Marketing

မာကတ်တင်းအကြောင်း

မားကတ်တင်းအကြောင်း နည်းနည်းပြောပြမယ်။ မားကတ်တင်း ဗားရှင်း 1.0 အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ မားကတ်တင်း ဗားရှင်း 2.0 နောက် အဖေ၊ အမေ လက်ထက်ကျတော့ လက်ဟောင်းပဲ ယူချင်တယ်။ စထုတ်တုန်းအရည်အသွေးကောင်းပြီး ရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ ကျွန်တော်ကတော့ “Me Marketing” လို့ အတိုကောက်နာမည်ပေးတယ်။ “ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး” မားကတ်တင်းပေါ့။ […]

မာကတ်တင်းအကြောင်း Read More »

ကိုယ့်ဖောက်သည်ကို နားလည်ဖို့။

မားကတ်တင်းမှာ အရေးအကြီးဆုံးကကိုယ့်ဖောက်သည်ကို နားလည်ဖို့။တိုးတက်ရေးမှာ အရေးအကြီးဆုံးကကိုယ့်ကိုကိုယ် နားလည်ဖို့။ အချစ်ရေးမှာ အရေးကြီးတာ တစ်ဖက်လူကို နားလည်ဖို့။ ဝန်ထမ်းအုပ်ချုပ်ရေးမှာ အရေးကြီးတာကိုယ့်ဝန်ထမ်းတွေကို နားလည်ဖို့။ Phyo Paing @ Derek

ကိုယ့်ဖောက်သည်ကို နားလည်ဖို့။ Read More »

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။

ငညံ့ မားကတ်တင်းသမားကတင်ချင်တာ တင်တယ်။ သာမာန်မားကတ်တင်းသမားကလူတွေစိတ်ဝင်စားမယ်ထင်တာတင်တယ်။ ငဂျွတ်မားကတ်တင်းသမားကကိုယ်တင်တာ လူတွေစိတ်ဝင်စားအောင်လုပ်တယ်။ အဆင့်မြင့်မားကတ်တင်းဆိုတာ ဘိတ်သိတ်ပညာပဲ။ မားကတ်တင်းဆိုတာ ကုန်ပစ္စည်းတွေပြိုင်တာမဟုတ်။အထင်အမြင်ကိုလွမ်းမိုးမှုပြိုင်ပွဲဖြစ်တယ်။ အိုင်ဒီယာတွေ ပြန့်အောင်လုပ်တာမားကတ်တင်း အတတ်ပညာ။ အိုင်ဒီယာတွေကို ကိုးကွယ်အောင်လုပ်တာဘိတ်သိတ်ခြင်းအနုပညာ။ ဆေးအောင်တဲ့ အိုင်ဒီယာတွေထွက်ပေါ်လာဖို့ မတူညီတဲ့အိုင်ဒီယာတွေကိုပေါင်းစပ်ဓာတ်ပြုဖို့လိုတယ်။ဒီလို ပေါင်းစပ်ဓာတ်ပြုတာကိုအိုင်ဒီယာ ဖိုထိုးတယ်လို့ခေါ်တယ်။ အိုင်ဒီယာဖိုထိုးအောင်မြင်သွားတာကိုဘိတ်သိတ်ခြင်းအတတ်ပညာနဲ့ပေါင်းစပ်ဘဝတွေကို အပြောင်းအလဲလုပ်မြှင့်တင်ပေးတယ်။ Phyo Paing @ Derek

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။
Read More »

Mastery + Marketing + Management =
Magnificence

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အတတ်ပညာတစ်ခုရှိရမယ်။ဒီအတတ်ပညာနဲ့ လူတွေရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးတယ်ဆိုတာလူများများသိအောင်လုပ်နိုင်ဖို့လိုတယ်။တခြားသူတွေနဲ့ စနစ်တွေအသုံးပြုကိုယ့်အတတ်ပညာကို ပြန့်နှံ့အားတိုးတက်အောင်လုပ်နိုင်ဖို့လိုတယ်။Mastery + Marketing + Management =Magnificence Phyo Paing @ Derek

Mastery + Marketing + Management =
Magnificence
Read More »

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။

ဒီနှစ်ခုက leverage ကုတ်အားကန်အားယူလို့ရတဲ့ကျွမ်းကျင်မှုနှစ်မျိုးဖြစ်တယ်။ Marketing ကောင်းရင်ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။ Management ကောင်းရင်လူအများကြီးအသုံးပြုပြီးကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်မြန်မြန် လုပ်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ တော်တော်လေးမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။ Marketing က ဖန်တီးမှု Creativity ကိုအသားပေးတယ်။မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီးဘိတ်သိတ်ဖို့ ဘိတ်သုကာပညာအမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။ Management ကျတော့Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။ အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။ သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေက သူတို့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင်အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာသိကြလိမ့်မယ်။ ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့scale ချဲ့ထွင်လို့ရတဲ့leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုကMarketing နဲ့ Management

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။
Read More »

