Life

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။

လူတွေရဲ့ အထင်အမြင်က အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နေတတ်တယ်။ ဒီအပေါ်မှာ သွားခံစားနေရင် မှားလိမ့်မယ်။ တစ်ယောက်တည်းနေနေလဲ စိတ်ငြိမ်းချမ်းအောင် နေနိုင်ဖို့ လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။
Read More »

ဘဝဆိုတာ

၂၀၀၅ ပြိုင်ဖက်တွေက၂၀၁၂ မှာ ပြိုင်ဖက်မဟုတ်တော့ဘူး။ ၂၀၁၂ က ပြိုင်ဖက်တွေက၂၀၁၅ မှာ မဟုတ်တော့ဘူး။၂၀၁၅ ပြိုင်ဖက်တွေက၂၀၂၂ မှာ မဟုတ်တော့ဘူး။ ဘဝဆိုတာ အဲ့လိုပဲဒူပေဒါပေခံဖို့၊သက်လုံကောင်းဖို့နဲ့စိတ်ရှည်ဖို့၊ စိတ်ဓာတ်ပြတ်သားခိုင်မာဖို့လိုတာပဲ။၊ Phyo Paing @ Derek

ဘဝဆိုတာ Read More »

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။

ကျွန်တော်ကတော့ ကိုယ့်ဘဝကိုယ်အရမ်းကြိုက်တယ်။ဘယ်သူနဲ့မှလဲ မလဲချင်ဘူး။နေ့တိုင်းဖြတ်သန်းရတာလဲအရသာ အပြည့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ Have ဆိုတဲ့ ပိုင်ဆိုင်မှုတွေကိုအာရုံသိပ်မပြုဖြစ်ဘူး။ Do ဆိုတာတွေကို နေ့စဉ်အာရုံပြုဖြစ်တယ်။ နေ့စဉ် ငါဘာတွေလုပ်မလဲ။ဒီလုပ်တဲ့အရာကနေ ငါဘယ်လိုလူဖြစ်လာမလဲ။ Be ဆိုတာ အာရုံပြုဖြစ်တယ်။ဘာလုပ်မလဲဆိုတာနဲ့ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ကိုယ့်ထိန်းချုပ်မှုအောက် အပြည့်ရှိတယ်။ ဘာတွေ ပိုင်ဆိုင်မလဲဆိုတာကတော့ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။ မပြောင်းလဲချင်တဲ့ ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီးတောင်ပြောင်းလဲလို့မလွယ်တဲ့အချိန်မျိုးမှာမပြောင်းလဲချင်တဲ့ တခြားသူတွေကိုကြိုးစားပြီး သွားပြောင်းလဲတာ အပိုပဲဖြစ်နိုင်တယ်။ ကျွန်တော်ရဲ့ ဘဝ philosophy ကရှင်းရှင်းလေးပဲ။ ပိုက်ဆံတွေအများကြီးရှိပြီးဆုံးရှုံးမှာ ကြောက်နေတဲ့သူကျန်းမာရေးမကောင်းနဲ့သူအဖြစ်မနေချင်ဘူး။ ဘဝမှာ ကိုယ့်ရဲ့ personal development, Professional ပိုင်းမှာ mastery ဖြစ်ပြီး၊ကိုယ့်ထိန်းချုပ်မှုအောက်အပြည့်ရှိပြီးတိုးတက်နေတဲ့ Business ရှိပြီးကိုယ့်ကိုကိုယ် အကောင်းဆုံးတည်ဆောက်နေဖို့ပဲ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲသူများကို ကောင်းအောင်လုပ်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။
Read More »

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အာဖရိကရောက်သွားရင် ဘာလုပ်စားမလဲ။ ဒါမှမဟုတ် တိုးတက်ပြီးနိုင်ငံတွေရောက်ရင် ဘာလုပ်မလဲ။ အသက် ၃၅၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀အဲ့လို အချိန်မျိုးမှာဘဝကို သုညက ပြန်စရရင်ဘာတွေ လုပ်မလဲ။ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ခြေထောက်ကျိုးသွားခဲ့ရင်၊မျက်လုံးကန်းသွားခဲ့ရင်၊ နားကန်းသွားခဲ့ရင် ဘာတွေ ဆက်လုပ်မလဲ။ အမြဲ စိတ်ဓာတ်ရေးရာအရnegative visualization လုပ်ကြိုတင်ပြင်ဆင်ထားတဲ့အတွက်လောကဓံကို အနည်းငယ်ပိုခံနိုင်လာတယ်လို့ဆိုရမယ်။ တနေ့ ကိုယ်အရင်မသေရင်ကိုယ်ချစ်တဲ့သူတွေ အရင်သေလိမ့်မယ်။အဲ့ဒီအတွက်လဲ စိတ်ဓာတ်ရေးရာအရကြိုတင်ပြင်ဆင်ထားရတယ်။ ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်ဖြစ်နိုင်ခြေ ဆိုးရွားတဲ့ scenario တွေအတွက်စိတ်ဓာတ်ရေးရာအရ ကြိုတင်ပြင်ဆင်ထားတာ မမှားဘူးလို့ ဆိုရမယ်။ Phyo Paing @ Derek

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင် Read More »

