အတိတ်
အတိတ်က အနာဂတ်ထက် ဦးနှောက်မှာနေရာယူနေသေးသ၍အနာဂတ်တွေမလှပနိုင်ဘူး။Phyo Paing @ Derek
လူရယ်လို့ဖြစ်လာရင် ပြဿနာကတော့ရှိနေဦးမှာပါ။ ကိုယ်က ဘယ်ပြဿနာကြုံချင်တာလဲပဲရွေးချယ်ရမယ်။ ဈေးသည်မှာလည်း ဈေးသည်ပြဿနာ၊ ကျောင်းဆရာမှာလည်း ကျောင်းဆရာပြဿနာ၊ ဆေးဆရာမှာလည်း ဆေးဆရာပြဿနာ၊ အရောင်းသမားမှာလည်း အရောင်းသမားပြဿနာ၊ သူဌေးမှာလည်း သူဌေးပြဿနာ။ မိသားစုမရှိတဲ့သူကလည်း မိသားစုမရှိလို့ အထီးကျန်တဲ့ ပြဿနာရှိသလို မိသားစုရှိတဲ့သူကလည်း မိသားစုရှိတဲ့အတွက် ပူပင်ရတဲ့ ပြဿနာရှိတယ်။ Phyo Paing @ Derek
သင့်ရဲ့ အကြီးမားဆုံးရန်သူက သင်ကိုယ်တိုင်ဖြစ်တယ်။ နေ့စဉ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို စစ်တိုက်ယူနေရတယ်။ သင်ဟာစစ်သားဖြစ်တယ်။ စစ်သားတွေ စစ်ပွဲအတွက် နေ့စဉ်လေ့ကျင့်ရေးဆင်းရသလို ဘ၀အတွက် လေ့ကျင့်ရေးဆင်းဖို့လိုတယ်။ လေ့ကျင့်တာအရေးကြီးသလို နည်းစနစ်ကလည်း အရေးကြီးပါတယ်။ Phyo Paing @ Derek
တွက်နည်းမှန်ပြီး အဖြေမှားတာတွေရှိသလို တွက်နည်းမှားပြီး အဖြေမှန်သွားတာလည်းရှိတယ်။ တွက်နည်းမျိုးစုံနဲ့ အဖြေမှန်ရနိုင်သလို ကိုယ့်တွက်နည်းနဲ့မတူလို့ အပစ်ဝိုင်းရှာတာလည်း ခံရနိုင်တယ်။ တချို့ကတော့ တိုက်ရိုက် ကော်ပီကူးချသလို တချို့ကလည်း ကိုယ်ပိုင်တွက်နည်းနဲ့ တွက်ကြတယ်။ တချို့ကျတော့လည်း ဘ၀ကို ဒီပုစ္ဆာတစ်ပုဒ်တည်းနဲ့ အမှတ်ပေးမယ်ထင်တယ်။ အမှန်တော့ ဘ၀မှာ သင်္ချာပုစ္ဆာ အခန်းရှည်ကြီးဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေးပြီး ဖြေရှင်းနေဖို့ အရေးကြီးတယ်။ အဖြေမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အချိန်တန်ခေါင်းလောင်းထိုးချိန်တွင် အိမ်ပြန်ရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ သင်္ချာပုစ္ဆာကို ဖြေရှင်းရင်း ခေါင်းလောင်းထိုးချိန်ကို စောင့်ကြတာပေါ့။ Phyo Paing @ Derek
သူတပါးကို ဝေဖန်နေတာနဲ့တင် အချိန်တွေကုန်နေပြီ။ ကိုယ့်အတွက် ကိုယ်ကို ဘယ်အချိန် အလုပ်သွားလုပ်မလည်း။ သုများသွားထိုင်ဝေဖန်နေလို့ ဘာရမလည်း။ လူတိုင်းကိုလည်း အလွယ်တကူ အထင်မသေးသင့်သလို အလွယ်တကူလည်း အထင်ကြီးစရာမလိုဘူး။ Phyo Paing @ Derek
1. သင်ဟာ သင်နဲ.ပေါင်းနေကျ လူငါးယောက်ရဲ. Average ပါ။ Jim Rohn ပြောတာနည်းနည်းဖြည့်ပါမယ်။ (5) 2. ပေါင်းတဲ.သူချင်းတူပြီး ရောက်နေတဲ.နေရာကွာစေတာကတော. လုပ်နေကျ Action ၃ ခုပါ။ တနည်းအားဖြင်. Routine ပေါ.။ (3) 3. နောက် Level တစ်ခုတက်ဖို. လုပ်နေကျအတိုင်းလုပ်ဆောင်လို.မရပါဘူး။ အသစ်လေ.လာမှု အသစ်စမ်းသစ်လုပ်ဆောင်မှု လိုပါတယ်။ ဒါကြောင်. New Action 1 ခု အပတ်စဉ်လေ.လာလုပ်ဆောင်ဖို.လိုပါတယ်။ (1) ဘဝအဆုံးအဖြတ်ရလဒ်တွေကို ယူဆောင်ပေးတာ 5-3-1 Phyo Paing @ Derek
