ဒီနေ့ခေတ်က ကြီးတဲ့ငါးက
ငယ်တဲ့ငါးစားတာမဟုတ်ဘူး
မြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာ
ကြားဖူးလိမ့်မယ်။
အားချန့်နင်က မားကတ်တင်းဆရာကြီးလုပ်နေပြီး ငါ့ကိုလဲဘာလုပ်ရမလဲ အကြံပေးအုံး။ ထုံးစံအတိုင်း ကိုယ့်အမေက ကိုယ့်ကိုရစ်ပြီ။ 7P တွေ၊ STP တွေပြောနေရင်တိုင်ပတ်နေအုံးမယ်။ ဒါကြောင့် တစ်ခုပဲပြောလိုက်တယ်။ “ဘာလုပ်လုပ်တင်” လို့။ LOL ထမင်စားလဲ တင်၊ ရေသောက်လဲ တင်၊ စျေးရောင်းလဲ တင်၊ ဖောက်သည်လာလဲ တင်။ တချို့တွေ Boost ဆိုတာ ဘာလဲမသိတင်ချင်တာတွေ တင်ပြီး အလုပ်ဖြစ်နေတာ အများကြီးပဲ။ တချို့ Influencer တွေဆို Boost မလုပ်ဖူးတာမှ အများကြီး။ ဟဲ့ ငါတင်တာတွေ သူများကပြောရင်ဘယ်လို လုပ်မလဲတဲ့။Post now, edit later လို့၊တင်ပြီးမှ ပြင်လို့။ သတင်းစာတိုက်တွေတောင်သတင်းတစ်ခုတက်လာရင် အရင်တင်ပြီး မှားရင်မှားကြောင်းပြန်တင်တာလို့။ ဒီနေ့ခေတ်က ကြီးတဲ့ငါးက ငယ်တဲ့ငါးစားတာမဟုတ်ဘူးမြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာကြားဖူးလိမ့်မယ်။ ဒါကတော့ ကျွန်တော်ပေးနေကျMarketing […]
