Dr. Phyo Paing

https://yec.company

ဖြည့်တိုင်း မပြည့်တဲ့အိုးက
ဆန္ဒဆိုတဲ့ အိုးပဲ။

ဖြည့်တိုင်း မပြည့်တဲ့အိုးက ဘာအိုးလဲ။ဖြည့်တိုင်း မပြည့်တဲ့အိုးကဆန္ဒဆိုတဲ့ အိုးပဲ။ ဆန္ဒတွေ ဖြည့်တိုင်းမပြည့်ရင် ဒေါသ။ဆန္ဒတွေ အပြည့်လွန်ရင် မာနဖြစ်တယ်။ဒီနှစ်ခုကြားမှာ အလယ်အလတ်အထာကျဖို့ ချိန်ငြိရပြန်တယ်။ ဆန္ဒတွေနဲ့ ဆာလောင်မှုတွန်းအားနဲ့အတူနေ့စဉ်ဘဝ ဖြတ်သန်းမှုအတွက်လောင်စာတွေလိုတယ်။ ဒီလောင်စာတွေက ကျန်းမာကြံ့ခိုင်ရေး၊အချစ်နဲ့ မိသားစု။လိုအပ်တဲ့ ငွေကြေးနဲ့ ဘဝအခြေအနေခိုင်ဖို့။ လူလုပ်ရတာကဆန္ဒ နဲ့ ဘဝကို ပညာသားပါပါငြိယူရတာပဲ။ Phyo Paing @ Derek

ဖြည့်တိုင်း မပြည့်တဲ့အိုးက
ဆန္ဒဆိုတဲ့ အိုးပဲ။
Read More »

ဘဝရဲ့ ဖြတ်သန်းမှု
အတိတ်တွေက
လိုတာထက် ဘဝကို ပုံသွင်းနေတယ်။

လူမှုရေးညံ့တဲ့ ကိုယ်နဲ့လူတွေနဲ့ အံဝင်ဖို့လူဘောင်ထဲကဥပဒေသတွေကိုလိုက်ဖို့ရိုးသားစွာကြိုးစားရင်အကျိုးများတာသိပေမယ့်မိုးခါးရေမသောက်။ဘဝရဲ့ ဖြတ်သန်းမှုအတိတ်တွေကလိုတာထက် ဘဝကို ပုံသွင်းနေတယ်။ Phyo Paing @ Derek

ဘဝရဲ့ ဖြတ်သန်းမှု
အတိတ်တွေက
လိုတာထက် ဘဝကို ပုံသွင်းနေတယ်။
Read More »

အတွေး၊ အကြံ၊ အလုပ်
တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။

အာရုံတွေများလို့မရဘူး။ကိုယ်လုပ်တဲ့အလုပ်က ကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှဘဝက နေပျော်တာ။ ကိုယ့်ရဲ့အောင်နိုင်ရေးဖော်မြူလာwinning formula သိပြီးရင်အာရုံကို ကိုယ့်အလုပ်မှာအာဏာကုန်ထည့်ပြီးလုပ်ဖို့လိုတယ်။ မဟုတ်ရင် ဟိုယောင်ယောင်ဒီယောင်ယောင် ဂယောင်ဖြစ်သွားနိုင်တယ်။ အတွေး၊ အကြံ၊ အလုပ်တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်
တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။
Read More »

လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင်ပင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။

မိုးကလင်းနေပြီ မနက်က မရောက်သေးဘူး။ပိုက်ဆံကတော့ရှိနေပြီခုထိ မချမ်းသာသေးဘူး။ စိတ်တော့ချမ်းသာနေပြီအခုထိ မကျေနပ်သေးဘူး။ လူတွေသတ်မှတ်တဲ့စံနှုန်းတွေကိုကိုယ့်ရဲ့စံနှုန်းတွေလို့ထင်ရင်ဘောင်ထဲကထွက်ဖို့ခက်နိုင်တယ်။ ဘောင်ဆိုတာ အကာအကွယ်ဖြစ်သလိုဘောင်ဆိုတာ ထောင်လဲဖြစ်တတ်တယ်။ ဘဝမှာ ဘောင်တွေကြောင့်လှုံခြုံဖူးသလို ဘောင်တွေကြောင့်မွန်းကြပ်ဖူးလိမ့်မယ်။ ဘောင်ထဲမှာ လှုံခြုံနိုင်သလို၊ဘောင်ပြင်မှာလဲ လွတ်လပ်နိုင်တယ်။ ကိုယ်က လှုံခြုံမှုကိုကြိုက်ရင်ဘောင်ထဲမှာနေ။လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို ဘောင် ပြင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။ Phyo Paing @ Derek

လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင်ပင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။
Read More »

သာမာန်မဖြစ်ချင်ရင်
ဘောင်ထဲဝင်ပြီး
ဘောင်ပြင်ပြန်ထွက်တတ်ဖို့လိုတတ်တယ်။

ဘယ်နိုင်ငံသားဖြစ်ဖြစ်လူတစ်ယောက်ရဲ့ဘဝအတွက်ပညာရေးနဲ့ နည်းပညာကဘဝပြောင်းလဲရေးလက်နက်ပဲ။ ကျောင်းနဲ့ ပညာရေးကိုမရောမိဖို့လိုတယ်။ကျောင်းက စာသင်တာ။အလုပ်ခွင်ဝင်ဖို့။ပညာက နေရာအစုံကသင်လို့ရတယ်။ ပညာဆိုတာ သင်၊ မြင်၊ ပြင်။အကြား၊ အမြင်၊ လက်တွေ့ကနေသင်ယူပြီးအရင်မမြင်တာတွေမြင်လာမယ်။ဒီတော့ဘဝမှာ လုပ်ရိုးလုပ်စဥ်ကနေပြင်စရာရှိ ပြင်လာမယ်။​ အတန်းရှေ့မှာ ပြောတာနားထောင်မှပညာရတာမဟုတ်ဘူး။မထင်မှတ်ထားတဲ့နေရာတွေကလဲပညာရတယ်။ တခါတလေ စာတွေ့ပဲရှိပြီးငါတွေ့မရှိရင်ဘဝမှာ အလုပ်မဖြစ်ဘူး။ ဥပမာ အင်္ဂလိပ်စာကို ငယ်ကတည်းကစာတွေ့ရှိတယ်။လက်တွေ့ပြောဆို၊ ရေးသားတဲ့ငါတွေ့မရှိတဲ့အခါ အခက်ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့လူတစ်ယောက်က ဘယ်လိုအခြေအနေဖြစ်ဖြစ်သူ့ပြဿနာသူဖြေရှင်းဖို့ပညာလိုတယ်လို့မြင်တယ်။ ပညာ knowledge ကknow သိခြင်း ledge အခြေအနေကို ခေါ်တာ။ ကိုယ့်ရဲ့အတွေ့အကြုံ ဥာဏ်နဲ့ပညာနဲ့ပေါင်းရင် ဥာဏ်ပညာ wisdom ဖြစ်တယ်။ တစ်နေရာကနေ တစ်နေရာရောက်ဖို့ကားမောင်းချင်ရင်ကားမောင်းတတ်တဲ့ တတ်သိပညာလိုတယ်။ကားပျက်ရင်ပြင်ဖို့ကျတော့ကားအကြောင်းတတ်သိပညာလိုပြန်တယ်။ ပညာကို ကျောင်းမှာပဲရှာတာဟာဘဝရဲ့ အကြီးမားဆုံးအမှားအချက်တစ်ချက်ဖြစ်နိုင်တယ်။ ကမ္ဘာ့နဲ့နိုင်ငံ ထိပ်တန်းကျောင်းမဟုတ်တဲ့သာမာန်ကျောင်းအများစုကလူ့ဘဝထဲ လူ့ဘောင်ဝင်အောင်အလုပ်ခွင်ဝင်နိုင်တဲ့အဆင့်မြင့်သိုးကလေးတွေ မွေးထုတ်ပေးတဲ့နေရာ။ ဘောင်ဝင်ပြီး ဘောင်ပြင်ပြန်ထွက်ဖို့ကဘဝမှာ ကိုယ်တိုင်စဥ်ဆက်မပြတ်သင်ယူနေဖို့လိုတယ်။ စဥ်ဆက်မပြတ်သင်ယူမှု မလုပ်နေတဲ့ဆရာ၊ ကျောင်းသား၊ အလုပ်သမား၊လုပ်ငန်းရှင်

