ကိုယ်ဂုဏ်မယူတဲ့ အလုပ် မလုပ်နဲ့။
ကိုယ်ဂုဏ်မယူတဲ့သူတွေနဲ့အဆက်အဆံမလုပ်နဲ့။တစ်ဖက်သတ်ဆန်ပေမယ့်အဲ့တစ်ဖက်က ပျော်ဖို့ကောင်းတယ်။ Phyo Paing @ Derek
ကိုယ်ဂုဏ်မယူတဲ့သူတွေနဲ့အဆက်အဆံမလုပ်နဲ့။တစ်ဖက်သတ်ဆန်ပေမယ့်အဲ့တစ်ဖက်က ပျော်ဖို့ကောင်းတယ်။ Phyo Paing @ Derek
တချို့က တစ်ကြိမ်ပဲမွေးဖွားတယ်။တချို့က အကြိမ်ကြိမ်မွေးဖွားတယ်။ ဒီလို အကြိမ်ကြိမ်မွေးဖွားတာကိုreinvention လို့ခေါ်တယ်။ တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအခြေအနေကြောင့်ဖြစ်လာတယ်။တချို့အတွက် ဒီပြန်လည်မွေးဖွားမှုကအိမ်မက်နဲ့ အနာဂတ်အမြင်တွေကြောင့်ဖြစ်လာတယ်။တချို့အတွက် နှစ်ခုစလုံးပါရင်ပါမယ်။ ဘဝရဲ့ အတွေ့အကြုံအစုံခံစားချင်ရင်တစ်ကြိမ်ဘဲ မွေးလို့မရဘူး။အကြိမ်ကြိမ် ပြန်လည်ဖန်တီးဖို့လိုတယ်။ နယ်ပယ်သစ်၊ နေရာသစ်၊အလုပ်အသစ်၊ လူအသစ်၊အမူအကျင့်အသင့်၊ အသိုင်းအဝိုင်းအသစ်၊လောကရှုမြင်ပုံအသစ်၊စိန်ခေါ်မှုအသစ်တွေကလူတွေကို နောက်တစ်ကြိမ်ပြန်လည်မွေးဖွားစေတတ်တယ်။ Phyo Paing @ Derek
စောင့်ရတာများပြီးနေရတာများတာ ဘဝပဲ။ ကျောင်းပြီးဖို့စောင့်ရတယ်။ဘွဲ့ရဖို့စောင့်ရတယ်။အလုပ်ရဖို့ စောင့်ရတယ်။ရုံးပိတ်ရက်စောင့်ရတယ်။ကလေးတွေ ကျောင်းပြီးဖို့စောင့်ရတယ်။ လူအများစုက စောင့်တာများပြီးနေဖို့မေ့သွားတတ်ကြတယ်။ ဘဝမှာ နေဖို့ ပြီးပြည့်စုံတဲ့ခံစားချက်ရှိဖို့၁။ ကျန်းမာကြံ့ခိုင်ရေး (Health and fitness) ၂။ ငွေရေးကြေးရေး လုံလောက်မှု (Money)၃။ အချစ်၊ မိသားစု၊ အပေါင်းအသင်း (Social)၄။ တိုးတက်မှု (Growth) ကားဘီးလေးဘီးလို လိုအပ်တယ်။ ဒါတွေပြည့်စုံနေရင်စောင့်နေလို့ စောင့်နေမှန်းမသိဘဝကို ကျော်ဖြတ်လို့ရတယ်။ Phyo Paing @ Derek
Researcher တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ က ဗုဒ္ဓကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ Research Design ကို Creswell’s framework နဲ့ပြန်ဖန်တီးကြည့်တာ။ 💡သုတေသန ခေါင်းစဉ် (Title of the Study) “ဆင်းရဲဒုက္ခနှင့် လွတ်မြောက်ရာကို ကိုယ်တိုင်လေ့လာခြင်း – ကိုယ်ပိုင်အတွေ့အကြုံမှတဆင့် ဘဝ၏သဘာဝကို နားလည်ခြင်း” ✅သုတေသန ပြဿနာ (Research Problem) လေ့လာတွေ့ရှိချက်: အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် ရဟန်းဘဝကို မြင်တွေ့ပြီးနောက် ဗုဒ္ဓဘုရားရှင်သည် အားလုံးသော သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို သိမြင်တွေ့ရှိပြီး ၎င်း၏အကြောင်းရင်းများကို ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ကိုယ်တိုင်သုံးသပ်ခြင်း: ငါသည်လည်း ဤဆင်းရဲဒုက္ခနှင့် ချည်နှောင်ခံနေရသလား။ အကယ်၍ ဟုတ်ပါက ၎င်းမှ လွတ်မြောက်ရန် နည်းလမ်းရှိပါသလား။ ✅သုတေသန မေးခွန်းများ ၁။ ငါ့ဘဝတွင်
ဗုဒ္ဓက ကမ္ဘာ့အစောဆုံး
သုတေသီတစ်ယောက်လို့ပြောရင်လဲ မမှားဘူး။ Read More »
စနစ်ရဲ့ အလုပ်လုပ်ပုံကို ပထမဆုံးစဥ်းစားတယ်။ ဥပမာ ကျောင်းမှာအမှတ်ကောင်းချင်ရင်အမှတ်ပေးစည်းမျဥ်းစနစ်ကိုလေ့လာတယ်။ မားကတ်တင်းလုပ်ဖို့ ကိုယ်လုပ်မည့်နေရာရဲ့ယဥ်ကျေးမှု တွေးခေါ်၊ ခံစား၊ တုန့်ပြန်ပုံကို လေ့လာတယ်။ ကျန်းမာရေး၊ ဝမ်းစာရေး၊ဝမ်းသာရေး၊ လမ်းဖြာရေး အကုန်လုံးအတွက် စနစ်ကိုလေ့လာcheat code ကို ရှာနိုင်ရင်ကျန်တာလွယ်သွားပြီ။ Phyo Paing @ Derek
