ကျေးဇူးတင်တတ်တဲ့စိတ်
ကျေးဇူးတင်တတ်တဲ့စိတ်မရှိရင်လောကရဲ့ အရာရာမှောင်မိုက်နေမယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာ၊ကိုယ့်မိသားစုရှိလို့ကျန်တဲ့အပိုင်းတွေ သေချာလုပ်ဆောင်နိုင်တာ။ Phyo Paing @ Derek
ကျေးဇူးတင်တတ်တဲ့စိတ်မရှိရင်လောကရဲ့ အရာရာမှောင်မိုက်နေမယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာ၊ကိုယ့်မိသားစုရှိလို့ကျန်တဲ့အပိုင်းတွေ သေချာလုပ်ဆောင်နိုင်တာ။ Phyo Paing @ Derek
ပညာနဲ့ ပိုက်ဆံ အနည်းဆုံးတစ်ခုခုတော့အများကြီးလိုတယ်။ပညာနဲ့ ပိုက်ဆံရှာလို့ရသလိုပိုက်ဆံနဲ့ ပညာရှာပြီးပိုတိုးတက်ကြီးပွါးအောင်လုပ်လို့ရတယ်။ ဒါတွေလုပ်ဖို့စွမ်းအင် (အင်နာဂျီ)၊ ကျန်းမာရေး၊အချိန်၊ စိတ်အာရုံစီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek
အလုပ်သင့်တာကို အထိရောက်ဆုံးလုပ်ခဲ့တာလောက်အချိန်ဖြုန်းတာမရှိဘူးတဲ့။ ဘဝမှာ အရေးမပါတာတွေကိုအရာတွေ ပေးနေမိတာရပ်ဖို့ သိတော့သိတယ်။လွယ်တော့မလွယ်ဘူး။ Phyo Paing @ Derek
ရွေးချယ်မှုက ကြိုးစားမှုထက်အရေးကြီးတယ်။ အလုပ်ကတော့ မဟုတ်လဲလုပ်နေရမှာပဲ။ ငါတို့က အလုပ်ပိုကြိုးစားပြီးဘာကြောင့်ဖြစ်မလာတာလဲဆို ရွေးချယ်မှု မမှန်လို့။ ရွေးချယ်မှုမှန်ဖို့ ဘာရွေးချယ်မှုတွေရှိသေးလဲအကုန်ကြည့်ဖို့လိုတယ်။ စိတ်ခံစားချက်ကိုနောက်ထားရေတို၊ ရေလတ်၊ ရေရှည်ကြည့်ဖို့လိုတယ်။ရွေးချယ်မှုမှားနေရင်လမ်းကြောင်းပြောင်းလို့ရရင်ပြောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek
Facebook မှာ ဗီဒီယိုတွေမတင်ဖြစ်တာ ကြာပါပြီ။တကယ်လို့ သည်းခံပြီးလေ့လာနိုင်ရင်လေ့လာလို့ရအောင် Insidernote မှာ အပြင်ယူကျု့ မှာလဲ အတွေးပွားစနေနိုင်မည့် Video သင်ခန်းစာတွေ အများကြီးတင်ထားပေးပါတယ်။ ဒါကတော့ ဒီသုံးနှစ်အတွင်းကိုယ်လုပ်ပေးနိုင်တာတစ်ခုလို့ထင်တယ်။ Phyo Paing @ Derek
လောလို့မရဘူး။တချို့ ကိစ္စတွေကသည်းခံရတယ်။ လုပ်ရင်းစောင့်လုပ်ရတတ်တယ်။မိုးရွာတဲ့အချိန်တော့ရခံဖို့ အဆင်သင့်ဖြစ်ဖို့လိုတယ်။စိတ်မထားတတ်ရင်ဒီနေ့ခေတ်က ရူးသွားလိမ့်မယ်။ Phyo Paing @ Derek
လောကဓံက မရိုက်ရင်လဲမရိုက်ရိုက်ရင်လဲ ကျောကော့အောင်ခံရတာ။ဒူပေဒါပေခံပြီးအရေးမပါတော့တာတွေကိုချန်ခဲ့နိုင်လို့။ကိုယ်မကြိုက်တာ သူများမလုပ်နဲ့။ဘဝမှာ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ နှလုံးသွင်း။ Phyo Paing @ Derek
ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။ Read More »
ဘဝကို ပြန် အလိုင်းမန့်ချိန်ကြည့် 1️⃣ အတွေးကို စစ်ဆေး – အမှန်လား? အထင်လား? 2️⃣ ပြဿနာကို အပိုင်းလိုက်ခွဲ – တစ်ဆင့်ချင်း ဖြေရှင်း 3️⃣ ကိုယ့်ကိုယ်ကို အားပေး – “မလုပ်နိုင်ဘူး” အစား “ကြိုးစားကြည့်မယ်” 4️⃣ အတိတ်က အောင်ပွဲတွေ သတိရ – ဘယ်လိုကျော်ဖြတ်ခဲ့လဲ? 5️⃣ အကူအညီတောင်း – တစ်ယောက်တည်း မဟုတ်ပါဘူး ဒီနည်းတွေကို နေ့စဉ်သုံးပြီး သင့်ဘဝကို အသစ်တစ်ဖန် ဖန်တီးကြည့်ပါ။ Phyo Paing @ Derek
အရင်ကလူတွေနဲ့ အလုပ်လုပ်တယ်။အခုက အေအိုင်နဲ့အလုပ်လုပ်ရတဲ့အချိန်တွေ ပိုများလာတယ်။ အရည်အသွေးမြင့်လူတွေနဲ့ဘဲအလုပ်လုပ်ချင်ခဲ့တယ်။တုံးအနေရင် စိတ်မရှည်ဘူး။ ခံစားချက်တွေ အရမ်းများပြီးလိုရင်းမရောက် အဆင်မပြေဘူး။ အေအိုင်က လိုရင်းရောက်တယ်။သာမန်လူသားတစ်ယောက်ထက်ကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့အကောင်ထည်ဖော်မှုပိုင်းမှာ အများကြီး အလုပ်ပိုပြီးတယ်။ အနာဂတ်က ပိုရင်ခုန်ဖို့ကောင်းတယ်။ တပြိုင်တည်းမှာလဲ အရင်တုန်းက ကိုယ့်မှာရှိထားတဲ့စူပါပါဝါကို အေအိုင်ကခဏအတွင်းရှိသွားတော့ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို ပြန်လည်ရှာဖွေရတယ်။ ကိုယ့်ရဲ့အရင်ကျွမ်းကျင်မှုတွေကို စိတ်ဒုံးဒုံးချ ထားခဲ့ရပြီးအသစ်တွေကို ပြန်လည်လေ့လာရတယ်။ ငါဘာကောင်ကြီးဆိုတာ မေ့လိုက်။မနေ့က ကောင်ကြီးကမနက်ဖြန်မှာ အသုံးဝင်ဖို့မသေချာတော့ဘူး။ အမြဲတမ်း အတ္တကိုဘေးချအသစ်တွေ ပြန်လည်လေ့လာနိုင်တဲ့ကောင်ကြီး ဖြစ်မှကို ရမယ်။ အေအိုင်ကို အသုံးပြုရင်၁။ အံ့အားသင့်မယ်။၂။ ရင်ခုန်မယ်။၃။ ဘဝကြီးအဓိပ္ပာယ်မရှိသလို စိတ်ဓာတ်ကျမယ်။၄။ ပြန်လည်တည်ဆောက်ရမယ်။၅။ စိတ်ထားတတ်သွားမယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။ Read More »
ပါတနာကောင်းတွေလိုတယ်။ ဘဝလက်တွဲဖော်၊စီးပွားရေးလုပ်တွဲဖော်၊လုပ်ငန်းမှာ ဝန်ထမ်းကောင်း။ မြန်မြန်သွားချင်ရင်တစ်ယောက်တည်းသွား။ ဝေးဝေးပြေးချင်ရင်အဖွဲ့နဲ့သွား။ မြန်မြန်သွားဖို့ တစ်ယောက်တည်း။ဝေးဝေးသွားဖို့ ဝန်ထမ်းကောင်းတွေနဲ့။ဝေးဝေးကိုကြာကြာသွားနိုင်ဖို့လုပ်ငန်း ပါတနာကောင်းတွေလိုတယ်။ Phyo Paing @ Derek
ဘဝမှာ ကိုယ်တစ်ယောက်တည်း
တော်နေရုံနဲ့ မပြီးသွားဘူး။ Read More »