ပိုင်ဆိုင်ချင်ရင် ရှာဖွေရမယ်။
ရေရှည်တည်တံ့ ခိုင်မြဲချင်ရင်ထိန်းသိမ်းထားရမယ်။ထိန်းသိမ်းထားချင်ရင်တန်ဖိုးထားဖို့လိုတယ်။တချို့အရာတွေက တန်ဖိုးထားဖို့ မေ့သွားရင်သတိပြန်ရတဲ့အချိန် မမှီတော့ဘူး။Phyo Paing @ Derek
ရေရှည်တည်တံ့ ခိုင်မြဲချင်ရင်ထိန်းသိမ်းထားရမယ်။ထိန်းသိမ်းထားချင်ရင်တန်ဖိုးထားဖို့လိုတယ်။တချို့အရာတွေက တန်ဖိုးထားဖို့ မေ့သွားရင်သတိပြန်ရတဲ့အချိန် မမှီတော့ဘူး။Phyo Paing @ Derek
Tony Robbins ကတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး success coachတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာအနှံ့ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ motivational speaker တစ်ယောက်လဲဖြစ်ပါတယ်။ စီးပွားရေးလောကရဲ့ အကြီးကျယ်ဆုံးနဲ့ အချမ်းသာဆုံး စီပွားရေးလုပ်ငန်းတွေကို အကြံပေးအဖြစ်လဲ လုပ်ဆောင်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Robbins ဟာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက လာခဲ့တာမဟုတ်ပါဘူး။ သူငယ်ငယ်ကတည်းက သူ့အဖေဟာ သူတို့မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။ Robbins ဟာ အသက် 17 နှစ်မှာ အိမ်က ထွက်ခဲ့ပြီး ကောလိပ်ကိုတောင် မတတ်နိုင်ခဲ့ပါဘူး။ ဒီလိုဘဝကနေ အခုဆိုရင် သူဟာ သူ့ရဲ့ motivational speech တွေ success worrkshop တွေ bestselling book တွေနဲ့
Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules Read More »
မြန်မာပြည်မှာ ဘယ်လောက်ကြိုးစားကြိုးစား ______________ မဖြစ်နိုင်ဘူး။ သင်တန်းတွေ တက်ပြီး Over-confident ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ? ဒီနှစ်ပိုင်းကို ကြည့်တဲ့အခါ DRC Dream Dream အိပ်မက်တွေကြီးပြီး မဖြစ်နိုင်တာမရှိဘူးဆိုတာကတော့ ဟုတ်ပါတယ်။ အချိန်တစ်ခုပေးရင် ဘယ်မရာမဆိုဖြစ်တယ်။ ဒါပေမယ့် Reality Check ကတော့ လုပ်ပေးရမယ်။ Reality Check ဒါ့ကြောင့် ဆေးကုမ္ပဏီကြီးတွေ ပြည်တွင်းလာရင် data ကြည့်ပြီး ဖြစ်နိုင်ခြေကိုဆုံးဖြတ်တယ်။ သင်္ချာသင်တယ်ဆိုတာ အလကားသင်ထားတာမှ မဟုတ်တာ။ ဆေးရုံအရေအတွက်၊ ကုတက်အရေအတွက်၊ ဆေးရုံတက်နှုန်း Occupancy rate နဲ့ ဆေးဝါးရောင်းမည့်ရောဂါဖြစ်နှုန်း၊ ဒီနိုင်ငံကလူတွေရဲ့ ဝင်ငွေနဲ့ သုံးနိုင်စွမ်းအပြင် နောင်ငါးနှစ်အတွင်းဖြစ်လာနိုင်တဲ့ ဝင်ငွေ GDP per capita တွက်ချက်ပြီးမှဝင်တယ်။ ဒါ့ကြောင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အရှိကို အရှိအတိုင်းမြင်ဖို့လိုတယ်။