သာမာန်မဖြစ်ချင်ရင်
ဘောင်ထဲဝင်ပြီး
ဘောင်ပြင်ပြန်ထွက်တတ်ဖို့လိုတတ်တယ်။
Read More »

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။

ကိုယ့်ကိုကိုယ် လိုတာထက်ပိုချစ်ဖို့လိုတတ်တယ်။သံသရာထဲမှာ တစ်ယောက်တည်းဖြတ်သန်းရမှာ။ခုတွေ့တဲ့ ချစ်သူ၊ ရည်းစား၊ လင်မယား၊အသိုင်းအဝိုင်း၊ ဆွေမျိုး၊ မိဘအကုန်လုံးကရထားတစ်တက်မှာ တွေ့တဲ့သူကြီးပဲလို့ဆိုကြတယ်။ လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။ရုပ်၊ နမ်က ထာဝရမဟုတ်ဘူး။ကိုယ်ကကိုယ်။အဲ့အသိ။ဒါကအမြဲရှိနေမှာ။ Phyo Paing @ Derek

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။
Read More »

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။

နောက်ငါးနှစ်လောက်နေရင်ကိုယ်စဉ်းစားနိုင်သလောက်ကိုယ့်ရဲ့အကောင်းဆုံးပုံစံဘယ်လိုဖြစ်နေမလဲ။ဒီအချက်က ရင်ခုန်စရာကောင်းတယ်။သံသရာတစ်ကွေ့ ဒီတစ်နေ့ကသေချာသုံးရင် အတက်လှေကားထစ်ပဲ။ Phyo Paing @ Derek

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။
Read More »

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။

အသက် ၂၀ နှောင်းပိုင်းနဲ့အသက် ၃၀ ကျော်ရင်အိုမင်းခြင်းဆိုတာ စပြီ။ ဘယ်လိုသိသာလဲဆိုငယ်ငယ်က ကြိုက်သလောက်စား၊ကြိုက်သလောက်သောက်မဝတတ်တဲ့သူက ဝလာတတ်ပြီ။ပိန်ရင်တောင်မှ ရုပ်ရင့်လာတဲ့လက္ခဏာတွေ စဖြစ်လာပြီ။ သေချာ မထိန်းသိမ်းရင်အင်ဂျင်ကျတာ ပိုပိုမြန်လာမယ်။ မွေးကတည်းကဆဲလ်တွေ ပွားလိုက်၊ ကြီးလိုက်၊ပျက်ရင် အားကောင်းမောင်းတန်ပြုပြင်လိုက်နဲ့။အင်ဂျင်အသစ်ဆိုတော့ဒဏ်ခံနိုင်တယ်။ပြုပြင်နိုင်စွမ်းသိပ်ကောင်းတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားကတော့စွမ်းအင်အမြင့်ဆုံး။ခန္ဓာကိုယ်ရဲ့ ပျက်ရင်ပြင်တဲ့ယန္တရားလည်ပတ်မှုအကောင်းဆုံး။ကော်လဂျင်ထုတ်လုပ်မှုအကောင်းဆုံးအချိန်။နုပျိုမှု၊ စွမ်းအင်အမြင့်ဆုံး။ မသိသာပေမယ့် လောကဓာတ်ကြောင့်ဆဲလ်တွေဒဏ်ခံရတာဒီအန်အေပျက်စီးတာ မသိမသာစခံရပြီ။ ၃၀ နဲ့ ၅၀ ကြားမှာ ဆဲလ်ပွားတာနည်းလာပြီ။ပျက်ရင်ပြင်တာ အရင်ထက်စာရင်ထိရောက်မှု နည်းလာပြီ။ဒဏ်တွေဖြစ်တဲ့ အရက်၊ နေရောင်၊ ဆေးလိပ်၊ပြင်ပဒဏ်တွေရဲ့ရိုက်ခတ်မှုကြောင့်ဆဲလ်ထဲက မိုက်ခရိုဟွန်းဒီယားတွေကRONs လို့ခေါ်တဲ့RONS (Reactive Oxygen and Nitrogen Species) ကိုများများစားစားပိုထုတ်ပြီးဒီအန်အေ၊ ပရိုတင်း၊ လစ်ပစ်ကိုဒဏ်တွေ စပေးပြီ။အသားအရည်လျော့ရွဲလာတာ၊အရိုးအဆစ်ပျော့ပြောင်းမှုနည်းလာတာမျိုးစဖြစ်တတ်ပြီ။ အသက် ၅၀ ကျော်လေအင်ဂျင်ကျလေ။ပျက်စီးသွားတဲ့ဆဲလ်တွေကထပ်မပွားနိုင်တော့ဘူး။ထပ်မပြင်နိုင်တော့ဘူး။အဆုတ်၊ နှလုံး၊ ကျောက်ကပ်အင်ဂျင်တွေ သိသိသာသာကျလာပြီ။

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။
Read More »

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

လူအများစုကနေ့စဥ်လုပ်နေကျ၊ သွားနေကျ၊ဝေယျာဝိစ္စတွေနဲ့အသက်ရှင်နေပေမယ့်အသက်မဝင်နေဘူး။ အသက်ရှင်ပြီးအသက်ဝင်တဲ့အချိန်တချို့ရှိတတ်ကြတယ်။ အရမ်းလိုချင်တဲ့ ပစ္စည်းလေးရလိုက်တဲ့အချိန်။အချစ်နဲ့ တွေ့တဲ့အချိန်။လုပ်ငန်းအသစ်စတဲ့အချိန်။မထင်မှတ်ထားတဲ့ ဒုက္ခကြီးကြီးကြုံတဲ့အချိန်။လောကမှာ အရင်မမြင်နဲ့အရာကိုနားလည်သဘောပေါက်သွားတဲ့အချိန်။ကိုယ့်ကိုကိုယ် ပိုပိုနားလည်သဘောပေါက်လာတဲ့အချိန်။ ဒီအချိန်တွေဟာအသက်ရှင်ပြီး အသက်ဝင်စေတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်အသက်ရှင်ပြီး အသက်ဝင်နေသူတွေရှိတယ်။ ကိုယ်အခု အသက်မငင်ရပဲအသက်ကို ဝဝလင်လင် ရှူနေရတာဒါဆန်းကြယ်မှုတစ်ခုပဲ။မျက်စိတွေမြင်နေရတာဒါကောင်းချီးတစ်ခုပဲ။နာတာရှည်ရောဂါတွေနဲ့မဖြစ်ဘဝကို ကျန်းမာနေတာဒါကျေးဇူးတင်စရာတစ်ခုပဲ။ အသက်ရှင်ပြီး အသက်ဝင်ဖို့ဖြတ်လမ်းတစ်ခုကတော့ကျေးဇူးတင်စိတ်နဲ့ ဘဝကိုအသက်ရှင်တာပဲ။ စေတသိတ် ၅၂ ပါးမှာသောဘဏသာဓာရဏစေတသိတ်ရဲ့သဒ္ဓါ (ယုံကြည်မှု)နှင့်အဒေါသ (မပြင်းထန်မှု) စေတသိတ်နှစ်ခုပေါင်းစည်းမှုလို့ပြောလို့ရတယ်။ ကျေးဇူးတင်စိတ် gratitude ကစိတ်ကို ကြည်လင်စေတယ်။ကောင်းမွန်သော အကျိုးရလဒ်ကို ဖြစ်ပေါ်စေတယ်။မွန်မြတ်သော စိတ်နေစိတ်ထားကို ဖော်ပြတယ်။ သိပ္ပံပညာအရလဲ ကျေးဇူးတင်စိတ်ကဦးနှောက်မှာ ဒိုပါမင်းနဲ့ ဆီလိုတိုနင်ထုတ်လောက်မှုကိုနှိုးဆွပေးတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ကို ကြည်လင်းနှိုးကြားစေတယ်။အသက်ရှင်ပြီး အသက်ဝင်စေတယ်။ ဒါကြောင့် ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Read More »