စီးပွါးရေး ပညာလေ့လာပါ။
စီးပွါးရေး ကိုနားလည်အောင်စီးပွါးရေး ပညာလေ့လာပါ။နားလည်မှ ထိရောက်အောင်ပိုအသုံးချနိုင်မှာ။တခြားလုပ်ငန်းတွေနဲ့မတူအောင်ဖန်တီးနိုင်မှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
စီးပွါးရေး ကိုနားလည်အောင်စီးပွါးရေး ပညာလေ့လာပါ။နားလည်မှ ထိရောက်အောင်ပိုအသုံးချနိုင်မှာ။တခြားလုပ်ငန်းတွေနဲ့မတူအောင်ဖန်တီးနိုင်မှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
စျေးကွက်က သတ်မှတ်တဲ့တန်ဖိုးနဲ့ တကယ်တန်တဲ့ တန်ဖိုးမတူဘူး။ Market value နဲ့ intrinsic value ကတခါတလေ စျေးကွက်တန်ဖိုးကနည်းနေတတ်တယ်။တခါတလေ မတန်တဆ များနေတတ်တယ်။ စျေးကွက်ဆိုတာ ဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မူတည်ပြီးဖြစ်တယ်။ ဝယ်လိုအားများနေရင် စျေးတက်မယ်။ တချို့ဝယ်လိုအားတွေက တစ်ပတ်။ တချို့က တစ်လ။ တစ်ချို့က တစ်နှစ်။ အခြေအနေ မတူကြဘူး။ လူတွေရဲ့ ဒေါသ၊ သောကနဲ့ လောဘတွေကိုသိရင် စျေးကွက်စိတ်ပညာကို လေ့လာလို့ရပြီ။ ဝါရင်းဘူဖေးပြောသလို စျေးဆိုတာ ကိုယ်ကပေးလိုက်ရတာ။ တန်ဖိုးဆိုတာ ကိုယ်ကပြန်ရတာတဲ့။ Price is what you pay. Value is what you get တဲ့။ အရှိကို အရှိအတိုင်းမြင်တတ်ဖို့ရယ်၊တချို့ ငါးစာတွေ့တိုင်း မဟတ်မိဖို့ရယ်။ No လို့ပြောရဲဖို့ရယ် လိုတတ်တယ်။ Akyanpay
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပိုက်ဆံကတော့ရှာရမှာပဲ။ နည်းတာနဲ့ များတာပဲကွာမယ်။ ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်ရမှာပဲ။ စီးပွားရေးလုပ်ဖို့ လုပ်နည်းတော့နားလည်ဖို့လိုတယ်။ ဝယ်ရောင်းလုပ်တာ၊ ပွဲစားလုပ်တာက ပိုက်ဆံရှာတာ။ စီးပွားရေးလုပ်ငန်းတည်ဆောက်အမှတ်တံဆိပ်တည်ဆောက်ပြီးငွေရှာတာကပိုက်ဆံလာအောင်လုပ်တာ။ ငွေကို ငွေနဲ့ပြန်ရှာတာက ပိုက်ဆံပွားတာ။ ရှာ၊ လာ၊ ပွား အဆင့်မှာမရှိတဲ့ငွေကို ပွားလို့မလွယ်ဘူး။ ဒီတော့ ငွေလာဖို့ လုပ်ငန်းတည်ဆောက်တဲ့အခါအမှတ်တံဆိပ်တည်ဆောက်တာ၊လူတွေစိတ်ဝင်စားမေးမြန်းအောင်လုပ်တာ၊ ရောင်းတာ၊ ဝန်ဆောင်မှုပေးတာ၊ ဝန်ထမ်းခေါ်ယူ၊ သင်ကြား၊ စီမံတာ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ သေချာလုပ်တတ်မှ ရမယ်။ ဒါကြောင့်လဲ အိမ်စာမြန်မြန်နဲ့ မှန်မှန်လုပ်ဖို့ကိုယ့်ကိုယ်ကို အမြဲသတိပေးဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။ Read More »