Billionaire ရင်းနှီးမြုပ်နှံသူ Ray Dalio ရဲ့ Principles စာအုပ်ထဲမှ ကြိုက်တာလေးတစ်ခုက ရည်မှန်းချက်ကြီးတဲ့သူတိုင်းမှာ priority ဦးစားပေးဆိုတာရှိရမယ်။ ဦးစားပေးရာမှာ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒဆိုတာခွဲခြားနားလည်ရမယ်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကိုယ်မဖြစ်မနေ ဆွတ်ခူးမည့်အရာဖြစ်တယ်။ စိတ်ဆန္ဒဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အတားအဆီးပြုမည့်အရာဖြစ်တယ်။ ဥပမာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ကျန်းမာသန်စွမ်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ဖြစ်ပြီး စိတ်ဆန္ဒကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာ စားချင်တာဖြစ်ပါတယ်။ အလုပ်ရွေးချယ်တဲ့နေရာမှာတော့ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒနဲ့ တစ်သားတည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ ဆိုင်ထိုင်ပြီး စီးပွားရေးလုပ်မည့်အစား တိုးတက်ဖို့ အမြဲလေ့လာချင်သလို စွန့်ဦးတီထွင်တွေ၊ အလုပ်ခွင်ဝင် Working professionals တွေကို ကိုယ်လေ့လာထားတာပြန်ရှယ်ပေးချင်တယ်။ ဒီတော့ Working Professional နဲ့ Entrepreneurs တွေအတွက် သင်တန်းပေးဖြစ်တယ်။ ဒါ့ကြောင့် အလုပ်ရွေးချယ်တဲ့နေရာမှာ
Facebook comment တွေအောက်မှာ တစ်ယောက်က ဘရုပ်သုတ်ခပြောလိုက်ရင် တခြားသူတွေလိုက်ရေးကြတာကို မြင်ဘူးပါသလား? မနက် စျေးဦးလှန်သွားရင် (စျေးဦးပေါက်မကောင်းရင်) တစ်နေ့လုံး အဆင်မပြေဖြစ်တတ်တဲ့ သဘောတရားကြုံဖူးပါသလား ? Psychology မှာ Priming လို့ခေါ်ကြပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်။ ဥပမာ customer တစ်ယောက် စျေးလာဝယ်တဲ့အခါ Dear Customer ခင်ဗျားအကြိုက်ဆုံး product က ဘယ်လိုပုံရှိမလည်းဆိုတဲ့ ပုံဖော်ခိုင်းပြီး ကိုယ့် product ကိုရောင်းနိုင်သလို ကျွန်တော်တို့ မနက်ထထခြင်း မင်္ဂလာရှိဖို့ တရားခွေဖွင့်ကြတာဟာ priming effect ကြောင့်ပါ။ စောစောစီးစီး ကျက်သရေမရှိတာတွေ မပြောနဲ့ဆိုတဲ့ စကားလည်းကြားဘူးမှာပါ။ မနက်ထထခြင်းမှာ ကျွန်တော်တို့ brain ဟာ သာမန်အချိန်တွေထက် အနည်းနဲ့အများ fresh ဖြစ်နေလေ့ရှိပါတယ်။ ဒီအချိန်မှာ stupid questions
လူတွေထင်ကြတာ ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်ရင် အလကားဖြစ်သွားပြီထင်ကြတာ။ လူအများစုက accounting သင်ယူပြီး accountant ဖြစ်ဖြစ်သွားတယ်။ ဥပဒေပညာသင်ပြီး ရှေ့နေလုပ်ရမယ်ဆိုတာ အများစု ယူဆကြတယ်။ တရုတ် communist ခေါင်းဆောင် အများစုဟာ engineer ဖြစ်တယ်။ Lee Kuan Yew ဟာ ရှေ့နေဖြစ်တယ်။ ပညာရပ်တစ်ခု သင်ပြီးသွားတဲ့အခါ attitude အနည်းနဲ့အများပြောင်းသွားသလို နောက်ပညာရပ်တစ်ခုပြန်သင်ယူတဲ့အခါ အင်မတန်လွယ်ကူလာတယ်။ ဦးနှောက်မှာ ရှိတဲ့ dendrite တွေဟာ ပညာရပ်တစ်ခုသင်ယူပြီးတဲ့အခါ axonal Connection တွေဖြစ်တယ်။ လေ့လာထားသမျှ အလကားမဖြစ်ဘူး။ တချိန်မှာ connecting the dots ဖြစ်မယ်။ Elon Musk လေ့လာခဲ့တဲ့ economics ဟာ သူ့လုပ်ငန်းမှာ များစွာအထောက်အကူပြုသလို Jack Ma ကျောင်းဆရာလုပ်ခဲ့တဲ့အတွက်
