စိတ်ရှည်ဖို့လိုတယ်။
ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်လွတ်လပ်စွာဖြတ်သန်းနိုင်ဖို့ဆယ်စုနှစ်တစ်ခုကျော်အချိန်ပေးရတတ်တယ်။စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek
ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်လွတ်လပ်စွာဖြတ်သန်းနိုင်ဖို့ဆယ်စုနှစ်တစ်ခုကျော်အချိန်ပေးရတတ်တယ်။စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek
ဒါကြောင့် ဒုက္ခ မရှိတဲ့ဘဝကို တောင့်တနေမည့်အစားဒုက္ခသစ္စာ ကြားမှာ ဘဝကို အထာကျကျဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တယ်။ ဒုက္ခဆိုတာ ကိုယ်လိုချင်တာမရရင်ဒုက္ခ။မလိုချင်တာရရင်လဲ ဒုက္ခ။ ဒါကြောင့် ကိုယ့်ဘဝကိုယ်ကိုအမြဲတမ်း သက်သောင့်သက်သာမဖြစ်နေအောင်ဒုက္ခသေးသေးလေးတော့ နေစဥ်ပေးထားတယ်။ ဥပမာ အစားအသောက် စားချင်တယ်။စားချင်တဲ့ စိတ်ကို ထိန်းတာမျိုး။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတာကို အော်တို လက်ခံနေတတ်တာမျိုး။ Phyo Paing @ Derek
ဗုဒ္ဓက သစ္စာလေးပါးမှာ
ဘဝဆို ဒုက္ခလို့ ဟောကြားခဲ့တယ်။ Read More »
လူတိုင်းက ကိုယ်တတ်ထားတဲ့အတတ်ပညာ၊ အသိုင်းအဝိုင်း၊ခေတ်အခြေအနေ၊အနာဂတ်အမြင်၊ဆာလောင်မှုနဲ့ ငွေကြေးပေါ်မူတည်ပြီးကစားရတဲ့ ဘဝဂိမ်းတွေက မတူကြဘူး။ Phyo Paing @ Derek
သူများတော့ မသိဘူး။ကျွန်တော်ကတော့ ဘဝမှာလမ်းခဏခဏ ပျောက်တတ်တယ်။ပိုကောင်းအောင် လုပ်ချင်တိုင်းလမ်းသစ်ရှာရတယ်။ပိုတော်ချင်တိုင်းလမ်းသစ်ရှာရတယ်။ခေတ်စနစ်ပြောင်းတိုင်းလမ်းသစ်ရှာရတယ်။ဒီလို ရှာရတိုင်းမှာ အသုံးပြုတာကတော့3M လို့ခေါ်တဲ့ framework လေးပဲ။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။Marketing မားကတ်တင်းကျွမ်းကျင်ရမယ်။Management စီမံခန့်ခွဲမှုကျွမ်းကျင်ရမယ်။👇 Phyo Paing @ Derek
ဒါကြောင့် ကိုယ့်ကိုကိုယ်အမြဲဖိအားတစ်ခုပေးနေဖြစ်တယ်။ လူရှေ့ထွက်စကားမပြောရဲဘူး။ဟုတ်ဟုတ်မဟုတ်ဟုတ်ထွက်ပြောတယ်။ ကိုယ့်အတွေးအခေါ်ကို စာရေးမဖော်ပြရဲဘူး။ဒါကို ဖိအားတစ်ခုပေးပြီးလုပ်ကြည့်တယ်။ ကိုယ်တိုင်လုပ်ငန်းမစရဲဘူး။ဖိအားပေးပြီး လုပ်ကြည့်တယ်။ ဒီဖိအားက ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်စေတာပဲ။ Phyo Paing @ Derek
လူတိုင်းဘဝမှာ အခက်အခဲဆုံးအချိန်တွေဆိုတာရှိတတ်တယ်။ဒါကြီးကိုသည်းခံကျော်လွှားနိုင်ရင်အကောင်းဆုံးအချိန်တွေရောက်လာမယ်။ ဘဝက အဖြေရှင်နိုင်ရင်အမြဲတမ်းခက်ခဲနေမှာ မဟုတ်ဘူး။ ၁။ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုသိ၂။ သတင်းအချက်အလက်ရှာ၃။ ဘယ်ပုံစံနဲ့ပြဿနာဖြေရှင်းမလဲအဖြေရှာ၄။ တကယ်လုပ်၅။ ရလဒ်ကိုပြန်လည်လေ့လာပြီး ပိုကောင်းအောင်လုပ်။ Phyo Paing @ Derek
