Dr. Phyo Paing

https://yec.company

ကိုယ့်ဘဝတိုင်ပတ်စေတာ
ဒီ ငါးခုကြောင့်

၁။ အနာဂတ်အမြင်မရှိလို့၂။ အရေးပါတာနဲ့ အရေးမပါတာခွဲမသိလို့၃။ ဇွဲမရှိ အပျင်းကြီး ရည်မှန်းချက်မရှိလို့၄။ အပေါင်းအသင်းကောင်းမရှိလို့၅။ ကံကိုက မကောင်းလို့ =====================အသေးစိတ်ဖတ်ချင်ရင် ဆက်ဖတ်ပါ။ ကိုယ့်ဘဝတိုင်ပတ်စေတဲ့ အကြောင်းရင်း ၅ ခုကို အသေးစိတ် ရှင်းပြပေးပါမယ်။ ဥပမာတွေနဲ့ သုတေသန အချက်အလက်တွေ ထည့်သွင်းဖော်ပြပေးပါ့မယ်။ ၁။ အနာဂတ်အမြင်မရှိလို့ အနာဂတ်အမြင်ဆိုတာ ရေရှည်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို မျှော်တွက်နိုင်စွမ်းဖြစ်ပါတယ်။ အနာဂတ်အမြင်မရှိရင် လက်ငင်းအကျိုးအတွက်ပဲ ဆုံးဖြတ်မိတတ်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကို မထည့်သွင်းစဉ်းစားမိတတ်ပါဘူး။ ဥပမာ – အလုပ်တစ်ခုကနေ နုတ်ထွက်ဖို့ စဉ်းစားနေတဲ့သူတစ်ယောက်အနေနဲ့ လက်ရှိအလုပ်မှာ စိတ်ပျက်နေလို့ ချက်ချင်းနုတ်ထွက်ချင်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်အမြင်ရှိရင် အလုပ်သစ်ရှာဖွေထားပြီးမှ နုတ်ထွက်တာ ပိုကောင်းမယ်ဆိုတာ သိနိုင်ပါတယ်။ သုတေသနတွေအရ အနာဂတ်အမြင်ရှိသူတွေဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ ဘဏ္ဍာရေးမှာ ပိုအောင်မြင်ကြောင်း တွေ့ရှိထားပါတယ်။ […]

ကိုယ့်ဘဝတိုင်ပတ်စေတာ
ဒီ ငါးခုကြောင့်
Read More »

အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။

ဒါကို ထုတ်သုံးဖို့ အတားအဆီးကအကျိုးမရှိတဲ့ စိတ်ခံစားမှုတွေ။ စိတ်ခံစားမှု မကောင်းရင်အတွေးမကောင်းဘူး။ အတွေးမကောင်းရင်လဲစိတ်ခံစားမှု မကောင်းဘူး။ ဒါကြောင့် Cognitive Behavior Therapy (CBT) ကော်နက်တစ် ဘီဟေးဘီယာ ကုထုံးမှာအတွေး-ခံစားချက်-လုပ်ဆောင်ချက်Thinking-Feeling-Doing ဆက်စပ်ချက်ကိုပြောတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့လိုတယ်။ ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့ဗုဒ္ဓသင်ကြားပေးခဲ့တဲ့ သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့ မှန်သော အယူအမြင် ရှိဖို့လိုတယ်။ မှန်ကန်သော အယူအမြင်ဆိုတာ အကြောင်း အကျိုးဆက်စပ်မှုဖြစ်တယ်။ ကိုယ်အခုဖြစ်နေတဲ့ဘဝ အကျိုးဟာ ကိုယ့်ရဲ့ အတိတ်ကလုပ်ရပ် အကြောင်းကြောင့်ဖြစ်တယ်။ ပြီးသွားတာကို ပြင်လို့မရဘူး။အနာဂတ်ဖြစ်လာမည့်အရာကို ပြင်လို့ ရတယ်။ အနာဂတ်ကို “ဒီနေ့” က စပြင်လို့ရတယ်။ ကိုယ့်အတွက် အကျိုးမရှိတာ သူတပါးအတွက် အကျိုးမရှိတာ တတ်နိုင်သလောက်မတွေးနဲ့၊ မပြောနဲ့ မလုပ်နဲ့။ ကာယကံ၊ ဝဇီကံ၊ မနောကံကံသုံးပါးကို ဂရုစိုက်ခြင်းနဲ့စတင်လို့ရတယ်။ Phyo Paing

အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။
Read More »