နေ့တိုင်းက ကိုယ့်အတွက် တိုက်ပွဲပဲ။

ပျင်းပေမယ့် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အရာဖြစ်ဖြစ် မြောက်မြောက်လုပ်ဖို့ တိုက်ပွဲပဲ။ ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ဖော်ပြ ရေးချဖို့ စဉ်းစားတိုင်းလူတွေ ငါ့ကို ဘယ်လိုထင်သွားမလဲဆိုတဲ့အတွေးအခေါ်ကို အနိုင်ယူပြီးရေးချဖို့ တိုက်ပွဲပဲ။ ကိုယ်မကျွမ်းကျင်တဲ့အရာကို ကျွမ်းကျင်အောင် လုပ်နိုင်ဖို့အတွက်တိုက်ပွဲပဲ။ ဒီနေ့ တစ်ရက်တာကို အကောင်းဆုံးအသုံးချနိုင်မလားဆိုတဲ့ တိုက်ပွဲပဲ။ နေ့စဉ် တိုက်ပွဲလေးတွေမှာ အနိုင်ယူနိုင်မှ တကယ့် စစ်ပွဲကြီးမှာ အနိုင်ယူနိုင်မှာ။ နေ့စဉ် တိုက်ပွဲတွေက အရေးကြီးတယ်။ Phyo Paing @ Derek

နေ့တိုင်းက ကိုယ့်အတွက် တိုက်ပွဲပဲ။ Read More »

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။

တခါတလေ ကိုယ်နေတဲ့မြို့ကိုယ်ပေါင်းတဲ့ အပေါင်းအသင်ကြားကိုယ်လုပ်တဲ့အလုပ်ကိုယ့် အလုပ်နယ်ပယ်မှာတခြားသူတွေနဲ့ အတူပဲကိုယ်က တစ်ယောက်တည်းလွတ်နေတတ်တယ်။ လူတွေက စိတ်ဝင်စားတာကိုယ်က စိတ်ဝင်မစားတာမျိုး။သူများတွေ inspire ဖြစ်တာကိုယ်ကမဖြစ်။သူတို့ဖြစ်ချင်တာက တမျိုးကိုယ်ဖြစ်ချင်တာက တမျိုး။ သူများတွေ ပျော်နေတုန်းကိုယ်က အနာဂတ်အတွက်စဉ်းစားကြိုတင်တိုင်ပတ်နေတာမျိုးလဲဖြစ်ရင် ဖြစ်မယ်။ သူများတွေ တိုင်ပတ်နေချိန်အဲ့လို တိုင်ပတ်မှုအပေါင်းသရဖူဆောင်းပြီးကိုယ်တိုင်ပတ်တဲ့ အဆင့်ကနောက်တစ်ဆင့်ရောက်နေတာမျိုးလဲဖြစ်ချင်ဖြစ်မယ်။ အဲ့လိုမျိုး ပတ်ဝန်းကျင်နဲ့နည်းနည်းလွတ်နေတာမျိုးဖြစ်နေတတ်တယ်။ ဒါက ရူးတာ မဟုတ်ဘူး။အများလျှောက်တဲ့လမ်းနဲ့မတူတာ။အတွေးအခေါ်မတူတာ။အိမ််မက်တွေ မတူတာ။အနာဂတ်အမြင်မတူတာ။ တခါတလေ လွတ်နေတာမကောင်းဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ Phyo Paing @ Derek

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Read More »

ကိုယ့်ဘဝမှာ ဘာပဲလိုလို
ကိုယ့်ကိုကိုယ် လုပ်ယူမှရတတ်တယ်။

အလကားရတာ ဘယ်တုန်းကမှမရှိသလို ရလဲမရချင်ဘူး။ ကောင်းတဲ့အချက်က တန်ဖိုးကြီးတဲ့အရာတစ်ခုရဖို့လေးငါးဆယ်နှစ်လောက်ကတော့ဒူပေဒါပေခံလာနိုင်တယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ပြဿနာတက်လာတိုင်း WTF ဆိုပြီး ရှေ့ဆက်ဖြစ်ခဲ့ကြတာပေါ့။ ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေကမနက်ဖြန်အတွက် သုခမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ Phyo Paing @ Derek

ကိုယ့်ဘဝမှာ ဘာပဲလိုလို
ကိုယ့်ကိုကိုယ် လုပ်ယူမှရတတ်တယ်။
Read More »

Realistic > Idealistic

အိမ်က စားစရာမရှိတာကိုကိုယ်ဝါသနာပါတာပဲလုပ်မယ်။Follow your passion ဆိုရင်ဒါက လက်တွေ့မကျတာပဲ။ ကိုယ့်ကိုကိုယ်တောင် မပြင်နိုင်ပဲသူများကို ပြင်ဖို့ကြိုးစားတာဟာလက်တွေ့ မကျတာပဲ။ ဆရာကြီး လုပ်ရတာက လွယ်တယ်။ဟိုဟာလေးလုပ်လိုက်။ဒီဟာလေးလုပ်လိုက်။ပြောတော့တာ စာရွက်ပေါ်ဟုတ်နေတာ။တကယ်လုပ်ဖို့တာ ခက်တာ။ အခြေခံပြည့်စုံလို့ အခြေခိုင်တဲ့အခါစိတ်ကူးယဉ်ဆန်တာ သဘာဝကျတယ်။ ပန်းချီမဆွဲတတ်သေးပဲပန်းချီကားရေးဆွဲတဲ့ trend ကိုပြောင်းမယ်ဆိုတာကတော့ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်သလိုပဲ။ ကိုယ့်ကိုကိုယ်လဲ သတိအမြဲပေးတယ်။စာအုပ်တွေထဲက လက်တွေ့ကျင့်သုံးလို့ရတာပဲယူ။ လက်တွေ့ > စိတ်ကူးယဉ်ဆန်Realistic > Idealistic Phyo Paing @ Derek

Realistic > Idealistic Read More »