မားကတ်တင်း ဒီပုံစံလုပ်လိုက်လို့ဒီလောက်ရောင်းအားတက်သွားတယ်။မှန်တယ်။ အဲ့ဒါ ခဏပဲရလိမ့်မယ်။ ရေရှည်ခံချင်ရင် အရေးကြီးတာ ကိုယ့်လုပ်ငန်းရဲ့ စူပါပါဝါကိုသိရမယ်။ဒါကို ရေရှည်ခံအောင်လုပ်ရမယ်။ ဒါကို ဝါရင်ဘူဖတ်ရဲ့ ပါတနာ ချာလီမန်ကာက ဘယ်လိုပြောခဲ့လဲဆိုရင် “Charlie says that once we have decided we’re capable of understanding the business, the next thing to determine is whether the business has an intrinsic competitive advantage that is durable. In Buffett’s investing strategy, this concept is referred to as a
ပိုက်ဆံဝင်တဲ့အခါသာ ကောင်းတာ။ လူတွေကို စီမံခန့်ခွဲရတာ သိပ်မကောင်းဘူး။ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းသာလုပ်လိုက်ချင်တယ်ဆိုတဲ့သူတွေရှိလား။ ဒါဆို ကျွန်တော်တို့ first principle thinking ကိုအသုံးပြုပြီး စီးပွားရေးဆိုတာကို တစ်စစီဖြုတ် လေ့လာကြည့်ရအောင်။ စီးပွားရေးတစ်ခုရပ်တည်ဖို့ဘာလိုမလဲ?ဒါဆို စီးပွားရေးဆိုတာ ဘာလဲ?ဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း အမြတ်ငွေရှာတာ။ဒါ စီးပွားရေးပဲ။ Solving problems for profit ပဲ။ ဒါဆို လုပ်ငန်းတစ်ခု ရပ်တည်ဖို့ဘာလိုမလဲ? ဖောက်သည်လိုတယ်။ ဖောက်သည်ဆိုတာဘာလဲ?ကိုယ့်ကို ပိုက်ဆံပေးတဲ့သူက ဖောက်သည်ပဲ။ ဟုတ်တယ်။ လုပ်ငန်းတစ်ခုက ဖောက်သည်ရှိရင်၊ဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိရင်၊ဖောက်သည်ကလဲ ပိုက်ဆံပေးချင်ရင်၊ နောက်ဖောက်သည်ကလဲ ပိုက်ဆံပေးနိုင်ရင်စီးပွားရေးဆိုတာ ဖြစ်တယ်။ ဒါဆို လူတစ်ယောက်တည်းနဲ့ကောစီးပွားရေးလုပ်လို့ရလား?ရဒါပေါ့။ ဖောက်သည်ရှိရင်ရတယ်။ ပိုက်ဆံပေးတဲ့သူရှိရင် ရတယ်။ ဒါကို solopreneur လို့လဲခေါ်တယ်။ ဒါဆို လူများများကို ရောင်းချင်ရင်ဖောက်သည်များများရချင်ရင် ဘာလိုမလဲ?
