community ရပ်ဝန်းတစ်ခုလိုတယ်။
စိတ်ဝင်စားတဲ့အကြောင်းအရာတူတဲ့သူတွေအလွယ်တကူ ချိတ်ဆက်လို့ရသလိုပဲ၊အိမ်မက်တူ၊ တွေးပုံတူရင်ချိတ်ဆက်ရလွယ်ပြီး ဘဝနေထိုင်ရတာ အရသာပိုရှိတယ်။ ကိုယ်နဲ့ပုံစံတူတဲ့သူတွေရှိတဲ့ community ရပ်ဝန်းတစ်ခုလိုတယ်။ Phyo Paing @ Derek
စိတ်ဝင်စားတဲ့အကြောင်းအရာတူတဲ့သူတွေအလွယ်တကူ ချိတ်ဆက်လို့ရသလိုပဲ၊အိမ်မက်တူ၊ တွေးပုံတူရင်ချိတ်ဆက်ရလွယ်ပြီး ဘဝနေထိုင်ရတာ အရသာပိုရှိတယ်။ ကိုယ်နဲ့ပုံစံတူတဲ့သူတွေရှိတဲ့ community ရပ်ဝန်းတစ်ခုလိုတယ်။ Phyo Paing @ Derek
မလုပ်သင့်တာကို အထိရောက်ဆုံးလုပ်နေတာလောက် အချိန်ဖြုန်းတာမရှိဘူး။အရေးမပါတာကို အရာမပေးပါနဲ့။ Phyo Paing @ Derek
တစ်လ၊ တစ်နှစ်တည်းနဲ့ ကြီးပွားချမ်းသာဘဝကြီးပြောင်းလဲနိုင်တယ်။ ဒါကို ယုံလဲယုံကြည်တယ်။ အဲ့ဒီ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဖြစ်ဖို့ဆယ်စုနှစ်တစ်ခုလောက်စူးစမ်းလေ့လာမှု၊ သင်ယူမှု၊ ဇွဲ၊ ဝိရိယ၊အကင်းပါးမှုတွေ ရင်းနှီးမြုပ်နှံဖို့လိုတယ်။ အနာဂတ်အတွက် စိတ်ရှည်မှု၊ ပစ္စုပ္ပန်အတွက် မြန်ဆန်မှု၊ အတိတ်ကပေးတဲ့ သင်ခန်းစာဒီသုံးခု ပေါင်းစပ်သွားဖို့လိုတယ်။ Phyo Paing @ Derek
ကွန်ပြူတာတစ်လုံး၊ အိတ်တစ်လုံးနဲ့ပဲဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တယ်။ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာသွား။ဘဝကို ချုပ်နှောင်မှုတွေမရှိပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တယ်။စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်မားကတ်တင်း၊စီမံခန့်ခွဲမှုပညာတွေကအိမ်မက်တွေကို ဖြစ်စေခဲ့တယ်။ဘဝမှာ လွတ်လပ်မှုထက်ဘာများပိုအရေးကြီးအုံးမလဲ။ Phyo Paing @ Derek
လောကီမှာ အောင်မြင်ချင်ရင်ဆာလောင်မှု အရေးကြီးတယ်။လောကုတ္တရာမှာ အောင်မြင်ချင်ရင်စွန့်လွတ်မှု အရေးကြီးတယ်။ Phyo Paing @ Derek
