မဟာဗျူဟာဆိုတာအခုချက်ချင်းချအခုချက်ချင်းလုပ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူး။တစ်ကွက်ချင်းရွေ့သွားရတဲ့အရာ။ ကိုယ်က တက္ကသိုလ်ကျောင်းတတ်တယ်။ကျောင်းမပြီးခင်ကတည်းကကျောင်းပြီးရင် ငါဘာလုပ်မယ်။ဘယ်ကိုသွားမယ်။အနာဂတ်ဖြစ်နိုင်ခြေကိုအနာဂတ် A, B, C ကို ပုံဖော်တဲ့Scenario planning လိုတယ်။ ကျောင်းတတ်တုန်းမှာဘယ်သူတွေနဲ့ပေါင်းမယ်၊ဘာတွေကြိုလေ့လာထားမယ်၊ဘာအလုပ်တွေလုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်ကြိုတင်ပြင်ဆင်ထားလို့ရတယ်။ စစ်ဘုရင် နပိုလီယံလိုပေါ့။ကျောင်းသားဘဝကတည်းကသင်င်္ချာပညာ၊ ပထဝီ၊ စစ်ပညာနဲ့ရူပဗေဒတွေကို လေ့လာသလိုစစ်ဘုရင်တွေဖြစ်တဲ့Hannibal, Julius Caesar,Alexander the Great တို့ကိုလေ့လာတယ်။အနာဂတ်ပလန်အတွက်တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားတယ်။ တရုတ်မှာဆို ဟန်မင်းဆက်ကိုတည်ထောင်တဲ့ရွာသားအသက်ကြီးမှဘုရင်ဖြစ်လာတဲ့ လုန်ပန်း Liu Bang (劉邦) ဆိုတာရှိတယ်။ရွာသားကနေ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင်ဟန်မင်းဆက်ကို တည်ဆောက်ဖို့အတွက်လူတော်တွေလာအောင်၊အကွက်ချတာ၊ ပြဿနာဖြေရှင်းတာ၊ပညာရှင်တွေနဲ့ ဝန်းရံတာ၊ပါဝါပလေးလာလုပ်တဲ့ စစ်သူကိုနှိမ်နင်းတာမဟာဗျူဟာ အကွက်ရွေ့မှုတွေအများကြီးလုပ်ရတယ်။ ကံကောင်းရုံနဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ရင်တစ်ခါ၊ နှစ်ခါပဲဖြစ်မယ်။ဘဝမှာ အကြိမ်ကြိမ်ဖြစ်ဖို့ဥာဏ်ကောင်းဖို့လိုတယ်။အထူးသဖြင့် မဟာဗျူဟာဥာဏ်ရှိဖို့လိုတယ်။ Phyo Paing @ Derek