သစ်ခုတ်ဖို့ အချိန်ခြောက်နာရီရရင်လေးနာရီကို ပုဆိန်သွေးမယ်။ကျန်နှစ်နာရီကို ခုတ်မယ်တဲ့။ဒါ အားလုံးသိကြတဲ့ လင်ကွန်းပြောခဲ့တဲ့စကားလေး။ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ်ဓားသွေးဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။ Read More »
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းက စနစ်နဲ့ စတာမဟုတ်ဘူး။ Business Model နဲ့ စတယ်။ စလုံးက ST Signature hotelတစ်ခုလုံးမှာ reception မှာ အမြဲ လူတစ်ယောက်ပဲရှိတာမြင်လိမ့်မယ်။ကျန်တာအားလုံး၊သော့ဖွင့်၊ check-in နဲ့ check-out အကုန်လုံး ဖုန်းနဲ့ပဲ။ လူနှစ်ယောက်နဲ့ လည်ပတ်တဲ့ကော်ဖီဆိုင်တွေ။ Plug-in လေးရေးပြီးမီလီယံနဲ့ချီရှာနေတဲ့တစ်ယောက်တည်းရှိတဲ့လုပ်ငန်းတွေ။ ကနေဒါကျွန်းလေးပေါ်မှာနေပြီးစနစ်တည်ဆောက်ပြီးလုပ်ချင်တာလုပ် သူ့အလိုလိုလည်ပတ်နေတဲ့လုပ်ငန်းတွေ။ လူအများစုထင်တာ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ စနစ်နဲ့ စတယ်လို့ထင်တတ်ကြတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ လုပ်ငန်းလည်ပတ်မှုပုံစံဒီဇိုင်းနဲ့စတယ်။ ဝန်ထမ်းမလိုတဲ့ စာအုပ်ဆိုင်ကို App နဲ့ ဖွင့်လို့ရတယ်။ ဝန်ထမ်းမလိုတဲ့ သင်တန်းကျောင်းကိုWebsite/ App နဲ့ ဖွင့်လို့ရတဲ့ခေတ်ကြီးဖြစ်နေပြီ။ အ play ခံရတိုင်းငွေဝင်တဲ့business model နဲ့ အိပ်နေလဲ ငွေဝင်ဖို့ Youtube တွေ၊ တခြားလုပ်ငန်းတွေအများကြီး ပေါ်နေပြီ။
မလုပ်ချင်တာတွေ မလုပ်ရပဲလိုချင်တာရအောင်လုပ်လို့ရတယ်။ ဒါကို ဒီဇိုင်းလို့ခေါ်တယ်။ ကိုယ့်ဘဝမှာ မလုပ်ချင်တွေချရေးကြည့်။ ဥပမာ စီးပွားရေးမှာဆို တိုးတက်မှုမရှိပဲ ငွေအတွက်ပဲအလုပ်လုပ်နေတာမျိုးမလုပ်ချင်တာမျိုးဖြစ်ရင်ဖြစ်မယ်။ ကိုယ့်စီးပွားရေးအတွက်ကိုယ့်ဘဝကို စတေးရ၊ပေးဆပ်ပြီး လုပ်ငန်းကြီးကြီးလာတာမျိုးမဖြစ်ချင်ဘူးဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်တစ်နေရာထဲမှာ ခြေချုပ်မိမည့်ခရီးသွားလို့မရတဲ့ လုပ်ငန်းမလုပ်ချင်ဘူး။ ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ဝန်ထမ်းတွေကြောင့် စိတ်သောကရောက်နေတာမျိုးမလိုချင်ဘူး။ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ တပြိုင်တည်းမှာပဲရချင်တဲ့ ရလဒ်တွေက ဘာတွေလဲ။ တစ်ခါတည်ဆောက်ပြီးတစ်သက်လုံးရောင်းလို့ရမယ့်အရာတွေဖန်တီးချင်တယ်။ အဖေခေတ်မှာ လုပ်လို့မရခဲ့တဲ့ဆန်းသစ်တဲ့လုပ်ငန်းတွေလုပ်ချင်တယ်။ နေ့စဥ်တိုးတက်မှုရှိမည့်လုပ်ငန်းလုပ်ချင်တယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ကုန်ပစ္စည်းတွေ အဓိကရောင်းချင်တယ်။ ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ကိုယ်မလုပ်ချင်တာမလုပ်ရပဲလိုချင်တဲ့ရလဒ်ရဖို့ ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဒီ ဒီဇိုင်းကို စီးပွားရေးလည်ပတ်ပုံမှာလုပ်ဆောင်တာကိုBusiness Model လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
ထိုးမရောင်းပဲ ဝယ်ချင်အောင်လုပ်တာမားကတ်တင်း။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay