Future

စိတ်ဓာတ်မကျပါနဲ့

ကိုယ်ထက်ချမ်းသာတဲ့သူ၊ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင်ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီးစိတ်ညစ်မနေဘူး။သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်ဘူး။သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာအကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။​ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကိုအကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာတပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။​ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲBuild ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။တည်ဆောက်၊ ဆန်းစစ်၊ သင်ခန်းစာယူပြုပြင်ပဲ။စိတ်ဓာတ်မကျပါနဲ့။ Phyo Paing @ Derek

စိတ်ဓာတ်မကျပါနဲ့ Read More »

လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်
ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်

လူအများ အိပ်စက်နေချိန်မှာကိုယ်က နိုးထတရားထိုင်၊ စာဖတ်၊ journal ရေး၊ လေ့ကျင့်ခန်းလုပ်မယ်။ လူအများ အိပ်ရာထဲက ထဖို့ကြိုးစားနေတဲ့အချိန်ကိုယ်က ဘဝရှေ့ရေးအတွက်plan တွေစဥ်းစား ပြင်ဆင်နေမယ်။ လူအများစဥ်းစားချင်တာစဥ်းစားပြီးအတွေးဝင်္ကပါထဲ မှာချာချာလည်နေတဲ့အချိန်ကိုယ့် language skills တွေအတွက်App တွေနဲ့ လေ့ကျင့်နေမယ်။ လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်။ လူအများစုအနေနဲ့ တခြားသူတွေဘယ်လိုမြင်မလဲစဥ်းစားစိတ်ညစ်နေတဲ့အချိန်ကိုယ့်ရဲ့ သတ်မှတ်ဥပဒေသအတိုင်းဘူကောင်တွေကို ရှောင်မယ်။တစ်မိနစ်ထက်ပို စိတ်ညစ်စေတဲ့အရာမခံစားဘူး။ လူအများစု ဘဝရပ်တည်ရေးအတွက်ငွေကြေးကို ဦးတည်တဲ့အချိန်ကိုယ့်အနေနဲ့ ဘဝမှာကိုယ်ဖန်တီးချင်တဲ့အတ္တနဲ့ ပရအကျိုးသယ်ပိုးဖို့ အဓိပ္ပာယ်ကို အာရုံစိုက်မယ်။ ဒါတွေက ဒီစာကိုဖတ်နေတဲ့သူနဲ့ လူအများစုနဲ့ ကွာခြားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာကြောင့်အလုပ်တွေလုပ်နေရတာလဲ?အကောင်းဆုံးကိုယ့်ကိုကိုယ်ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ရှိသလိုသံသရာထဲမှာ တခြားသူတွေကိုအလင်းနဲ့ positive energy ပြန်ပေးဖို့ ကိုယ်က energy sourceဖြစ်နေဖို့ ကိုယ့်ကိုကိုယ် အိုလံပစ် အားကစားသမားများလို train နေဖို့လိုတယ်။

လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်
ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်
Read More »