အကြံဉာဏ်တိုင်းက လူတိုင်းအတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ personality နဲ့ရောက်နေတဲ့ Level ပေါ်မူတည်ပါတယ်။ နံပတ်တစ် ကိုယ်ဘယ်လိုလူလည်းClear ဖြစ်ရမယ်။ဘယ်ကိုသွားမလည်းသိရပါမယ်။ ဘယ်နေရာရောက်ပြီလည်းသိရသလို ဘာဆက်လုပ်ရမလည်းလည်းသိဖို့လိုပါတယ်။ ဘဝဆိုတာ Game တစ်ခုလိုဘဲ ရောက်နေတဲ့အဆင့်ပေါ်မူတည်ပြီး ယူရမည့်အကြံဉာဏ်မတူပါဘူး။ Marshall Goldsmith ပြောသလိုဆိုWhat got you here won’t get you there. Phyo Paing @ Derek
လူတိုင်းလူတိုင်းမှာ လိုသူရှိသလို မလိုသူတွေရှိပါတယ်။ လူအများစုဟာ အချိန်အများစုမှာ အများအကြောင်းစဉ်းစားနေတာထက် ကိုယ့်အကြောင်းကိုယ်စဉ်းစားနေကြတာလူတိုင်းသိကြပါတယ်။ လူတွေငါ့ကို ဘယ်လိုထင်နေမလည်း? ငါလုပ်တာမှားနေလို့လား? ငါ့ကို တခြားအပေါင်းအဖော်တွေ ဘယ်လိုထင်နေမလည်း? Hey, forget about it! သူထင်ချင်သလိုထင် ကိုယ့်ဘဝကို ကိုယ်ရွက်လွင့်ဖို့ အရေးကြီးတယ်။ ဟုတ်တယ်ဟုတ်? အခြေနေပေါ်မူတည်ပြီး အကောင်းဆုံးလုပ်တယ်။ အဲ့ဒါမှန်တယ်။ အဲ့အချိန်မှာရှိတဲ့ အတွေး၊ အခြေအနေ၊ ဦးနှောက်၊ခံစားချက် နဲ့လုပ်ခဲ့တာ။ ဘာမှ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်စရာအကြောင်းမရှိဘူး။ တစ်ခုပြောပါရစေ။ You are right! You are right! There is nothing wrong with you! HustlePhyo Paing @ Derek
မာယာတွေများလွန်းတယ်။ အရာရာကို နှလုံးသားနဲ့လက်ခံရင်မှားအုံးမယ်။ ဦးနှောက်နဲ့ဇကာစစ်နောက်တဆင့်မှ နှလုံးသားနဲ့လက်ခံ။ သင့်ကို ဝေဖန်တဲ့သူတွေက သင့်ကိုမုန်းလို့မဟုတ်သူတို့ရဲ့ အတ္တတွေအတွက်အသိအမှတ်ပြုခံရဖို့ ဆာလောင်နေလို့ဖြစ်တယ်။အရာရာကို နှလုံးသားနဲ့မခံစားပါနဲ့။ ဦးနှောက်နဲ့ ဇကာစစ်ပါ။ Phyo Paing @ Derek
အသက် ၁၈ နဲ့ ၄၅ အတွင်းဟာစွမ်းအားအမြင့်ဆုံးအချိန်ဘဲ။ ဒါက စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေရင် အသက်ကြီးရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။ စိတ်အာရုံတွေကို 🍅Drama ကနေ Dream ကိုပြောင်းပြီး စဉ်းစားနေဖို့လိုတယ်။🍅React ကနေ သေချာစဉ်းစားပြီး Respond ပြောင်းဖို့လိုတယ်။ တချို့အရာတွေကို 🍅Negative emotion တွေခံစားနေမည့်အစား Neglect လုပ်လိုက်။ 🍅အချို့ဝေဖန်မှုတွေကို Thinking လုပ်အချိန်ကုန်နေမည့်အစား ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဒူပေဒဏ်ပေခံပြီး Thick Skin အရည်ထူဖို့လိုတယ်။ The clock is ticking. Don’t waste your time. Keep going. Goal = dream with deadline. Phyo Paing @ Derek