ကိုယ့်ဘဝထဲထည့်မည့်သူတွေကို သေချာရွေးချယ်ဖို့လိုတယ်။ အသိ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊အသိုင်းအဝိုင်း၊ မိသားစု၊ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ interactions တွေက ကိုယ့်အပေါ်တော်တော်လွမ်းမိုးမှုရှိတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။ Read More »
လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ တွေးနိုင်ရင် လုပ်နိုင်ဖို့ပိုသေချာသွားပြီ။ဒီလိုလုပ်ဆောင်ဖို့မိမိကိုယ်ကိုတိုးတက်မှုPersonal Development က စတင်ပါ။နောက်နှစ်ခုကိုလဲ ယူကျု့ဗီဒီယိုလေးမှာမျှဝေထားပေးပါတယ်။ ကောမန့်မှာကြည့်ပါ။ Phyo Paing @ Derek
အများစုက Journaling ဆိုတာ စိတ်ထဲမှာ ရှိတာပဲရေးတယ်ထင်တာ။အမှန်တော့ ရွှေရှာတာပဲ။ ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်ကိုနှစ်ပေါင်းများစွာချရေးထားခြင်းကကိုယ့်ကိုကိုယ် နားလည်လာမယ်။ ဘယ်အချိန် ဒေါသထွက်ပြီးဘယ်အချိန် လောဘတက်မယ်။ဘယ်အချိန် ပျော်ပြီး၊ဘယ်အချိန် စိတ်ညစ်တတ်တယ်။ဘယ်အချိန်တက်ကြွပြီးဘယ်အချိန် လမ်းပျောက်တယ်။ အကုန်လုံးကို သိလာတဲ့အခါကိုယ့်ကိုကိုယ် စီမံလို့ရလာမယ်။ ဆိုရှယ်မီဒီယာမှာတွေ့တဲ့ ဗီဒီယို တိုလေးတွေကလမ်းကြောင်းသေးသေးလေးပဲပြပေးနိုင်တာ။ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်ရမှာမို့ကိုယ်တိုင်သိဖို့လိုတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ဒါကို သိဖို့ journaling လုပ်။ Phyo Paing @ Derek
အကုန်လုံးကို သိလာတဲ့အခါ
ကိုယ့်ကိုကိုယ် စီမံလို့ရလာမယ်။ Read More »
ကလေးတွေက ဘာသာစကားလေ့လာတာမြန်ပြီးလူကြီးတွေက ဘာကြောင့် ကြာနေသလဲ။ ကျွန်တော့် အမြင်အရဆို ကလေးတွေက တုန့်ပြန်မှုတွေကလေ့လာတယ်။ဥပမာ ဒီစကားလုံးတစ်လုံးကိုတတ်တယ်။လိုအပ်တော့ ချက်ချင်းသုံးတယ်။တစ်ဖက်လူ တုန့်ပြန်မှုကို ပြန်ကြည့်တယ်။နားမလည်ရင် တစ်ဖက်က ပြင်ပေးတယ်။ပြင်ပေးတဲ့အပေါ်မှာ မူတည်ပြီးအသုံးပြုသွားတယ်။ ကလေးတွေက ရှင်သန်မှုအတွက်“ဆက်သွယ်မှု communication” တစ်ခုအနေနဲ့သုံးတယ်။သူတို့နားလည်တာက ကိုယ်ပြောတာ နားလည်ရမယ်။ လူကြီးတွေကျတော့ ဘာသာစကားတစ်ခုကို “ပညာရပ် subject” တစ်ခုလိုလေ့လာတတ်ကြတယ်။ငါ အင်္ဂလိပ်စာ လေ့လာရင် အချိန်ဘယ်လောက်ပေးရမလဲ ဒီမေးခွန်းနဲ့အရင်စတယ်။ ကလေးတွေက ဒီမေးခွန်းကို ဘယ်တော့မှ မပေးတတ်ကြဘူး။သူတို့က ဒါသိရင် ဒါသုံးမယ်။မသိသေးတာကိုလဲ အများကြီးစဥ်းစားခေါင်းရှုပ်ခံမနေဘူး။ သဘောတရားအရ use it or lose itသုံးရင်သုံးမသုံးရင် ရှုံးမေ့သွားတတ်တဲ့သဘောပဲ။ ဘာသာစကားကို ဘာသာရပ်ကိုမလေ့လာနဲ့။ တစ်ခုခုသိပြီး သုံးဖို့ အောင်းမထားနဲ့။ဘယ်လောက်ကြာမလဲ မမေးနဲ့။ ဒီအစား ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။ခုသိ ခုသုံး။ ဘာသာစကားတတ်တာကို
အလုပ်လုပ်ရတာ မခက်ဘူး။အလုပ်ဖြစ်တာကို ရှာလုပ်ရတာခက်တယ်။စာတွေရေးရတာမခက်ဘူး။လုပ်ငန်းအနေနဲ့ပြောင်းနိုင်တဲ့အလုပ်ဖြစ်တဲ့ content writing ဖြစ်ဖို့ခက်တယ်။လုပ်ငန်းတစ်ခုစရတာမခက်ဘူး။အလုပ်ဖြစ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့ခက်တယ်။ အလုပ်လုပ်ရင်းအလုပ်ဖြစ်တာကို ရှာပါ။ Phyo Paing @ Derek