လူတိုင်းဘဝမှာ အခက်အခဲဆုံး
အချိန်တွေဆိုတာရှိတတ်တယ်။ Read More »
တိုးတက် ဆိုတာ “တိုး” “များလာခြင်း၊ ပိုများလာခြင်း” ဖြစ်ပြီး“တက်” ရဲ့အဓိပ္ပါယ်က “အထက်သို့ရွှေ့လျားခြင်း၊ မြင့်တက်လာခြင်း”ဖြစ်ပါတယ်။ အထက်ကိုမြင့်တက်နေမှာ တိုးပွားမည့် အဓိပ္ပာယ်ဖြစ်ပါတယ်။ တိုးတက်ဖို့အတွက် စိန်ခေါ်မှု challenge လိုတယ်။ကျွမ်းကျင်မှု skill set အသစ်လိုတယ်။တွေးခေါ်မှု အသိပညာ knowledge အသစ်လိုတယ်။လူသစ်တွေနဲ့တွေ့ဖို့ network လိုတယ်။ အိုင်ဒီယာအသစ် new idea လိုတယ်။ ကမ္ဘာကြီးကို မတူညီတဲ့ရှုထောင့်ကကြည့်ဖို့ new perspective လိုတယ်။ ဒါကြောင့် သက်သောင့်သက်သာဖြစ်တဲ့ပတ်ဝန်းကျင်မှာနေဖို့ထက် သက်သောင့်သက်သာလဲဖြစ်သလိုလိုမဖြစ်သလိုလို ဖြစ်တဲ့ ပတ်ဝန်းကျင်လိုတယ်။ ဒါက တိုးတက်နေတဲ့သဘောပဲ။ လုပ်နေကျ အလုပ်တွေလုပ်၊ပြောနေကျ အိုင်ဒီယာဟောင်းတွေထပ်ပြော၊တွေ့နေကျလူတွေနဲ့ ထပ်တွေ့၊နေနေကျနေရာမှာ ထပ်နေ။ ဒါက တိုးတက်မှုအတွက် အကောင်းဆုံး ဖြစ်ဖို့မလွယ်ဘူး။ ဘဝမှာ 100 က စပြီး လျော့သွားတာထက်0 က
အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲ။တိုးတက်မှုဆိုတဲ့ အိမ်ငှားခ မပေးနိုင်ရင်ကန်ချခံရလိမ့်မယ်။ Phyo Paing @ Derek
လူတိုင်းမှာ ငုပ်လျှိုးနေတဲ့အစွမ်းအစတွေရှိတယ်။ ဒါကို မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။ ဘဝမှာ ကိုယ့်အတွက် အရေးအကြီးဆုံးကို“တန်ဖိုးထားမှု value” လို့ခေါ်တယ်။ ကိုယ့်တန်ဖိုးထားမှုက ကိုယ့်ရဲ့ ဓူဝံကြယ်ပဲ။ကိုယ်ဘဝကို ဘယ်လိုနေရမလဲဆိုတာ လမ်းညွှန်ပေးတဲ့တယ်။ ကျွန်တော့်အတွက်ဆို ၁။ တိုးတက်မှု Progress၂။ လွတ်လပ်မှု Freedom၃။ ရင်ခုန်မှု Excitement ဒီသုံးခု က မရှိမဖြစ်အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အားသာချက်“စူပါပါဝါကို သိဖို့လိုတယ်။” လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့က အလုပ်ဖြစ်နေပြီးသားကို ထပ်ခါထပ်ခါလုပ်သွားချင်တယ်။ (Consistency)တချို့က အလုပ်ဖြစ်တာကိုသိရင်နောက်တစ်ခုအသစ်ကို လေ့လာချင်တယ်။ (Learner) မလုပ်ခင် အချိန်တွေအကြာကြီးစဥ်းစားအန္တရာယ်တွေတွက်ချက် ရှောင်ရှားပြီးမှဖြေးဖြေးချင်းလုပ်တဲ့သူရှိတယ်။ (Deliberate)တချို့က စဥ်းစား၊ အန္တရာယ်တွေကိုနားလည်တယ်။ရအောင်လုပ်ဖို့ အန္တရာယ်တွေကို ရင်ဆိုင်တဲ့သူရှိတယ်။ (Achiever) တချို့က ပျက်နေတာကို ပြင်ချင်တယ်။ (Fixer)တချို့က ရှိနေပြီးသားကို ပိုကောင်းအောင်လုပ်ချင်တယ်။ (Maximizer)
ငုပ်လျှိုးနေတဲ့အစွမ်းအစတွေထွက်ချင်ရင်ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Adam Grant ရဲ့Hidden Potential စာအုပ်ကိုပြန်လည်ရှင်းပြပေးထားပါတယ်။See you there. Phyo Paing @ Derek