မပြိုင်ပဲ နိုင်အောင်လုပ်။
မပြိုင်ပဲ နိုင်အောင်လုပ် တရုတ်မှာ လောင်ဇူးဆိုတဲ့ ရှေးပညာရှိကြီးရေးခဲ့တဲ့၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီးကမ္ဘာတစ်ဝှမ်းမှာလဲ စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။ Tao 道 ဆိုတာ “လမ်း” ကို ပြောတာဖြစ်တယ်။နက်နဲတဲ့ အတွေးအခေါ်ကဗျာဖြစ်အနေနဲ့ဘဝနေထိုင်နည်းကို တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန်ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတဲ့ အချိန်မှာ သဘာဝနဲ့ သဟဇာတဖြစ်အောင်နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့အတွေးအခေါ်ဖြစ်တယ်။ မပြိုင်ပဲ နိုင်ငံအောင်လုပ်ဆိုတာ Tao Te Ching ရဲ့ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်းထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။ စီးပွားရေးမှာလဲ အလားတူပဲ။ စီးပွားရေးလို့ပြောလိုက်တဲ့အခါလူတွေက သူများကို စီးမှ ပွားမယ်၊အထက်စီးကနေမှ ပွားမယ်ထင်တယ်။အမှန်တော့ စီးပွားရေးဆိုတာ သူများမမြင်တာကို See မှဖောက်သည်ရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆိုမမှားပါဘူး။ စီးပွားရေးမှာ ဖောက်သည်ကိုလုမှအောင်မြင်မယ်။ ပြိုင်မှ သာမှ အောင်မြင်မယ်လို့ထင်ကြတယ်။ […]
