Dr. Phyo Paing

https://yec.company

ကျေးဇူးတင်စိတ်ထား။

ဘဝမှာ အပြင်ပိုင်းတစ်ခုမှမပြောင်းလဲဘဲ စိတ်ကြည်လင်စေနိုင်တာ ကျေးဇူးတင်တတ်တဲ့စိတ်ပဲ။ အနည်းဆုံးတော့ ရှူတဲ့လေ၊သောက်တဲ့ရေ ဝဝလင်လင်ရှူရသလိုအနာဘယ ကင်းနေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ လူအများစုက အတိတ်ကိုပြန်သတိရတတ်ကြတယ်။ ကိုယ်က ပစ္စုပ္ပန်မှာပျော်လို့ရတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်ထား။ Read More »

အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။

ဒီလိုဖြစ်ဖို့ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေနေလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ဘဝမှာ သဘာဝအရ အလိုလိုဖြစ်နေတာ အများစုက အိုမယ်၊ နာမယ်၊ နောက်ဆုံးမှာ သေမယ်။ ကောင်းမွန်တဲ့ အိမ်လေးနေဖို့အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ပန်းမံတွေအတွက် ရေလောင်းရတယ်။မတူညီတဲ့ရာသီဥတုတွေအတွက် ပြင်ဆင်ရတယ်။ ကိုယ်ထူကိုယ်ထ လုပ်ရတတ်တယ်။ ကောင်းတာတစ်ခုက အသက်ကြီးလာတာနဲ့ သေချာလေ့လာတယ်ဆိုရင်အမှန်တွေမြင်ပြီး “အမြင်တွေ မှန်လာပြီ”။ အမြင်မှန်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တတ်လာမယ်။မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တိုင်းဘဝက ပိုကောင်းလာမယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက မိမိကိုယ်သာ ကိုးကွယ်ရာ။ ကိုယ့်အားကိုယ်ကိုးကိုယ်ထူကိုယ်ထ။လဲကျပြန်ထ ဒါဘဝဘဲ။ အသက်ကြီးလာတာနဲ့အမျှပိုကောင်းလာဖို့ ဘဝကို ကြိုတင်စီမံဖို့လိုတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့လိုတယ်။ ကိုယ်က သစ်ပင်မဟုတ်ဘူး။ရွေ့လို့ရတယ်၊ ပြောင်းလို့ရတဲ့သိဖို့လိုတယ်။နည်းလမ်းရှာဖို့လိုတယ်။ လောကုတ္တရာအတွက် ပစ္စုပ္ပန်မှာအဓိကနေ။လောကီအတွက် ပစ္စုပ္ပန်အပြင် အနာဂတ်ကိုလဲကြိုမြင်၊ ကြိုပြင်ရသေးတယ်။ Phyo Paing @ Derek

အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။
Read More »

ဘဝမှာ အမြဲဖြစ်နေတာ
ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြားကြားကိုဘဝတဲ့။ ဘဝမှာ အမြဲဖြစ်နေတာ ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။ နောက်ဆုံးတော့ အို၊ နာ၊ သေမယ်။ ဒီခရီးစဥ်ကြားမှာ တစ်ဘဝကိုအကျိုးရှိအောင်လုပ်သွားဖို့ “အ” ငါးလုံးတော့လိုတယ်။ အသိပညာ သုံးမျိုး၊အတတ်ပညာ လေးမျိုး၊အင်္ဂလိပ်၊ အိုင်တီ နဲ့ နောက်ဆုံးဒီနေ့ခေတ်အတွက်အရေးအကြီးဆုံး “အ” တစ်လုံးရှိတယ်။ အဖြေကိုလဲ ယူ၊ ကျု့ မှာတင်ထားပေးပါတယ်။ Phyo Paing @ Derek

ဘဝမှာ အမြဲဖြစ်နေတာ
ပြောင်းလဲခြင်းတွေပဲဖြစ်တယ်။
Read More »

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး

အသိ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်ကမ္ဘာလောကကြီးကထွက်ခွာသွားကြတယ်။ ငယ်သူငယ်ချင်းတွေ၊တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ။ ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။ ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်းဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုပြီးဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့နေ့တိုင်း အားထုတ်နေပါတယ်။ နေ့စဥ် တော်ပျော်ပွားပေးရမယ်။တော်ရမယ်။ပျော်ရမယ်။ငွေကြေးဥစ္စာ ပွားရမယ်။ ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။ Phyo Paing @ Derek

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး
Read More »

productive asset

ကျွန်တော်ကတော့ productive asset တွေမှာ ရင်းနှီးဖို့ကိုပဲ အဓိက စိတ်ဝင်စားတယ်။ Productive Asset ဆိုတာ ဝင်ငွေ သို့မဟုတ် တန်ဖိုးကို ဆက်တိုက်ဖန်တီးပေးနိုင်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပါ။ ဥပမာအနေနဲ့ ကိုယ်ပိုင်လုပ်ငန်း၊ ငှားရမ်းခရတဲ့အိမ်ခြံမြေ၊ စတော့ရှယ်ယာများ၊ မူပိုင်ခွင့်များ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတာပါ။ ဘာကြောင့်လဲဆိုတော့… ၁။ ကိုယ့်ဗဟုသုတနဲ့ အတွေ့အကြုံတွေဟာဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ တခြား asset တွေက ပျက်စီးသွားနိုင်ပေမယ့် ကိုယ့်အသိပညာက ထာဝရ ကိုယ်နဲ့အတူ ရှိနေမှာပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံလေ၊ ကိုယ့်စွမ်းဆောင်ရည်တွေ တိုးတက်လေ ဖြစ်ပြီး ပိုကောင်းတဲ့ အခွင့်အလမ်းတွေ၊ ပိုမြင့်တဲ့ဝင်ငွေတွေ ရလာနိုင်ပါတယ်။ ၃။ ဗဟုသုတကြွယ်ဝလာတာနဲ့အမျှ အတွေးအခေါ်တွေ ပိုကျယ်ပြန့်လာပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ

productive asset Read More »

