Management

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။

234 ဒါကတော့ ရက်ပေါင်း ၂၃၄ ရက်မှာစာအုပ်ပေါင်း ၂၃၄ အုပ်ဖတ်ပြီး video ဖန်တီးခဲ့တဲ့ခရီးစဥ် တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ philosophy ကဒီနေ့လုပ်ခဲ့တဲ့ အလုပ်က မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးနိုင်ရမယ်။ ငယ်ငယ်က လေ့လာခဲ့လေ့ကျင့်ခဲ့တဲ့ positive psychology, memory training, speed reading,ဆေးပညာ နဲ့ စီးပွားရေးပညာရပ်တွေဟာတချိန်မှာ ဆုံမှတ်တစ်ခုရှိလိမ့်မယ်။ ခပ်ကြီးကြီးလုပ်မယ်။လေကြီးလေကျယ်ပြောမယ်ဆိုရင်consistency တော့ အနည်းဆုံးရှိဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။
Read More »

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။

စိတ်ကို ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်တတ်ရင်မတွေး၊ မရေး၊ သေချာ မဖတ်နိုင်ဘူး။ နေ့တိုင်း အကြည်ဓာတ်ရှိဖို့တရားမျှတမှုမရှိတဲ့ လောကဓံရဲ့တချို့အပိုင်းတွေကို ခဏလျစ်လျူရှုပြီးကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ကိုယ်နဲ့ထိတွေ့တဲ့လူတွေကို အကောင်းဆုံး version တည်ဆောက်နိုင်ဖို့personal, professional, business တိုးတက်မှုပိုင်းကို ကူညီပေးဖို့အာရုံပြုပြီး လုပ်နေမိတယ်။ ဒီနိုင်ငံမှာ အင်တာနက်ရှိနေသမျှဒီမှာဆက်ရှိိနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ပညာရေးနဲ့ နည်းပညာအသုံးပြီးလူသားတွေရဲ့ဘဝအပြောင်းအလဲလုပ်ဖို့ကYEC ရဲ့ Mission ဖြစ်နေလို့။ Phyo Paing @ Derek

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။
Read More »

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။

အလုပ်တစ်ခု စလုပ်တဲ့အချိန်မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ခင်ဗျာရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ 2015 ကရေးခဲ့တဲ့စာPhyo Paing @ Derek

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။
Read More »

၅ မိနစ်နဲ့ စတင်ပါ။

တရားထိုင်ဖို့ခက်နေရင်ငါးမိနစ် alarm ပေးပြီးစကြည့်။ကိုယ့်လုပ်ငန်းအကြောင်းစဥ်းစားဖို့ ခက်နေရင်ငါးမိနစ် alarm ပေးပြီးစစဥ်းစားကြည့်။စာဖတ်ဖို့ခက်နေရင်လဲ ဒီအတိုင်းပဲ။ တစ်နာရီ၊ နှစ်နာရီလောက်လုပ်မယ်ဆိုတာထက်စတဲ့အခါ ငါးမိနစ်နဲ့ စကြည့်။ ပြီးမှ တိုးချင်ရင် ဖြေးဖြေးတိုးသွား။ Expectation Management မျှော်မှန်းချက်တွေကို စီမံခန့်ခွဲမှုကထင်ထားတာထက် ပိုခက်တယ်။ဥပမာကိုယ်က တစ်နာရီထိုင်မယ်လို့စဥ်းစားပြီး ၄၅ မိနစ်ပဲထိုင်မိရင်ကိုယ့်ကိုကိုယ် အားရရမည့်အစားloser ဆိုတဲ့ စိတ်ခံစားရတတ်တယ်။ ဒီတော့ ၅ မိနစ်ပဲထားခြင်းဟာ သူ့ထက်ပိုတဲ့အရာတိုင်းဟာ အောင်မြင်မှုဆိုတာ ခံစားရလိမ့်မယ်။ ToeTet Insider’s Note လုပ်တုန်းကလဲအလားတူပဲ။ နှစ်ပတ်လောက်ပဲ လုပ်မယ်လို့စဥ်းစားခဲ့တာ။ဒီနေ့ဆို 188 ရက်နေ့မြောက်နေ့ဖြစ်လာပြီ။ မျှော်မှန်းချက်တွေကို အနည်းဆုံးထားထားပါ။ ဒါက ပိုစိတ်ချမ်းသာရတယ်။ ငါးမိနစ်နဲ့စပါ။ လောင်ဇူးပြောသလို မိုင်ထောင်ချီတဲ့ ခရီးကို ခြေတစ်လှမ်းနဲ့ စခဲ့ကြတယ်။ Phyo Paing @ Derek

၅ မိနစ်နဲ့ စတင်ပါ။ Read More »

Talent Management

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။ လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့အစွမ်းအစ ပြိုင်ကြတာပါ။ SME လုပ်ငန်းတွေမှာ လူတော်တွေကို attractလုပ်ရတာနဲ့ ထိန်းထားရတာအခက်ဆုံးပဲ။ ဒီလို recruit, train and maintain လုပ်နိုင်ဖို့earn + learn လုပ်နိုင်ကြဖို့လိုတယ်။ ငွေတစ်ခုတည်းနဲ့ လူတွေအလုပ်မလုပ်ကြပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ကိုယ်သူတို့အစွမ်းအစတွေ express လုပ်ချင်လာမယ်။ ဒီအတွက် learning environment ရှိနေရမယ်။ HR philosophy အများစုကို အရင်လုပ်ခဲ့တဲ့ကမ္ဘာ့အလုပ်လုပ်လို့အကောင်းဆုံး company က အများကြီးလေ့လာလို့ရခဲ့တယ်။သူတို့ရဲ့ CHRIS လို့ခေါ်တဲ့ Common Human Resource Information System ကိုအသုံးပြုပြီးKPI, Target, SOP, Team Building လုပ်တဲ့ပုံစံနဲ့ Agreed Goal နဲ့ PIP (Performance Improvement Plan)ချတဲ့ပုံစံတွေဟာ

Talent Management Read More »