ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။အနာဂတ်အတွက်လဲငွေကြေးအတွက်စိတ်ပူစရာမလိုဘူး။ကိုယ့်အလုပ်သဘောတရားအရလဲလောဘ၊ ဒေါသ၊ မောဟနဲ့ ဆက်စပ်စရာမလိုဘူးဆိုရင်ဘဝကို အေးအေးချမ်းချမ်းနေလို့ရပြီ။ ဒီလိုဘဝနေချင်တဲ့အတွက်“ဘဝနေထိုင်မှုအခြေပြု လုပ်ငန်း”Lifestyle Business ဖက်ကိုပြောင်းလာခဲ့လိုက်တယ်။ အစွန်းနှစ်ဖက်ဖြစ်တဲ့လောဘအစွန်း၊ ဒေါသအစွန်း၊မောဟအစွန်းမသွားတော့ဘဲမဇ္ဈိမပဋိပဒါနဲ့ဘဝကို ဖြတ်သန်းကြည့်ဖို့ဆုံးဖြတ်ချက်ချကြည့်တယ်။ ဗုဒ္ဓအဆုံးအမအတိုင်း အကုသလ စေတသိတ် (၁၄) ပါးကိုရှောင်တယ်။ဒါတွေက လူကိုထိုင်းမှိုင်းစေတယ်။ဥာဏ်တုံးစေတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်။ ဒါတွေက မောဟ (မသိမှု) – မသိနားမလည်မှု၊ အမှန်တရားကို မသိမြင်ခြင်း၊ တွေဝေခြင်း အဟိရိက (မကောင်းမှုကို မရှက်ခြင်း) – မကောင်းမှုပြုရာတွင် ရှက်ကြောက်မှု မရှိခြင်း အနောတ္တပ္ပ (မကောင်းမှုကို မကြောက်ခြင်း) – မကောင်းမှု၏ အကျိုးဆက်ကို မကြောက်ခြင်း ဥဒ္ဓစ္စ (စိတ်ပျံ့လွင့်ခြင်း) – စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပျံ့လွင့်နေခြင်း လောဘ (တပ်မက်မှု) –တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၊ လောဘရမက်ကြီးခြင်း ဒိဋ္ဌိ

ဘဝမှာ ငွေကြေးအတွက်
ရုန်းကန်မှုလဲမလုပ်ရတော့ဘူး။
Read More »

အနာဂတ်မှာ

အနာဂတ်မှာ ဘာတွေဖြစ်မယ်လို့ယုံကြည်ထားလဲ။ အနာဂတ်မှာ ဘာတွေမဖြစ်ဘူးလို့ယုံကြည်ထားသလဲ။ ကိုယ့်ဘဝကို ဘယ်လိုပုံစံမျိုးဖြတ်သန်းချင်သလဲ။ ဘာတွေ ပိုင်ဆိုင်ချင်သလဲ။ ဒီယုံကြည်ခန့်မှန်းထားတဲ့အနာဂတ်မှာ ကိုယ်လိုချင်တာတွေရဖို့ ဘာတွေကို ရွေးချယ်လုပ်ဆောင်ဖို့ လိုမလဲ။ Phyo Paing @ Derek

အနာဂတ်မှာ Read More »

တစ်ခုကိုပဲလုပ်။

တစ်ခုကိုပဲလုပ်။ အဲ့တစ်ခုအောင်မြင်ရင်ကိုယ့်ပြိုင်ဖက်တွေကို နောက်ဆယ်နှစ်နေရင်ချန်ထားခဲ့လို့ရမယ်ဆို အဲ့တစ်ခုက ဘာဖြစ်မလဲ။ ကိုယ်ကမပြိုင်ချင်ပေမယ့်ကိုယ့်ကိုလာပြိုင်တဲ့ပြိုင်ဖက်တွေရှိတတ်တယ်။ ကျောင်းမှာ၊အလုပ်မှာ၊ စီးပွားရေးမှာ။ အဲ့လိုအချိန်တိုင်းမှာကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက“ငါတစ်ခုပဲလုပ်မယ်။အဲ့တစ်ခုအောင်မြင်ရင်သူတို့မလိုက်နိုင်အောင်ချန်ထားခဲ့နိုင်မည့်တစ်ခုကဘာများဖြစ်မလဲ။” ဒီမေးခွန်းအမြဲမေးတယ်။ ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။ ကျောင်းတုန်းမှ ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေချန်ခဲ့အောင်။အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကိုအဝေးမှာချန်ခဲ့အောင်။ စီးပွားရေးမျာ စျေးအမြဲလာမေးကိုယ့်ကို အာရုံနောက်အောင်လာလုပ်တဲ့ သူတွေချန်ခဲ့အောင်တိုက်ရိုက်မပြိုင်နဲ့။ သေချာတာတစ်ခုက တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။ မဟာဗျူဟာကောင်းတဲ့သူတိုင်းကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။ Phyo Paing @ Derek

တစ်ခုကိုပဲလုပ်။ Read More »

နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါး

လောဘက သောကဖြစ်စေတယ်။မောဟက မာနဖြစ်စေတယ်။ သမာဓိက အာရုံကိုတည်ကြည်စေတာ။ မှန်ကန်တဲ့ သတိ၊အာရုံသမာဓိရှိတာကနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါးပဲ။ Phyo Paing @ Derek

နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါး Read More »

တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။

ရှိတာလေးနဲ့ ဖြစ်သလိုနေလဲဖြစ်တယ်။ဒါက ကိုယ့်ကိုရင်ခုန်စေတဲ့ဘဝမဟုတ်ဘူး။ ကိုယ့်ကိုရင်ခုန်စေတာလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲချင်တာ။ တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။ပေးထားတဲ့ဘဝပေးအခြေအနေပေါ်မူတည်ပြီးရွေးချယ်မှု strategic choice တွေလုပ်ရတယ်။ Phyo Paing @ Derek

တိုးတက်ဖို့က ကြိုးစားရုံနဲ့မရဘူး။ Read More »

အရေခွံလဲသင့်ရင် လဲပါ။

မနက်ဖြန် ဆက်ရန်ခရီိးတွေအတွက်ကိုယ့်ကိုကိုယ်အပြောင်းအလဲလုပ်ရင်းတန်ဖိုးထားမှုတွေပြောင်းသွားတယ်။ခံယူချက်တွေပြောင်းသွားတယ်။လောကအမြင်ပြောင်းသွားတတ်တယ်။ လူတွေ အရင်ကိုယ့်ကိုမမှတ်မိတော့ဘူး။အရင်ကိုယ့်ကိုသဘောကျတဲ့သူသဘောမကျတော့ဘူး။အရင်မသိတဲ့သူတွေနဲ့သိလာတယ်။​အရင်မကြုံဖူးတဲ့အတွေ့အကြုံတွေကြုံဖူးလာတယ်။ ကိုယ့်ရဲ့ပြောင်းလဲမှုဖြစ်စဥ်တိုင်းကညင်သာနေမှာတော့မဟုတ်ဘူး။ မြွေတွေလိုပဲ အရေခွံတွေလဲနေရတယ်။မြွေတွေ အရေခွံမလဲရင်သူ့ရဲ့ကြီးထွားမှုကို ထိခိုက်စေတယ်။ အရေခွံလဲသင့်ရင် လဲပါ။ Phyo Paing @ Derek

အရေခွံလဲသင့်ရင် လဲပါ။ Read More »