ပညာသင်တဲ့ ရည်ရွယ်ချက်တွေ
အများကြီးရှိတယ်။

ပညာသင်တဲ့ ရည်ရွယ်ချက်တွေအများကြီးရှိတယ်။ အဲ့ထဲက တစ်ခုကတော့ လူဝင်ဆံ့အောင် သင်တာပဲ။ ကိုယ်မွေးခဲ့တဲ့နေရာလေးမှာ သေတဖန် သက်တဆုံးကျောချမယ်ဆို ပညာတွေ အများကြီးသင်ဖို့လိုချင်မှလိုမယ်။ ဒါမှမဟုတ် ကိုယ်မွေးတဲ့နေရာကပညာရေးနဲ့ လူမှုဖွံ့ဖြိုးမှုအားကောင်းရင်ပညာတတ်ဖို့ အရမ်းအားထုတ်ရဖို့ လိုချင်မှလဲလိုမယ်။ ကလေးတွေကို လူဝင်ဆံ့ဖို့ပညာသင်ပေးကြတယ်။ Phyo Paing @ Derek

ပညာသင်တဲ့ ရည်ရွယ်ချက်တွေ
အများကြီးရှိတယ်။
Read More »

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။

ကံလဲ မရှိ၊ဥာဏ်လဲ မရှိ၊ဝီရိယလဲ မရှိရင်မလွယ်ဘူး။ ကံက သူ့အလိုလိုဖြစ်လာတာနဲ့ကိုယ်လုပ်လို့ဖြစ်လာတာ။သူ့အလိုလိုဖြစ်လာတာကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်လုပ်တဲ့အလုပ်ကိုတော့တိုက်ရိုက်ထိန်းချုပ်လို့ရမယ်။ ကံကောင်းဖို့ အလုပ်လုပ်။ ဥာဏ်ကောင်းဖို့ ပညာနဲ့ကပ်။ဥာဏ်ပညာကောင်းရင်အမှား၊ အမှန်ရွေးတတ်ပြီးသွားတဲ့လမ်းကြောင်းမှန်မယ်။ ဝီရိယရှိရင် ခက်ခဲတဲ့အလုပ်၊ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Phyo Paing @ Derek

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Read More »

ကိုယ်လိုချင်တာ ရအောင်ယူနိုင်တာပါဝါပဲ။

ပါဝါဆိုတာက၁။ ပေးထားချက် အခြေအနေ၂။ ဥာဏ် ပညာ၃။ အားထုတ်မှုလုံ့လနဲ့ ဇွဲဒီသုံးချက်ပေါ်မူတည်တယ်။ ပေးထားချက်က ကောင်းပြီးအားထုတ်မှုမရှိရင်မအောင်မြင်နိုင်သလို၊ကံရှိပြီး ဥာဏ်မရှိရင်လဲကြာကြာမထိန်းထားနိုင်ဘူး။ပညာမရှိရင် မှန်တယ်မှားတယ်ရေရှည်အတွက် မတွေးနိုင်ဘူး။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ရအောင်ယူနိုင်တာပါဝါပဲ။ Read More »

နေ့စဥ် တည်ဆောက်နေပါ။

“ဆောက်တည်” ရာရဖို့နေ့စဥ် “တည်ဆောက်” ပါ။ ဆောက်တည်တယ်ဆိုတာ “စိတ်ကိုတည်ကြည်ခိုင်မြဲစွာထားခြင်း” ဖြစ်တယ်။ စိတ်တည်ကြည်ခိုင်မြဲနေဖို့၁။ ကျန်းမာကြံ့ခိုင်ရေးတည်ဆောက်၂။ စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးအတွက် တည်ဆောက်၃။ မိသားစုနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်၄။ စိတ်ငြိမ်းချမ်းမှု၊ တိုးတက်မှုအတွက် တည်ဆောက်။ နေ့စဥ် တည်ဆောက်နေဖို့လိုတယ်။ ဘဝမှာ အခြေအနေအပြောင်းအလဲကြားမှာဆောက်တည်ရာရဖို့နေ့စဥ် တည်ဆောက်နေပါ။ Phyo Paing @ Derek

နေ့စဥ် တည်ဆောက်နေပါ။ Read More »

စဥ်းစားပုံ အရမ်းအရေးကြီးတယ်။

တစ်သက်လုံးကြိုးစားပြီးပင်ပင်ပန်းပန်းနဲ့ ရလဒ်မထွက်တဲ့သူတွေအများကြီး တွေ့ဖူးလိမ့်မယ်။ တခါတလေ ကိုယ်လဲအဲ့အထဲပါဖူးလိမ့်မယ်။ကျွန်တော်လဲ ပါဖူးတယ်။ လောကမှာ ကြိုးစားမှုထက်ရွေးချယ်မှုက ပိုအရေးကြီးတယ်။ အမြင်သာဆုံးက ဝိတ်ချဖို့gym သွားပြီး အပြောင်းအလဲမဖြစ်တာ။ ဘာကြောင့်လဲဆိုတော့ ကြိုးစားနေရုံနဲ့မရဘူး။ရွေးချယ်မှု မှန်ဖို့အရေးကြီးတယ်။ ကိုယ်နဲ့ တွေ့တဲ့လူ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ အသိုင်းအဝိုင်း။ နည်းနာ။ စဥ်းစားပုံ။ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

စဥ်းစားပုံ အရမ်းအရေးကြီးတယ်။ Read More »