ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်
ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Adam Grant ရဲ့Hidden Potential စာအုပ်ကိုပြန်လည်ရှင်းပြပေးထားပါတယ်။See you there. Phyo Paing @ Derek
ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Adam Grant ရဲ့Hidden Potential စာအုပ်ကိုပြန်လည်ရှင်းပြပေးထားပါတယ်။See you there. Phyo Paing @ Derek
ကံကောင်းလိုက်တာနော်။ဒါမျိုးကို အားကျတတ်ကြတယ်။ ကံကောင်းတာထက် ပိုကောင်းတာရှိတယ်။ဒါကတော့ ဒူပေဒဏ်ပေခံသွားတာဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆို antifragile ဖြစ်ပါတယ်ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ၊ မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပိုပြီးတော့တောင် သန်မာအားကောင်းလာတဲ့ သဘောသဘာဝကို ဆိုလိုပါတယ်။ ဒီသဘောတရားကို Nassim Nicholas Taleb က စတင်တီထွင်ခဲ့တာပါ။ ဥပမာများနဲ့ရှင်းပြရရင် – ၁။ ကြွက်သားစနစ် – ဝိတ်မတဲ့အခါ ကြွက်သားတွေဟာ အရင်ကထက် ပိုကြီးထွားလာပါတယ်။ ဒါဟာ antifragile ရဲ့ ဥပမာတစ်ခုပါ။ ၂။ ကုမ္ပဏီတစ်ခုဟာ စီးပွားရေးအကျပ်အတည်းကို ကျော်ဖြတ်ပြီးတဲ့အခါ ပိုပြီးခိုင်မာလာတာမျိုး ၃။ စိတ်ဓာတ်ရေးရာမှာဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးတဲ့အခါ ပိုပြီးတောင့်တင်းလာတာမျိုး အန်တီဖရာဂိုင်းက “ကံကောင်းချက်” နဲ့မတူပါဘူး။ ကံကောင်းချက်က ဖိအားတွေကြောင့် ပျက်စီးသွားနိုင်ပေမယ့် အန်တီဖရာဂိုင်းက ဖိအားတွေကြောင့် ပိုအားကောင်းလာတဲ့သဘောပါ။ ဒီသဘောတရားကို နားလည်ထားခြင်းအားဖြင့်
အိပ်နေလဲငွေဝင်အောင် လုပ်တဲ့အလုပ်ကိုPassive Income လို့ခေါ်တယ်။၁၀၀% လုံးကြီး ဘာမှ လုပ်စရာမလိုတာတော့မဟုတ်ဘူး။ဒီနေ့ခေတ် passive income တည်ဆောက်ဖို့အချိန် ၁၅ မိနစ်လောက်ပေးနိုင်ရင်ကြည့်ဖို့တင်ထားပေးပါတယ်။ဘယ်နေရာမှာ ကြည့်ရမလဲတော့အားတီ၊ အားမေတို့အားလုံးသိပြီးသားမို့ မပြောတော့ဘူး။ Phyo Paing @ Derek
