Advice

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ

ဒီနှစ်ပိုင်းမှာ ကံကောင်းတဲ့သူတွေကိုလေ့လာကြည့်တယ်။ ဘာကြောင့်လဲဆို ကျွန်တော့်ဘဝမှာ လိုချင်တာမှန်သမျှကကြံရဖန်ရ တော်တော်လုပ်ယူရတယ်။ လိုချင်တာတော့ ဖြစ်လာပါရဲ့တော်တော် ရုန်းကန်ရတယ်။ နောက်ရှာထားတာလဲကိုယ့်အတွက် မဖြစ်တာများတယ်။ ဒီတော့ငါတစ်ခုခုတော့လွဲနေပြီစဥ်းစားမိတယ်။ ကံကောင်းတဲ့သူတချို့ကြည့်တဲ့အခါကားလိုချင်လဲ ကား၊ အိမ်လိုချင်လဲ အိမ်၊ငွေလိုချင်လဲ ငွေ။ရုန်းကန်နေစရာမလိုဘူး။ ဥာဏ်ကောင်းလွန်းလို့လားဆိုလဲမဟုတ်ဘူး။ ဒီတော့ သူတို့ကို အသေးစိတ်လေ့လာကြည့်တယ်။ အဲ့ဒီလူတွေမှာ အပူမများဘူး။အပူဘာကြောင့်မများလဲလေ့လာကြည့်တော့သူတပါးကို အပြစ်တင်စိတ်နည်းတယ်။ ဘယ်လိုသိလဲဆို သူတို့စကားပြောတဲ့လေယူလေသိမ်း၊အဖြစ်အပျက်တွေတုန့်ပြန်ပုံကနေသိတယ်။ ကိုယ်ကအမြဲအလိုမကျတတ်တဲ့သူဆိုတော့အမြဲ အပြစ်တင်တတ်တယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်ကိုကိုယ်။ ဒီတော့ ဘဝမှာ တော်တော်လေးကြီးတဲ့အပြုအမူအပြောင်းအလဲတစ်ခုစလုပ်ဖြစ်တယ်။ ဒါကတော့ အကုသိုလ်ကံဖြစ်တဲ့အပြစ်တင်စိတ်ကိုဖျောက်တာပဲ။ အပြစ်တင်တယ်ဆိုတာ အကုသိုလ်တစ်ခုပဲ။ အထူးသဖြင့် ကိုယ့်စိတ်ကိုညစ်ညမ်းစေတယ်။ အကုသိုလ်ဆိုတာ မောဟ၊ လောဘ၊ ဒေါသကလာတယ်။ မောဟဆိုတာ အမှန်ကိုမမြင်တာ။ အရာရာ “ငါ” ဆိုတဲ့အရာပေါ်မူတည်ပြီးဖြစ်နေတာ။ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။ငါ့ကိုထိတယ်။ ကိလေသာလိုတာထက်များတာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုရချင်တာလောဘ။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါထွက်တဲ့ ဒေါသ။ ဒါတွေက […]

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ
Read More »

မလောနဲ့။
ဒါပေမယ့် သွက်သွက်လုပ်။

မလောနဲ့။ ဒါပေမယ့် သွက်သွက်လုပ်။ စိတ်ရှည်။ဒါပေမယ့် အချိန်မဆွဲနဲ့။ ရည်မှန်းချက်ကြီးပါ။ဒါပေမယ့် လောဘမကြီးနဲ့။ တူမလိုလိုနဲ့ မတူတဲ့ စကားလုံးတွေ။ Phyo Paing @ Derek

မလောနဲ့။
ဒါပေမယ့် သွက်သွက်လုပ်။
Read More »

