စွန့်လွတ်ရဲတာ သတ္တိ။
စွန့်လွတ်ရဲတာ သတ္တိ။ တခါတခါ ခြောက်နှစ်လောက်အချိန်ပေးလေ့လာခဲ့တဲ့ပညာရပ်ကိုစွန့်လွတ်ပြီး နောက်နယ်ပယ်သစ်တစ်ခုကိုလေ့လာဖို့က သတ္တိလိုတယ်။ ဘယ်လောက်ပြင်ပြင်၊ဘယ်လောက်ကြိုးစားစားအရာမထင်တစ်သက်လုံးရှေ့ဆက်ရင်အဆင်မပြေနိုင်တာ သိလာတဲ့အခါတရွတ်တိုက်ဆက်သွားဖို့ထက်စွန့်လွတ်ဖို့က သတ္တိတွေလိုနိုင်တယ်။ အလုပ်မဖြစ်တဲ့ အမူအကျင့်၊အလုပ်မဖြစ်တော့တဲ့ အတွေးအခေါ်၊အလုပ်မဖြစ်တော့တဲ့ အသိုင်းအဝိုင်း၊အလုပ်မဖြစ်တော့တဲ့ နေရာဒါတွေကိုစွန့်လွတ်ရဲတဲ့ သတ္တိလိုတယ်။ မစွန့်လွတ်ရင် မလွတ်မြောက်ဘူး။ Phyo Paing @ Derek
