Advice

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။

ဘဝရဲ့ ပြဿနာတွေက ဘဝရဲ့ လက်ဆောင်တွေပဲ။ မြင်အောင်ကြည့်လေ ရှင်းလေပဲ။ အမေကြောင့်၊ အဖေကြောင့်၊ မိဘ၊ မောင်နှမ၊ ဆွေမျိုးကြောင့်၊ သားကြောင့်၊ သမီးကြောင့်၊လင်ကြောင့်၊ မယားကြောင့်၊သူငယ်ချင်း၊ အသိမိတ်ဆွေကြောင့်၊သူဌေးကြောင့်၊ ဝန်ထမ်းကြောင့်၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်ဖြစ်လာတဲ့ပြဿနာက လက်ဆောင်တစ်ခုပဲ။ ပြဿနာကို ဖြေရှင်းခြင်းကလက်ဆောင်ကို အထုပ်ဖြည်ခြင်းပဲ။ အထုပ်အပြင်ကသာ အခက်အခဲအတွင်းထဲမှာ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းရှိတယ်။ အန္တရာယ်နဲ့အတူ အခွင့်အလမ်းကတွဲပါတယ်။ တရုတ်စကားလုံးမှာ 危机 ဝိန်းကျီးဆိုတာရှိတယ်။危 ဝိန်းဆိုတာ အန္တရာယ်။机 ကျီးဆိုတာ အခွင့်အလမ်း။ ဒီ 危机 ဝေးကျီးအဓိပ္ပာယ်က crisis အကျဥ်းအကျပ်။ ဒါကြောင့် အခက်အခဲ၊ အန္တရာယ်ကြုံတိုင်း“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ လက်ဆောင်တွေကို ဖောက်ကြည့်ပါ။ အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိပါတယ်။ Phyo Paing @ Derek

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ Read More »

အသုံးဝင်အောင်လုပ်။

ကိုယ့်မိသားစုမှာ ကိုယ်အသုံးမဝင်ရင်ကိုယ်ဘေးရောက်မှာပဲ။ ကိုယ့်အသက်မွေးမှုနယ်ပယ်မှာ အသုံးမဝင်ရင်ချောင်ထိုးခံရမှာပဲ။ ကိုယ်အသက်ရှင်တဲ့ ပတ်ဝန်းကျင်မှာအသုံးမဝင်ရင် အရောင်မထွက်မွဲနေမှာပဲ။ လူတွေကို ကောင်းအောင်လုပ်ပေးနိုင်ရင်လဲအသုံးဝင်တယ်။အန္တရာယ်ပေးနိုင်ရင်လဲ အသုံးဝင်မှုဖြစ်အောင်လုပ်လို့ရတယ်။ သံသရာအတွက်ကပထမတစ်ခုပိုကောင်းတယ်။ Phyo Paing @ Derek drphyopaing

အသုံးဝင်အောင်လုပ်။ Read More »

ဘဝရဲ့ Game Plan

၁။ တန်းဝင်တဲ့ကျွမ်းကျင်မှုတည်ဆောက်၂။ ကျွမ်းကျင်မှုက ဝင်ငွေဖန်တီး၃။ ဝင်ငွေနဲ့ လုပ်ငန်းတည်ဆောက်၄။ လုပ်ငန်းနဲ့ ဝင်ငွေပြန်ဖန်တီး၅။ ငွေနဲ့ငွေပြန်ဖန်တီး၆။ ကိုယ်အလုပ်မလုပ်ဘဲရတဲ့ငွေနဲ့ ဘဝရပ်တည်နိုင်အောင်လုပ်၇။ ကြိုက်တဲ့နေရာမှာအခြေချ၈။ ကိုယ်ကြိုက်တဲ့အလုပ်တွေလုပ်၉။ လောဂီ၊ လောကုတ္တရာလွတ်မြောက်မှုအလုပ်လုပ် Phyo Paing @ Derek

ဘဝရဲ့ Game Plan Read More »

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။

တချို့သူတွေရဲ့ဘဝကကိုယ့်အတွက်ကိုယ် အရင်ကြည့်မှရတာမျိုးဖြစ်တတ်တယ်။ ကိုယ်မိသားစု၊ ဆွေမျိုးထဲကထွက်ပြီး ထွန်းပေါက်ချင်ရင်ကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ ကိုယ့်အတွက်ကိုယ် ကြည့်ပြီးကိုယ့်ကိုကိုယ် ကယ်နိုင်မှကျန်တဲ့သူတွေကို ကယ်နိုင်တာမျိုး။ တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Phyo Paing @ Derek

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Read More »

အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။

တန်ဖိုးဆိုတာ ဒီနေ့အတွက်ပဲကြည့်လို့မရဘူး။အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။ အနာဂတ်မှာ ကိုယ့်အတွက် တန်ဖိုးမရှိနိုင်တာကိုရင်းနှီးမြုပ်မှု အများကြီးမလုပ်မိဖို့လိုတယ်။ Phyo Paing @ Derek

အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။ Read More »