အိုမယ်၊ နာမယ်၊ သေမယ်။ အိုတာအတွက် အိုစာမင်းစာရှာရမယ်။နာတာကို လျော့ဖို့၊ နောက်ကျဖို့ ကျန်းမာရေးလုပ်ရမယ်။ အစားကို သတိထားစားရမယ်။ သေဖို့အတွက် စိတ်ထားတတ်အောင်လေ့ကျင့်ထားရမယ်။ ကိုယ်နဲ့သိတဲ့သူတွေလဲ ဘဝထဲကတစ်ယောက်ပြီး တစ်ယောက်ထွက်သွားကြတာပဲ။ တချို့က တရားထိုင်တယ်ဆိုတာ သေနည်းကျင့်တယ်တဲ့။ ဒါလဲ မှန်တာလို့ဆိုလို့ရတာပဲ။ ကျွန်တော်ကတော့ အနာဂတ်ပြဿနာတွေကြိုတင် အဖြေရှာတယ်။ ဒါမှလဲ ဘဝက အဆင်ပြေမှာ။ကျောင်းမပြီးသေးဘူးကျောင်းပြီးလုပ်ဖို့ အလုပ်ကြိုရှာတယ်။အလုပ်လုပ်နေရင်း လုပ်ငန်းစတင်ဖို့စဥ်းစားတယ်။လုပ်ငန်းလုပ်နေရင်း ကြီးလာရင်ချဲ့ဖို့စဥ်းစားတယ်။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာထားမှဘဝက နေပျော်မှာ။ Phyo Paing @ Derek
ဆုတ်ယုတ်ဖို့လွယ်တယ်။မတော်တဆ တိုးတက်တာရှားတယ်။ဖြစ်ရင်လဲခဏပဲ။ တိုးတက်မှုက ရည်ရွယ်ချက်ရှိရှိလုပ်ဖို့လိုတယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ။ကိုယ့်ရဲ့ အကောင်းဆုံးပုံစံမြင်မသွားချင်ဘူးလား။ မြင်သွားချင်ရင်တော့ ဘဝမှာတိုးတက်နေဖို့လိုတယ်။ ချိန်ကိုက်ဗုံးလို့ အချိန်တွေကုန်အိုနေ၊ နာနေ၊ သေဖို့နီးလာလေအလိုလို ဆုတ်ယုတ်နေတဲ့ဘဝမှာဆုတ်ယုတ်မှုနှေးပြီး ဘဝကို အကောင်းဆုံးဖြတ်သန်းဖို့စိတ်နဲ့ ခန္ဓာ တိုးတက်နေဖို့လိုတယ်။ အသက်ရှင်သမျှလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလို့ရနိုင်တယ်။ Phyo Paing @ Derek
ချမ်းသာတဲ့သူက ပိုချမ်းသာတတ်ကြတယ်။တော်တဲ့သူက ပိုတော်ပြီးအောင်မြင်တဲ့သူက ပိုအောင်မြင်ကြတယ်။ ဘာကြောင့်လဲ။ အောင်မြင်မှု စက်ဝန်းကြောင့်မို့လို့ပဲ။သံသရာလိုပဲ လည်နေတယ်။ ဥပမာချမ်းသာတဲ့သူတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံပိုရှိတယ်ပညာရေးအခွင့်အလမ်းကောင်းတွေ ရနိုင်တယ်စီးပွားရေးအခွင့်အလမ်းတွေကို အသုံးချနိုင်တယ် လူမှုရေးကွန်ယက်ကောင်းတွေရှိတယ်စီးပွားရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းနိုင်တယ်အကြံဉာဏ်ကောင်းတွေရနိုင်တယ် တော်တဲ့သူတွေက ဗဟုသုတပိုရှိတယ်အမှားအမှန်ကို ပိုသိတယ်ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းတယ် အောင်မြင်မှုက ယုံကြည်မှုကို တိုးစေတယ်ရည်မှန်းချက်ကြီးတွေ ထားရဲတယ်စိတ်ဓာတ်ကျစရာတွေကို ကျော်လွှားနိုင်တယ်။ တကယ်လို့ ကိုယ်သွားနေတဲ့ဘဝရဲ့ လမ်းကြောင်းကမမှန်ရင်ဒါကို ပြောင်းသင့်ရင်ပြောင်းရမှာပဲ။ တချို့ အချစ်ရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။ငွေကြေး အမြဲတိုင်ပတ်နေသူတွေရှိတယ်။ပေါင်းသင်းဆက်ဆံရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။ ဒါက စိတ်ညစ်စရာမဟုတ်ဘူး။ ဒါက ပြောင်းလဲရမည့်အရာ။ ပြောင်းလဲလို့လဲရတယ်။ အရေးကြီးတာ သတိရှိဖို့။ ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါးအဆုံးအမအရသမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှုလိုတယ်။ Phyo Paing @ Derek
