ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။
တိုးတက်မှု မရှိတာ ဆုပ်ယုတ်နေခြင်းပဲ။ဒီအတိုင်း ငြိမ်နေတယ်ဆိုတာ မရှိဘူး။ တိုးတက်မှုရှိဖို့ ပေးဆပ်ရတဲ့အရာက ဖိအား။ တိုးတက်ချင်ရင် စိတ်ဖိဆီးမှုခံရမယ်။tension တစ်ခုတော့ခံရမှာပဲ။ ကျန်းကျန်းမာမာ စပြီးစားသောက်တော့မယ်။ဖိအားတစ်ခုခံစားရမှာပဲ။ ကိုယ်လေ့လာနိုင်စွမ်းထက်မြင့်တဲ့ ပညာရပ်လေ့လာရင်ဖိအားတစ်ခုတော့ ခံစားရမှာပဲ။ ကိုယ့်စွမ်းဆောင်ရည်ထက်မြင့်တဲ့ အရာလုပ်ဆောင်တဲ့အခါဖိအားတစ်ခုခံစားရမှာပဲ။ တရားထိုင်ရင်တောင်ကိုယ့်အဆင့်ထက် နောက်တစ်ဆင့်ရောက်ချင်ရင်ကျော်လွှားရမည့်ဖိအားတွေရှိတယ်။ ဘဝဆိုတာ အဆင်ပြေတဲ့ ချောင်လေးထဲမှာနေနေဖို့ထက် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုတည်ဆောက်ဖို့လို့ ခံယူထားတယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။ Read More »