မားကတ်တင်းဆိုတာ

လူတွေကို ဒုက္ခအပေးဆုံးကတခြားသူတွေရဲ့ အထင်အမြင်။ ကံကောင်းချင်တော့ ကိုယ်က အထင်အမြင်ပြောင်းအလုပ်ဖြစ်တဲ့ marketing လုပ်နေရတာပဲ။ မားကတ်တင်းဆိုတာ “အထင်အမြင်ပြောင်းပညာ”။ Phyo Paing @ Derek

မားကတ်တင်းဆိုတာ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။

မားကတ်တင်းသမားဆိုတာ ဘိတ်သိတ်ဆရာပဲ။ကိုယ်ယုံကြည်တာလူတွေယုံကြည်လာအောင်သိမ်းသွင်းရတာပဲ။ကိုယ်ကိုးကွယ်တာကိုတခြားသူတွေကိုးကွယ်အောင်လုပ်ရတာမျိုး။ ကျွန်တော်ယုံကြည်တာမွေးတဲ့အတိုင်းသေလို့မဖြစ်ဘူး။လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲဖို့လိုတယ်။ စီးပွါးရေးလုပ်တဲ့အခါလုပ်ငန်းက ကိုယ့်ကိုခိုင်းတာမဟုတ်ပဲကိုယ်ကလုပ်ငန်းကိုခိုင်းနိုင်ဖို့ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်နိုင်ဖို့လိုတယ်။ ဒီနေ့လို အိုင်တီနည်းပညာခေတ်မှာနည်းပညာစွမ်းပကားအသုံးပြုအိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ Phyo Paing @ Derek

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။
Read More »

ဒဲရစ်မားကတ်တင်း

၁။ မယူခင်အရင်ပေးပါ။ (reciprocity)၂။ တစ်ကွက်ကောင်းရှိပါစေ။ (preposition USP)၃။ အတွေးအခေါ်ရှိပါစေ။ (a brand with an opinion)၄။ လူတိုင်းကို ရောင်းဖို့မကြိုးစားပါနဲ့။ (choose your customers)၅။ နေ့တိုင်းစမ်းသပ်မှုလုပ်ပါ။ (always be testing)၆။ နည်း+ပညာ = နည်းပညာကို အသုံးပြုပါ။ (technology-driven)၇။ ကိုယ့်ဖော်မြူလာကိုယ်သိ။ (winning formula & CSF)၈။ စိတ်ခံစားမှုကူးစက်အောင်လုပ်ပါ။ (emotional contagion)၉။ အဟောင်းကြီးတွေကို ထားခဲ့လိုက်။ (innovation)၁၀။ ကိုယ့်ကိုကိုယ်မပြင်ရင် သူများပြင်တာခံလိုက်ရမယ်။ (carnivalization)၁၁။ အရင်လိုဆိုတဲ့စကားလုံးကိုမေ့လိုက်။ (rejuvenation)၁၂။ အရေးကြီးတာအရင်လုပ်။ (priority)၁၃။ စိတ်ကြီးဝင်အောင်လုပ်။ (pride)၁၄။ ဘုံရန်သူသတ်မှတ်ပါ။ (pick a fight)၁၅။ ဆရာကျပါစေ။ (expert power)၁၆။ ပြန့်အောင်လုပ်။ (those

ဒဲရစ်မားကတ်တင်း Read More »

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်

သိန်းတစ်ထောင်ကို နှစ်ထောင်တစ်သောင်းကို နှစ်သောင်းပွားနိုင်ပြီးမြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေပိုကောင်းလေလေပဲ။ ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။ ဒီအဆင့်ကျွမ်းကျင်သွားရင်တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီးရာခိုင်နှုန်းယူလို့ရပြီ။ ဒါကြောင့် Other People’s Time, Other People’s Experience,Other People’s Money ကို အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊မားကတ်တင်းတို့၊ မဟာဗျူဟာတို့လေ့လာခဲ့တာပဲ။ ခုထိသင်ယူနေတုန်း။ စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။ အခြေခံကျတဲ့ သင်ခန်းစာသင်ပြီးစီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်။ တရုတ်နယ်မြို့လေးက supermarket လည်ပတ်ပုံကြည့်လိမ့်ရင်ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။ အလောင်းအစားလုပ်တာတောင်ဒိုင်ပဲနောက်ဆုံးနိုင်တာဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။ ငွေရှာဖို့ Marketing နဲ့ Management အရေးကြီးတယ် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်
Read More »

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management

ကိုယ်ပေးချင်တဲ့ message ကို လူသန်းချီတွေ့အောင်လုပ်နိုင်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရအောင်လူထောင်၊ သောင်းချီကို အုပ်ချုပ်နိုင်တာဒါက ပါဝါတစ်ခုပဲ။ ဒါကို leverage လို့ခေါ်တယ်။ ဘယ်လောက်တော်တဲ့သူတစ်ယောက်ဖြစ်ဖြစ်တစ်ယောက်အားနဲ့ ပိရမစ်ကို မတည်ဆောက်နိုင်ဘူး။ ကြီးမားတဲ့ project တစ်ခုလုပ်ဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ဒါကြောင့် marketing ပြီးရင်ဆရာကျရမည့်အရာက management လို့ထင်တယ်။ Phyo Paing @ Derek

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management
Read More »