ဒါလေးက တော်တော်ကောင်းတယ်။

ကိုယ့်ကို မလေးမစားဆက်ဆံရင်ဘယ်လိုတုန့်ပြန််မလဲတဲ့။ Tik Tok က တွေ့လိုက်တဲ့ဗီဒီယိုလေးတစ်ခု။ Jefferson က How to handle difficult people မှာရေးထားတာကို ပြောထားတာလေး။ အဲ့လိုကြုံရင် ၁။ ၁၀ စက္ကန့်စောင့်တဲ့။(ဒီလိုလုပ်ခြင်းက ကိုယ့်ကို တစ်ဖက်လူနဲ့ စည်းခြားလိုက်သလိုရှိတယ်တဲ့။နောက် ပြောတဲ့သူမှာလဲ ဟာတာတာနဲ့ ဖြစ်နေမယ်တဲ့။) ၂။ ပြီးရင် ဒါက ငါတုန့်ပြန်ရမည့်စံနှုန်းထက် အများကြီးနိမ့်ကျနေတယ်။That’s below my standard for response တဲ့။ ဒါလေးက တော်တော်ကောင်းတယ်။ Phyo Paing @ Derek

ဒါလေးက တော်တော်ကောင်းတယ်။ Read More »

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။

အကုသိုလ်များတဲ့သူတွေကိုရှောင်။အကုသိုလ်များတဲ့အလုပ်ကိုရှောင်။အကုသိုလ်များတဲ့နေရာကိုရှောင်။ မရှောင်နိုင်ရင်တောင် သတိနဲ့ကန့်သတ်။ အကုသိုလ်ဆိုတာလောဘ (ကိုယ်နဲ့မထိုက်တန်တာကို ရယူလိုတာ။)ဒေါသ (စိတ်ဆိုး၊ အမြတ်ထွက်လွယ်တာ)မောဟ (မသိမမြင် ငါ ငါ ငါ၊ ငါ့သား၊ သမီး၊မကောင်းတာကို မမြင် အမှောင်ဖုံးတာ)။ Phyo Paing @ Derek

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။
Read More »

တစ်ခုကိုပဲလုပ်။

တစ်ခုကိုပဲလုပ်။ အဲ့တစ်ခုအောင်မြင်ရင်ကိုယ့်ပြိုင်ဖက်တွေကို နောက်ဆယ်နှစ်နေရင်ချန်ထားခဲ့လို့ရမယ်ဆို အဲ့တစ်ခုက ဘာဖြစ်မလဲ။ ကိုယ်ကမပြိုင်ချင်ပေမယ့်ကိုယ့်ကိုလာပြိုင်တဲ့ပြိုင်ဖက်တွေရှိတတ်တယ်။ ကျောင်းမှာ၊အလုပ်မှာ၊ စီးပွားရေးမှာ။ အဲ့လိုအချိန်တိုင်းမှာကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက“ငါတစ်ခုပဲလုပ်မယ်။အဲ့တစ်ခုအောင်မြင်ရင်သူတို့မလိုက်နိုင်အောင်ချန်ထားခဲ့နိုင်မည့်တစ်ခုကဘာများဖြစ်မလဲ။” ဒီမေးခွန်းအမြဲမေးတယ်။ ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။ ကျောင်းတုန်းမှ ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေချန်ခဲ့အောင်။အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကိုအဝေးမှာချန်ခဲ့အောင်။ စီးပွားရေးမျာ စျေးအမြဲလာမေးကိုယ့်ကို အာရုံနောက်အောင်လာလုပ်တဲ့ သူတွေချန်ခဲ့အောင်တိုက်ရိုက်မပြိုင်နဲ့။ သေချာတာတစ်ခုက တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။ မဟာဗျူဟာကောင်းတဲ့သူတိုင်းကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။ Phyo Paing @ Derek

တစ်ခုကိုပဲလုပ်။ Read More »

အချိန်နဲ့နေရာကို မှန်ကန်စွာ
သုံးတတ်မှသာ
ဥစ္စာဓနတွေရဲ့ တန်ဖိုးကို
ထိန်းသိမ်းနိုင်မှာ လို့ဆိုတယ်။

အလုပ်က အမြဲလုပ်လို့ရတယ်။အလုပ်က အမြဲမဖြစ်ဘူး။အလုပ်ဖြစ်တဲ့အချိန်အလုပ်ပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ ကာလံ ဒေသံ အဂ္ဃံ ဓနံ ဆိုတဲ့စကားရှိတယ်။အချိန်၊ နေရာ၊ တန်ဖိုး၊ ဥစ္စာဆိုတဲ့အဓိပ္ပာယ်။အချိန်နဲ့နေရာကို မှန်ကန်စွာသုံးတတ်မှသာဥစ္စာဓနတွေရဲ့ တန်ဖိုးကိုထိန်းသိမ်းနိုင်မှာ လို့ဆိုတယ်။ Phyo Paing @ Derek