ဘဝမှာ ပညာရပ်တွေကို ချစ်လို့ လေ့လာတာထက်အသုံးဝင်လို့ လေ့လာတာများတယ်။ ၂၀၁၂ မှာ စီးပွါးရေးပညာလေ့လာတော့မားကတ်တင်းက အနာဂတ်မှာအရေးပါလာမယ် ရိပ်မိတယ်။၂၀၁၃ ကစပြီး မားကတ်တင်းကိုAll-in အားကုန်ထည့်တယ်။သူ့ကို အားထည့်သလို ရလဒ်လဲပြန်ရတယ်။ လူရှေ့သူရှေ့စကားပြောကောင်းတဲ့သူတော့မဟုတ်ဘူး။ စာသင်တဲ့ကျွမ်းကျင်မှုက ကိုယ့်အတွက် အင်မတန်အသုံးဝင်တယ်။၁။ စာတွေကို သင်ရင်းပိုလေ့လာနိုင်တယ်။၂။ လူတွေနားလည်အောင်ပြောဆိုရှင်းပြခြင်းကိုနေ့စဉ်လေ့ကျင့်လို့ရတယ်။၃။ အသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။၄။ တခြားနယ်ပယ်တိုင်းမှာသုံးလို့ရတယ်။ဒါနဲ့ စာစသင်တယ်။ စိတ်ပညာ။လူတွေနဲ့ ဆက်ဆံနေရသမျှစိတ်ပညာက အသုံးပြုနေရမှာ။ဒီတော့တစ်ခါလေ့လာ တစ်သက်လုံးသုံးလို့ရတယ်။ အတွေးအခေါ်ပညာ။စဉ်းစားခြင်း၊ တွေးခေါ်ခြင်းဒါကလဲ တစ်သက်လုံးလုပ်ရမှာ။နောက်ပြီး မဟာဗျူဟာမြောက် စီမံကိန်းချခြင်းStrategic Thinking/Planning မှာအမြဲအသုံးပြုလို့ရတယ်။ စွမ်းဆောင်ရည်မြင့် productivity တစ်သက်လုံး ဒီစိတ်နဲ့ ခန္ဓာကိုခိုင်းစားညွှန်ကြားရမှာ။ညွှန်ကြားမှုစနစ်မသိရင်လူပန်းပြီး စိတ်ထောင်းကိုယ်ကြေနိုင်တယ်။ဒီတော့ ကိုယ့်ကိုကိုယ်ကူညီနိုင်ဖို့တက်ကျမ်း self-help က စတင်ပြီးအပြုသဘောဆောင်စိတ်ပညာpositive psychology နဲ့စွမ်းဆောင်ရည်မြင့်နောက်တစ်ဆင့်ရောက်ဖို့productivity အပြင်ပျက်ရင်ပြန်ပြင်ဖို့ healing တို့self-therapy တို့လုပ်တယ်။ Business Consulting.အသက် ၁၀၀
အလုပ်ကို နည်းနိုင်သမျှနည်းအောင်လုပ်ပြီးရလဒ်ကို များနိုင်သမျှများအောင်လုပ်။ဒါကို နည်းနည်းလုပ်များများရ leverage လို့ခေါ်တယ်။ ဥပမာဆယ်တန်းတုန်းကသင်္ချာဆို အခန်း ၁-၈ စက်ဝိုင်းခန်းထိရပြီးတစ်မှတ်တန် အခန်း ၁၂ differentiation ထိကြည့်ရင်ဂုဏ်ထူးထွက်ကိုထွက်တယ်။အခန်း ၈ ထိကလဲ အရမ်းလွယ်တယ်။ဇီဝဗေဒဆို ယုန်အကြောင်းRabbit ကနေ နောက်အခန်းထိကြည့်။အရှေ့က အပင်အခန်းတွေ နည်းနည်းပဲလုပ်။ဂုဏ်ထူးထွက်ကို ထွက်တယ်။ ဒါက လိုချင်တဲ့ရလဒ်ရဖို့နည်းနည်းလုပ် များများရဖို့highly leveraged activities တွေကိုသတ်မှတ်တာပေါ့။ တက္ကသိုလ်မှာဆို ကြယ်ငါးပွင့်5 stars တွေ ကြည့်၊4 stars တွေအကုန်သိရင်စာမေးပွဲအောင်သလိုပေါ့။ ဘဝမှာ နည်းနည်းလုပ်များများရဖို့“အရေးကြီးတာ သိဖို့လိုတယ်။” ဥပမာ ဒီနေ့ခေတ် လုပ်ငန်းငယ်လေးငွေများများရှာချင်ရင်၊အရင်းအနှီးနည်းနည်းများများငွေများများ မြန်မြန်ရှာချင်ရင်နည်းနည်းလုပ် များများရhighly leveraged activities မှာလူမှုကွန်ယက် social media ပါတယ်။နောက် စီမံခန့်ခွဲမှုလုပ်နိုင်တဲ့နည်းပညာပါတယ်။ ဒီနှစ်ခုကောင်းကောင်းလုပ်နိုင်ရင်ကိုအမှတ်ပေးစည်းမျဉ်းအရဂုဏ်ထူးမထွက်ရင်တောင်အောင်မှတ်ရတယ်။ ဒါတွေလုပ်နိုင်ဖို့ နေ့စဉ်အကြည်ဓာတ်မပျောက်စေနဲ့အားတီ၊ အားမေတို့။
ရုပ်ခန္ဓာကအင်ဂျင်ဆိုစိတ်ကမောင်းနှင်တဲ့ ဒရိုက်ဘာပဲ။ နွေပူ၊ မိုး၊ ဆောင်းကြားမှဘဝဖြတ်သန်းမှု အများစုက“စိတ်အလုပ်” လုပ်နေရတာပဲ။ အတွေးကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။အကြံအစည်ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ အလုပ်အကိုင် ကောင်းချင်ရင်စိတ်ကို စီမံနိုင်ဖို့လိုတယ်။ စိတ်အလုပ် လုပ်ရတာဖြစ်တဲ့အတွက်စိတ်ရှုပ်ရမည့်အရာတွေဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်ပါ။ မြန်မြန်ဖြေရှင်းလို့ရရင် ဖြေရှင်း။ဘာကြောင့်လဲဆိုတာ ဘဝဆိုတာ စိတ်အလုပ်။ စိတ်မပျော်ရင် အိပ်မပျော်ဘူး။စိတ်ထောင်းရင် ကိုယ်ကြေတယ်။ ဒါကြောင့် ဓမ္မပဒ မှာ“မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ” လို့ဆိုပြီး “စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်၊ စိတ်ဟာ အကောင်းဆုံးဖြစ်တယ်၊ အရာခပ်သိမ်းဟာ စိတ်ကနေ ဖြစ်ပေါ်လာတယ်” လို့ဆိုတယ်။ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”၊“စိတ်ဟာ တရားအားလုံးရဲ့ရှေ့ဦးဆောင်ဖြစ်တယ်” ဒါက ဘဝဖြတ်သန်းရေးအတွက်မာစတာ ကီးပဲ။ Phyo Paing @ Derek
ဘဝရဲ့ အနှစ်သာရဆိုတာကိုယ့်ဘဝ ကိုယ်ဘယ်လောက်ကျေနပ်လဲဆိုတာပဲ။ အာဏာပါဝါ ဘယ်လောက်ရှိရှိဘဝက ဘယ်လောက်ကောင်းကောင်းစိတ်မထားတတ်ရင်ဘဝ အရည်အသွေးမကောင်းနိုင်ဘူး။ မွဲနေလဲ အဆင်မပြေသလို၊မတင့်တိမ်နိုင်ရင်လဲ အဆင်မပြေဘူး။ ဘဝက အလယ်အလတ်လမ်းစဉ်။Yin ယင်း နဲ့ Yang ရန် နှစ်ခုကြား။ Phyo Paing @ Derek
နေ့စဥ် ဘဝကို လုပ်ချင်တဲ့အလုပ်တွေလုပ်၊ကိုယ့်အတွက် အဆင်အပြေစိတ်ငြိမ်းချမ်းမှုအရှိဆုံးနေရာမှာနေကိုယ့်အချိန်ကို ကိုယ်ပိုင်ဖို့ပဲ။ Phyo Paing @ Derek