ဒီဂျစ်တယ်ပိုင်ဆိုင်မှု သေချာလုပ်ကြပါ
လူငယ်ဆို နည်းပညာ ကုန်ပစ္စည်းထုတ်။ ကိုယ်က အသက် ၄၀ အောက်ဆို နည်းပညာ ကုန်ပစ္စည်းထုတ်ဖို့စဥ်းစားကြည့်။ နည်းပညာကုန်ပစ္စည်းဆိုတာ Website တို့၊ App တို့ပါတယ်။ Asset (ပိုင်ဆိုင်မှု) ဆိုတာ ကိုယ့်အိတ်ထဲကို ငွေထည့်ပေးတဲ့အရာ။ ဒီနေ့ခေတ် ကိုယ့်အိပ်ထဲငွေထည့်ပေးတဲ့အရာကအိမ်၊ ခြံ၊ မြေတစ်ခုတည်းမဟုတ်တော့ဘူး။ မြေက တန်ဖိုးရှိတာမဟုတ်ဘူး။လူအများစုနေတဲ့ နေရာမှာရှိတဲ့ မြေကပဲတန်ဖိုးရှိတာ။ သေချာစဥ်းစားကြည့်လေ ရှင်းလေပဲ။ လူမနေတဲ့နေရာမှာရှိတဲ့ မြေက တန်ဖိုးသိပ်မရှိဘူး။လူများများ၊ လူစည်ကားတဲ့နေရာမှာရှိတဲ့မြေက ပိုတန်ဖိုးရှိတယ်။ ဒီသဘောတရားအတိုင်းပဲ ဒီဂျစ်တယ်ကုန်ပစ္စည်းတိုင်းက တန်ဖိုးရှိတာမဟုတ်ဘူး။လူများများသုံးနေတဲ့ ဒီဂျစ်တယ်ကုန်ပစ္စည်းတွေဖြစ်တဲ့Website/ App တွေက တန်ဖိုးရှိတာ။ အဖိုး၊ အဖေ၊ အမေခေတ်က တန်ဖိုးထားခဲ့တဲ့ ရွှေ၊ မြေ၊ လက်ဝတ်ရတနာတွေကသူ့ဟာနဲ့ သူ တန်ဖိုးရှိသလို ဒီနေ့ခေတ်က ဒီဂျစ်တယ် ပိုင်ဆိုင်မှု digital asset […]
