သည်းခံရတဲ့ အချိန်တွေရှိတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek
တိုးတက်ချင်ရင် ပထမဆုံးပြောင်းရတာအတွေးအခေါ်ပဲ။ဒုတိယက အမူအကျင့်။တတိယက တွေ့နေကျလူတွေ။ပြီးမှ ပတ်ဝန်းကျင်။ Phyo Paing @ Derek
ကြိုးစားတိုင်း မဖြစ်ဘူး။မကြိုးစားတိုင်းလဲ မဖြစ်ဘူး။ ကြိုးစားရင် ဖြစ်နိုင်ခြေရှိတယ်။မကြိုးစားရင် ဖြစ်နိုင်ခြေမရှိဘူး။ ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပေမယ့်အောင်မြင်နိုင်ခြေများဖို့ ကြိုးစားဖို့လိုတယ်။ ကြိုးစားတယ်ဆိုတဲ့ စကားထက်အဖြေရှာတယ်ဆိုတဲ့ စကားပိုကြိုက်တယ်။ အောင်မြင်တယ်ဆိုတဲ့စကားထက်လိုချင်တာရတယ်ဆိုတဲ့စကား ပိုကြိုက်တယ်။ ဖြစ်ချင်တာဖြစ် လိုချင်တာရဖို့အဖြေရှာတတ်ဖို့လိုတယ်။ ကိုယ့်ဘဝ ကိုယ်အဖြေမရှာတတ်တာကိုယ့်အပြစ်လို့ပဲ ခံယူတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝ ကိုယ်အဖြေမရှာတတ်တာ
ကိုယ့်အပြစ်လို့ပဲ ခံယူတယ်။ Read More »
အချိန်မဖြုန်းပဲ အကောင်းဆုံးဘဝတည်ဆောက်ရေးအသုံးပြုခဲ့လို့ နောင်တရတယ်ဆိုတာ မရှိဖူးသေးဘူး။ဒါကြောင့် အချိန်မဖြုန်းနဲ့။ကိုယ့်ကိုကိုယ် သတိပေးဖြစ်တယ်။ Phyo Paing @ Derek
လူတစ်ယောက်ရဲ့အစွမ်းအစ အမြင့်ဆုံးထွက်စေတဲ့အရာတစ်ခုထဲမှာ စွန့်ဦးတီထွင်မှု Entrepreneurship ထိပ်ဆုံးကပါတယ်။ ဒီအကြောင်း ၄ မိနစ်စာဗီဒီယိုလေး ယူကျုမှာတင်ထားပေးတယ်။ Phyo Paing @ Derek
အတွေးအခေါ် ဘောင်ခပ်မခံနဲ့။ ကိုယ်အသက်ရှင်နေသမျှလိုချင်တာ ရအောင်လုပ်လို့ရနိုင်သေးတယ်။တွေးခေါ်၊ ကြံဆ၊ အကောင်းအထည်ဖော်၊သင်ခန်းစာယူ ပိုကောင်းအောင်လုပ်လို့ရတယ်။ မဟုတ်ရင် အသက်ရှင်နေပြီးသေမထူး၊ နေမထူးဘာအဓိပ္ပာယ်ရှိမှာလဲ။ Phyo Paing @ Derek
ဒီနေ့ ကိုယ်ရချင်တဲ့ရလဒ်ကဘာဖြစ်မလဲ။ဘဝကို ဖြစ်သလို ရှင်သန်လို့ရသလိုရည်ရွယ်ချက်နဲ့ ရှင်သန်လို့ရတယ်။ တစ်ရက်တာ မကုန်ခင်ရည်ရွယ်ချက်တစ်ခုထားနဲ့ ဒီနေ့ကို စတင်လို့ရတယ်။ Begin with the end in mind တဲ့။မလုပ်ခင် အဆုံးကို ကြိုစဥ်းစားတဲ့။စွမ်းဆောင်ရည်မြင့်သူတွေလုပ်တဲ့အမူအကျင့် ၇ ခု ထဲက ၁ တစ်ခုပဲ။ နေသလို ဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာ ဘဝရဲ့ အကောင်းဆုံးရှင်သန်မှုတစ်ခုမဟုတ်ဘူး။ Phyo Paing @ Derek