မတန်တာမလုပ်နဲ့။

လူတွေမှာ တန်ဖိုးအရှိဆုံးကအာရုံ၊ အချိန်နဲ့ အင်အားပဲ။ ကိုယ့် အာရုံကို မတန်တဲ့လူတွေ၊အတွေးအခေါ်တွေ၊လူတွေအပေါ်မှာသွားမစိုက်နဲ့။ ကိုယ့် အချိန်ကို မတန်တဲ့နေရာမှာသွားမသုံးနဲ့။ ကိုယ့်အင်အားကို မတန်တဲ့အလုပ်တွေမှာသွားမသုံးနဲ့။ Phyo Paing @ Derek

မတန်တာမလုပ်နဲ့။ Read More »

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ပေးတာက ကံယူနိုင်တာက ဥာဏ်။ကံဘယ်လောက်ရှိရှိဥာဏ်မရှိရင်ပေးလိုက်တာကိုယူနိုင်မှာ မဟုတ်ဘူး။ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ ရွှေသီးတဲ့ မြေကြီးပေါ်နေလဲဥာဏ်မရှိရင် တူးပြီးသန့်စင်တတ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »

သူများလုပ်တိုင်း လိုက်မလုပ်နဲ့။
လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။
မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။

ဆေးမြီးတိုကို မယုံဘူး။ ရေရှည်ကိုပဲကြည့်တယ်။ပထမငါးနှစ်၊ ဆယ်နှစ်လောက်သည်းငြီးခံပြီး လုပ်မယ်။ အခြေခိုင်အောင် အခြေခံကိုလုပ်မယ်။ အနာဂတ်က ကြာလေပိုကောင်းရမယ်။ အဲ့လို ခံယူချက်နဲ့ပဲလုပ်တယ်။ လူအများစုက အခုရေတွင်းတူး အခုရေကြည်သောက်ချင်တယ်။တခြားသူတွေဖြစ်နေတာကိုကြည့်ပြီးသူတို့လိုဖြစ်ချင်တတ်ကြတယ်။ Strategic Patience မဟာဗျူဟာကျကျ စိတ်ရှည်မှုကတော်တော်လေး အရေးကြီးတယ်။ တရုတ်ရဲ့မဟာဗျူဟာတည်ဆောက်မှုကလဲစိတ်ရှည်ရှည်အကွက်ချပြီးသည်းခံစောင့်ဆိုင်းနိုင်မှုအပေါ်အခြေခံတယ်။ရပ်ရင်းစောင့်မဟုတ်ဘူး။ လုပ်ရင်းစောင့်။ သူများလုပ်တိုင်း လိုက်မလုပ်နဲ့။လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။ မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။ Phyo Paing @ Derek

သူများလုပ်တိုင်း လိုက်မလုပ်နဲ့။
လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။
မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။
Read More »

Surrendering

အကောင်းဆုံးအနားယူတဲ့နည်းက“လက်နက်ချခြင်း” Surrendering ပဲ။ တခါတလေ ကိုယ်ကအနားယူနေပေမယ့်စိတ်က အနားမယူနိုင်တာမျိုးကြုံရတတ်တယ်။အဲ့အချိန်မှာ စိတ်လျော့ဖို့အကုန်လုံးကို ယုံမှန်ပြီး ပုံအပ်သလို အရာရာကို လက်နက်ချပြီးနားလိုက်။ စိတ်ရောကိုယ်ပါ အနားယူနိုင်လိမ့်မယ်။ မဟုတ်ရင် အလုပ်လုပ်နေတဲ့သူတွေကဇောတွေရှိတယ်။ ဒါကိုကျော်ဖို့ လက်ခက်ချအနားယူကြည့်ပါ။ Phyo Paing @ Derek

Surrendering Read More »

အရေးမပါတာ အရာမပေးနဲ့။

တိကျပြင်းပြတဲ့ ရည်မှန်းချက်မရှိရင်စိတ်က ဟိုယောင်ယောင် ဒီယောင်ယောင် ဂယောင်ဖြစ်တတ်တယ်။ ဟိုဟာလေးလဲ ဝင်ပါချင်၊ဒီဟာလေးလဲ ဝင်လုပ်ချင်။ကိုယ်နဲ့မဆိုင်တဲ့ ဟိုလူ့ကိုပြင်ပေးချင်၊ ဒီလူ့ကို ပြင်ပေးချင်။ ကိုယ်လဲ ခဏခဏ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း တော်တော်ထိန်းဖို့ကြိုးစားရတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်။ကိုယ်၊ ကိုယ့်အနီးဆုံးလူတွေကိုအာရုံစိုက်။ကိုယ့်ရည်မှန်းချက်အိမ်မက်တွေကိုပဲအာရုံစိုက်။ အရေးမပါတာ အရာမပေးနဲ့။ ရည်မှန်းချက်ပန်းတိုင်ချ၊ကြံဆပြီး ရအောင်လုပ်နိုင်တဲ့ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ဒါကို စွဲလမ်းသွားနိုင်တယ်။ နှစ်စဥ်၊ လစဥ်၊ အပတ်စဥ်၊ နေ့စဥ် မှန်ကန်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အားထုတ်မှုနဲ့နေထိုင်တာ ဘဝအဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်။ Phyo Paing @ Derek

အရေးမပါတာ အရာမပေးနဲ့။ Read More »