နိုင်ငံတစ်နိုင်ငံက ဆင်းရဲလေလေအချိန်ပိုအားပြီးစိတ်ဖိစီးမှုများလေလေအဲ့နိုင်ငံက လူတွေရဲ့ အာရုံစိုက်မှု attention ရှာရလွယ်လေဘဲ။ဒေါသထွက်အောင်လုပ်လို့လွယ်တယ်။လောဘတက်အောင်လုပ်လို့လွယ်တယ်။ ပွဲဖြစ်အောင်လုပ်လို့ လွယ်လေပဲ။ တကယ်လို့ ကိုယ်က လူအများစုနဲ့ မတူဘဲရုန်းထွက်ချင်ရင်ပထမဆုံး အပြောင်းအလဲလုပ်ရမှာကိုယ့်ရဲ့ “အာရုံ” ပဲဖြစ်ပါတယ်။ အာရုံကို ကိုယ့်ရဲ့ဘဝအတွက်အမှိုက်သရိုက်ဖြစ်စေတဲ့အရာတွေမှာမစိုက်ဘဲကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို သေချာ ဂရုပြုဖို့လိုတယ်။ မှန်တာတွေး၊ မှန်တာကြံ၊ မှန်တာလုပ်။ ဗုဒ္ဓရဲ့အဆုံးအမ မဂ္ဂင်ရှစ်ပါးနဲ့လဲကိုက်တယ်။ Phyo Paing @ Derek
အဓိကအချက်က ကိုယ်ဒီထက်ပိုကောင်းနိုင်သေးတယ်၊ဒီထက်ထိုက်တန်တဲ့အရာတွေပိုင်ဆိုင်နိုင်သေးတယ်။ဒီအချက်ကြောင့်ဖြစ်နိုင်တယ်။ အိမ်မက်က လက်ရှိကြားက တံတားကကံ၊ ဥာဏ်၊ ဝိရိယပဲ။ Phyo Paing @ Derek
ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျသေးတာ ကောင်းတဲ့အချက်ပဲ။ Read More »
အထာကျကျဘဝကို ဘာလို့ဖြတ်လာနိုင်လဲဆိုရင်ထင်တာတစ်ခုကတော့ ဘဝမှာ အဆက်အဆံမလုပ်ချင်တဲ့သူတွေကိုဘဝထဲက ထုတ်ပစ်ရဲတဲ့ သတ္တိလို့ထင်တယ်။ ကိုယ့်ဘဝမှာ အရင်းအနှီးဆုံးလူတွေ၊အသိုင်းအဝိုင်းရှိတယ်။ကိုယ့်ကို ချစ်ခင်တဲ့သူတွေရှိတယ်။ ကိုယ့်ဘဝမှာ အဆက်အဆံမလုပ်ချင်တဲ့သူတွေကိုဘဝထဲက ထုတ်ရဲတဲ့ သတ္တိလိုတယ်။ ဘဝမှာ လေကောင်းလေသန့်ရှူရဖို့အမှိုက်အမွှားတွေ ဖယ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ဘဝမှာ အသတ်ခံရတော့မည့်နွားတွေ၊ ဝက်တွေ၊ ကြက် တိရစ္ဆာန်တွေဖြစ်ရတာလဲ လွယ်မယ်မထင်ဘူး။ ကံကောင်းတာတစ်ခုကသတ္တဝါတွေထဲမှာ ဥာဏ်အရှိဆုံးသတ္တဝါဖြစ်နေတော့ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလို့အတိုင်းအတာတစ်ခုထိရှိနေတာပဲ။ ဒါကြောင့် ဘယ်နေရာနေနေ ဒီစွမ်းအားကို သုံးဖို့လိုတယ်။ကံမစွမ်းရင် ဥာဏ်စွမ်းဖို့လိုတယ်။ ဝိရိယစွမ်းဖို့လိုတယ်။ Phyo Paing @ Derek