အတောင်ကျိုးတဲ့ငှက်က
မပျံသန်းနိုင်ဘူး။

စိတ်ဒဏ်ရာတွေ မကုစားနိုင်တဲ့ လူကလဲ ဒရာမာကနေ ဒရာမာတွေဖြစ်နေမှာပဲ။Trauma က Drama ဖြစ်တာကိုကုစားဖို့ ပထမဆုံးအချက်ကအဲ့ဒီ ဒဏ်ရာရှိတာသိဖို့။ ဒုတိယအချက်က ကိုယ့်ဒဏ်ရာအတွက် သားကောင်နေရာ ခံရသူနေရာကနေတာဝန်ယူတဲ့သူနေရာပြောင်းဖို့။ Victim to Victor ခံရသူက အောင်နိုင်သူဖြစ်ဖို့ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့လိုလာတယ်။ တခါတလေ ဘာကြောင့်မကောင်းတာတွေ လုပ်တဲ့သူတွေကမကောင်းတာ မဖြစ်သလဲ။ကိုယ်လဲ မကောင်းတာလုပ်လိုက်တော့မယ်လိုက်မလုပ်ရင်တော့ တခါတလေလောကကို အရွဲ့တိုက်စဥ်းစားမိတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ဗုဒ္ဓက ကံ ကံ၏အကျိုး လို့ဆိုခဲ့တယ်။ အစ္စလာမ်ဘာသာမှာဆိုလဲဘုရားသခင်က ကိုယ့်ကို စမ်းသပ်တယ်။ Judgement day မှာ အကုန်ရှင်းမယ်လို့အသိမိတ်ဆွေတွေပြောတာအရသိရတယ်။ လူတိုင်းက ငယ်ဘဝက ဒဏ်ရာတွေ ရှိတယ်။နည်းတာနဲ့ များတာပဲကွာမယ်။ ဒါကို သိဖို့နဲ့ တာဝန်ယူဖို့ကလွယ်မလိုလိုနဲ့ ခက်တယ်။ ခက်တာကိုကျော်ပြီးရင်ဘဝက လွယ်ကူလာနိုင်မယ်။ Phyo Paing @ Derek

အတောင်ကျိုးတဲ့ငှက်က
မပျံသန်းနိုင်ဘူး။
Read More »

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။

ကိုယ့်အာရုံကို အမှိုက်သရိုက်တွေပေါ်မစိုက်ဘဲ လျစ်လျူရှုနိုင်ပြီးကိုယ့်အလုပ်ပေါ်ကိုယ် အာရုံစိုက်နိုင်တာမဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Phyo Paing @ Derek

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Read More »

ဘဝကို ယုတ္တိကျကျပဲ

ဘယ်သူ့ကိုမဆို ရေရှည်အတွက် အဆင်မပြေရင်ဘဝထဲက ထုတ်ပစ်ဖို့ ဝန်မလေးဘူး။ ဒါကြောင့် တစ်ခုခုဆို ကိုယ့်အတွက်လဲ တန်ဖိုးမရှိအာရုံနောက်တာနဲ့ ပြန်ရတာ မကိုက်ရင်ဘဝထဲက ထုတ်လိုက်တယ်။ ကိုယ့်အတွက် တန်ဖိုးမရှိတဲ့သူတွေကို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေမပေးလိုက်နဲ့။ ဘဝကို ယုတ္တိကျကျပဲစဥ်းစားဖြတ်သန်းတဲ့အချိန်ကစပြီးအရမ်းလွယ်ကူလာတယ်။ Phyo Paing @ Derek

ဘဝကို ယုတ္တိကျကျပဲ Read More »

သာမန်လူလို မဖြတ်သန်းနဲ့။

သာမန်လူလိုမဖြစ်ချင်ရင်ကိုယ့်ရဲ့ တစ်ရက်တာကို သာမန်လူလို မဖြတ်သန်းနဲ့။ သာမန်လူအများစုက အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်းနေတယ်။ရှိတာ အကုန်သုံးတယ်။ အနာဂတ်အတွက် ကြိုတင်တမင်တကာ စီမံတာနည်းတယ်။ ကျန်းမာ ကြံ့ခိုင်ရေး ဂရုမစိုက်ဘူး။အသိဥာဏ်ဖွံ့ဖြိုးတိုးတက်အောင်မလေ့လာ နေဘူး။ သာမန်ထက် စွမ်းဆောင်ရည်မြင့်တိုးတက်ချင်ရင် တစ်ရက်တာကို သေချာတည်ဆောက်။ ကိုယ့်အချိန်တွေကို အလဟသ မဖြုန်းနဲ့။ အသိဥာဏ်တိုးတက်အောင် တည်ဆောက်။ လူနဲ့ တိရစ္ဆာန်ကွာစေတာ အသိဥာဏ်ပဲ။ ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်။ မိတ္တဗလတည်ဆောက်။ အနာဂတ်အတွက် ကြိုပြင်။ Phyo Paing @ Derek

သာမန်လူလို မဖြတ်သန်းနဲ့။ Read More »