ကံတုံးတာ ဥာဏ်တုံးလို့ဆို ဥာဏ်တုံးတာ မာန်ဖုံးလို့။ မာန်ဖုံးတဲ့အခါ အမြင်တွေမမှန်ဘူး။အမြင်တွေ မမှန်တဲ့အခါအမှန်ကို တကယ်မမြင်ဘူး။အမှန်ကို မမြင်တဲ့အခါကိုယ့်အထင်အမြင်ကို အမှန်စင်စစ်လို့ ထင်တတ်တယ်။ ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်ရေး၊အလုပ်စီးပွား၊ငွေကြေးအဿပြာ၊အချစ်မိသားစု၊အပေါင်းအသင်းယောင်းရင်း၊စိတ်ငြိမ်းချမ်းတိုးတက်ရေးဒါတွေအကုန်လုံးဟာကိုယ့်လောကအမြင်နဲ့အများကြီးသက်ဆိုင်နေတယ်။ လောကကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲmental map အနာဂတ်ကို ဘယ်လိုပြင်ဆင်သလဲplanning နေ့စဥ်ဘာတွေလုပ်သလဲbehavior ဒါတွေက ဘဝတွေကို ပုံဖော်ပေးတယ်။ ဥာဏ်တုံးပြီး မာန်ဖုံးရင်ကံတုံးလိမ့်မယ်။ Phyo Paing @ Derek
“လုပ်ချင်တာ လုပ်ဖို့”။ လုပ်ချင်တာလုပ်ဖို့ရဲ့အတားအဆီးက “မလုပ်ချင်တာကို လုပ်ရတာ။” မလုပ်ချင်တာလုပ်နေရတဲ့အကြောင်းအရင်းက၁။ ငွေကြေးကြောင့်၂။ လူတွေရဲ့ အထင်အမြင်ကြောင့် ၃။ နောက်ထပ်ရွေးချယ်မှုတစ်ခုကို မမြင်လို့။ ငယ်တုန်းက “မလုပ်ချင်ပေမယ့် လုပ်ရတဲ့”ကျောင်းစာတွေ ရှိတယ်။ဘွဲ့တွေ ယူရတယ်။စားဝတ်နေရေးရုန်းကန်ဖို့ အလုပ်ရှိတယ်။ ဘဝမှာ ဘွဲ့လဲရပြီးပြီ၊အသက်ရှင်ဖို့လဲ လုံလောက်တဲ့ငွေကြေးရှိပြီဆို လုပ်ချင်တာ လုပ်လို့ရလာပြီ။ တချို့က တနေ့ကျ လုပ်ချင်တာလုပ်ဖို့ဒီနေ့ မလုပ်ချင်တာလုပ်၊မနေချင်တဲ့နေရာနေပြီးလွတ်မြောက်မှုအတွက် အဿပြာရှာတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က ပြိုင်ဖက်တွေကို သက်သေပြ ခြေမှုန်းဖို့ငွေရှာ၊ ဂုဏ်ရှာ ပါဝါစုတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က မိဘ၊ သားသမီးနောင်ရေးအတွက်ပျော်ရာမှာမနေ၊ တော်ရာမှာနေပြီးပျော်တာကိုမလုပ်၊ တော်ရာအလုပ်လုပ်တာဖြစ်ရင်ဖြစ်မယ်။မိဘကျေးဇူးကလဲ ကြီးမားလှတယ်။ကိုယ့်ဒီဘဝအောင်မြင်မှုရောက်နိုင်တဲ့အမြင့်တစ်ဝက်လောက်က မိဘနဲ့ဆိုင်တယ်လို့ပြောရင်မမှားဘူး။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ပိုက်ဆံ ဘာကြောင့်ရှာကြလဲဆို “လုပ်ချင်တာ လုပ်ဖို့”။တချို့တလေ ဒါကြီးကို မေ့သွားတတ်တယ်။ Phyo Paing @ Derek
မရှာဘဲလာအောင် လုပ်ကြည့်ပါ။လိပ်ပြာတွေရှိရာ စကာတစ်ခုနဲ့လိုက်ဖမ်းနေလို့ရသလိုလိပ်ပြာတွေလာအောင် ဥယျာဉ်ကြီးတည်ဆောက်လို့ရတယ်ဆိုတာအားလုံးသိထားကြတယ်။ရှာရတာ ပင်ပန်းလာတဲ့အခါမရှာဘဲလာအောင် ကြိုးစားကြည့်ပါ။ Phyo Paing @ Derek