အချိန်နဲ့နေရာကို မှန်ကန်စွာ
သုံးတတ်မှသာ
ဥစ္စာဓနတွေရဲ့ တန်ဖိုးကို
ထိန်းသိမ်းနိုင်မှာ လို့ဆိုတယ်။
Read More »

ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။

ငါးနှစ်သားအရွယ်ကလေးငယ်တစ်ယောက်ဟာသူ့မေမေ ပြောပြတဲ့ပုံပြင်ထဲမှာ ပျော်နေခဲ့တယ်။ “သားရေ… မင်းက ဆရာဝန်ဖြစ်မှာ…အဲဒါက မိသားစုရိုးရာပါ”ဆယ်နှစ်သားအရွယ်မှာတော့သူဟာ ကျောင်းဆရာမရဲ့ ပုံပြင်ထဲရောက်နေပြန်တယ်။“မင်းက သင်္ချာမှာ အားနည်းတယ်…ဘာသာစကားပဲ သင်သင့်တယ်” အသက်ကြီးလာတာနဲ့အမျှလူ့အသိုင်းအဝိုင်းက ရေးဆွဲထားတဲ့ပုံပြင်တွေကြားထဲ ညပ်နေခဲ့ရပြန်တယ်။ “အောင်မြင်တဲ့သူဆိုတာတက္ကသိုလ်ကျောင်းပြီးပြီးကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ရမယ်” လူတွေက ကိုယ့်အမြင်ကိုပုံပြင်နဲ့ ဖော်ပြကြတယ်။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်ရဲ့ပုံပြင်တွေထဲက လွတ်မြောက်ဖို့မလွယ်ကူဘူး။ အမြင့်ကို ပျံသန်းချင်လေလေအမြင်တွေကို ပြောင်းပုံပြင်ဟောင်းတွေ ထားခဲ့အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့လိုတတ်တယ်။ ကျွန်တော်တို့ ပုံပြင်တွေထဲကထွက်ပြေးဖို့လိုတတ်တယ်။ ငယ်ငယ်က ကိုယ့်မိဘပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။နောက် ဆရာမပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။ကိုယ့်အသိုင်းအဝိုင်းကပြောနေတဲ့ပုံပြင်ထဲကထွက်ပြေးခဲ့တယ်။နောက် ကိုယ့်ကိုကိုယ်ပြောနေကျအရင်ပုံပြင်တွေထဲက ထွက်ပြေးခဲ့တယ်။ ဖြစ်ပုံပျက်ပုံတွေကို အဓိပ္ပာယ်ဖွင့်ဆိုမှုပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Phyo Paing @ Derek

ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Read More »

ရွေးချယ်မှုတွေမှန်ဖို့လိုတယ်

ရွေးချယ်မှုက ကြိုးစားမှုထက်အရေးပိုကြီးတယ်။အရှေ့အရပ်သွားချင်ပြီးအနောက်အရပ်ကိုပြေးနေရင်ခရီးတွင်မှာ မဟုတ်ဘူး။ နေတဲ့နေရာ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ခေါင်းထဲထည့်တဲ့အတွေး၊ အကြံ၊နေ့စဉ်လုပ်တဲ့အလုပ်ရွေးချယ်မှုတွေမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုတွေမှန်ဖို့လိုတယ် Read More »

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။

ကိုယ်ဘာတွေလိုချင်တာလဲ။ဘာကြောင့် ဒါတွေကိုလိုချင်သလဲ။လိုချင်တာရဖို့ ဘာတွေလုပ်ရမလဲ။ဘာတွေလုပ်နေတာရပ်ရမလဲ။ဘယ်အရာတွေက အတားအဆီးတွေလဲ။ဒါတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ လိုချင်တာရဖို့ ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။ Phyo Paing @ Derek

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။
Read More »