လူချင်းတူပေမယ့် လူတွေကို ကွဲပြားခြားနားစေတဲ့ “အ”သုံးလုံး၁.အတွေးလူတွေအားလုံး အစိုးရတဲ့တစ်ခုတည်းသောအရာ အတွေး။ကိုယ် အာရုံစိုက် တွေးခေါ်စဥ်းစားချင်တာကိုလွတ်လပ်စွာ တွေးခေါ်နိုင်တယ်။လူတွေကို ဘာတွေးရမယ်လို့တိုက်ရိုက် ကန့်သတ်ထားလို့မရ။လူတိုင်းလူတိုင်းဟာသူတွေးတဲ့အတွေးတွေရဲ့ ရလဒ်တွေဖြစ်တယ်။ ၂.အဓိပ္ပာယ်အတွေးချင်းတူပေမယ့် အဓိပ္ပာယ်ဖွင့်ဆိုတာ တူချင်မှတူလိမ့်မယ်။အသက်ငယ်တာအတူတူငါက အသက်ငယ်လို့ မအောင်မြင်နိုင်ဘူး။အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလိုအသက်ငယ်တော့ ခွန်အားပိုရှိတယ် ပိုလေ့လာနိုင်တယ်ပိုကြိုးစားနိုင်တယ်၊ပိုတက်ကြွတယ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူနိုင်ပါဘူး။ ၃.အက်ရှင်(အကောင်အထည်ဖော်မှု)လူတွေကို ကွဲပြားခြားနားစေတဲ့အရာကအက်ရှင်လုပ်ရပ်ဖြစ်ပါတယ်။သိပြီးအသုံးမချတာနဲ့မသိတာနဲ့ အတူတူပါပဲ။ဒါကြောင့် ဘဝမှာ အပြောင်းအလဲလုပ်ချင်ရင်ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်။ အသုံးလုံးဟာ တစ်ဆင့်ပြီးမှ တစ်ဆင့်လာပါတယ်။ အတွေး၊ အဓိပ္ပာယ် တွေရဲ့နောက်မှာ အက်ရှင်ဖြစ်လာတယ်။ ဥပမာ။အတွေး- ငါစာဖတ်ရမယ်။အဓိပ္ပာယ်- အောင်မြင်ချင်ရင်စာမဖတ်လို့မရဘူး။အက်ရှင်- တကယ်စာဖတ်မယ်။ Phyo Paing @ Derek
လူတစ်ယောက်ရဲ့ သက်တမ်းဟာအကြမ်းဖျင်း ရက်ပေါင်း ၃၀၀၀၀ ရှိတယ်။ဒါကြောင့် ကိုယ်စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကိုလုပ်ပြီးအချိန်ဖြုန်းနေတာထက် စိတ်ဝင်စားပြီးPassionate ဖြစ်တဲ့ အလုပ်ကိုလုပ်တာဘဝက ပိုအဓိပ္ပာယ်ရှိမယ်ထင်တယ်။Phyo Paing @ Derek
၁. သူများကို မဝေဖန်ပါနဲ့။၂. ကိုယ့်ဘဝကို သူများနဲ့ မနှိုင်းယှဥ်နဲ့။၃. လူတွေငါ့ကို ဘယ်လိုထင်နေမလဲ တွေးမကြောက်နဲ့။၄. အတိတ်မှာ မနေထိုင်နဲ့။ (သို့) နောင်တမရနဲ့။၅. အနာဂတ်ကို တွေးမကြောက်နဲ့။၆. ပစ္စုပ္ပန်နဲ့ နောက်ဆယ့်ငါးမိနစ်ဟာ သင့်ဘဝကို အဆုံးအဖြတ်ပေးတာ သတိရပါ။Phyo Paing @ Derek
ဒီထက်ပိုဆိုးတာကဒါနဲ့ပတ်သက်ပြီး ဘာမှပြင်လို့မရတော့တာတွေဖြစ်မယ်။ ဒါအတွက် ရွေးချယ်စရာလမ်းနှစ်လမ်းရှိမယ်။ ထိုင်ပြီး ဘဝကိုစိတ်တိုင်းမကျအတိတ်ကိုပြန်တွေးပစ္စုပ္ပန်ကို အပြစ်တင်နေမလား? အရာရာဟာ ပိုကောင်းဖို့ဖြစ်လာတာပါလို့ယုံကြည်ပြီးလက်ရှိကို အရှိကိုအရှိအတိုင်းလက်ခံပြီးလှပတဲ့အနာဂတ်ကို ဖန်တီးကြည့်မလား။ အတိတ်က အနာဂတ်ထက် ဦးနှောက်မှာနေရာယူနေသေးသ၍အနာဂတ်တွေမလှပနိုင်ဘူး။Phyo Paing @ Derek