အချိန်မတန်ခင် ဇိမ်မခံနဲ့။

ပိုက်ဆံဘာလို့ရှာလဲဆိုပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စတွေကို ခေါင်း မကိုက်အောင်လို့။ ကိုယ့်အတွက် ဖြေရှင်းရမည့်ပြဿနာကပိုက်ဆံ မဖြစ်အောင် အလုပ်အကိုင်နဲ့ စီးပွားကို ရွေးရတာပေါ့။ မဟုတ်ရင် ကိုယ့်ဘဝရပ်တည်ဖို့ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ကျန်တဲ့ အချိန်မှာ အိပ်မက်ကို တည်ဆောက်ဖို့ကျတော့အားအင် ကုန်ခမ်းနေပြီ။ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စခေါင်းမခြောက်အောင်ငွေကို လွယ်လွယ်မဖြုန်းနဲ့။ နောက် ငွေကြောင့် ဘဝကိုပေးဆပ်တာမဖြစ်ရအောင်အချိန်မတန်ခင် ဇိမ်မခံနဲ့။ အဲ့လိုပဲ စဥ်းစားမိတယ်။ Phyo Paing @ Derek

အချိန်မတန်ခင် ဇိမ်မခံနဲ့။ Read More »

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။

ကိုယ်လုပ်ချင်တာလုပ်ပြီးပိုက်ဆံမရှာဘဲလာအောင်လုပ်လို့မရဘူးလား။ တခါတလေ တစ်ခုကို အကောင်အထည်ဖော်ပြီးကျန်တာတွေလုပ်စရာမလိုတော့တာမဟာဗျူဟာပဲ။ ပြိုင်ဖက်တွေထက်သာအောင်ဘာလုပ်ရမလဲ။ဒီမေးခွန်းအစားပြိုင်စရာမလိုတော့ဘဲနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းက လိုချင်တာလဲရမယ်။မလိုချင်တာကိုလဲ ရှောင်ရှားနိုင်မယ်။ မဟာဗျူဟာမြောက်စဉ်းစားဖို့မြင်ကွင်းကျယ်ကျယ်ထားဖို့လိုတယ်။ မေးခွန်းကောင်းမေးတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။
Read More »

antifragility လို့ခေါ်တယ်။

လိုချင်တာကို လွယ်လွယ်မရတဲ့ငယ်ဘဝကို ပိုင်ဆိုင်တာ ကောင်းတဲ့အချက်ပဲ။ လိုချင်တာ လွယ်လွယ်မရတဲ့အခါလိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။ ဒီနေ့ခေတ်ကလေးတွေကခြေမွေးမီးမလောင် လက်မွေးမီးမလောင်လိုချင်တာ အကုန်အလွယ်တကူရခြင်းကအကောင်းဆုံးပြုစုပျိုးထောင်မှုမဟုတ်ဘူးလို့ထင်တယ်။ အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီးNassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်ကဥပမာ သုံးခုနဲ့ပြတယ်။ ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘောဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား စနစ်တွေရဲ့ ပုံစံက မတူကြဘူး။ လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒီအဖွဲ့အစည်းတွေက အခက်အခဲအပြင်ကလာတဲ့ ပြဿနာတွေကို ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ“ကိုယ့်ကို မသေစေတဲ့အရာတွေကပိုသန်မာလာစေတယ်တဲ့။” ဒီ အိုင်ဒီယာကို antifragility လို့ခေါ်တယ်။ Fragile ဖြစ်တယ်ဆိုတာ ကျိုးပျက်လွယ်တာ။ အခုလို အသက်အရွယ်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်နောက်

antifragility လို့ခေါ်တယ်။ Read More »

ကိုယ့်အနာဂတ်အမြင်ကို
ယုံကြည်ဖို့လိုတယ်။

တခါတလေ ကိုယ့်ထက် ဝင်ငွေအရမ်းပိုကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါ ငါလုပ်နေတာ မှားများမှားနေပြီလားဒီလို စိတ်ဝင်တတ်တယ်။ အထူးသဖြင့်လုပ်ငန်းရှင်တွေ။ အမှန်တော့ ကိုယ့်ရဲ့အနာဂတ်အမြင်ကိုယုံကြည်ပြီးကိုယ်ရွေးချယ်တဲ့အလုပ်ကို ဆက်တိုက်လုပ်သွားရင်ရွေးချယ်မှုလဲမှန်ရင်နောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကိုယ်လဲ ဒီထက်မကမတိုးတက်သွားဘူးလို့ မပြောနိုင်ဘူး။ ကိုယ့်အနာဂတ်အမြင်ကိုယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အနာဂတ်အမြင်ကို
ယုံကြည်ဖို့လိုတယ်။
Read More »