ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?
ကြော်ငြာတစ်ခုရေးတဲ့အခါ အကြမ်းဖျင်း ခြောက်ပိုင်းရှိပါတယ်။ ၁။ ခေါင်းကြီးပိုင်း Headline၂။ နိဒါန်း Introduction ၃။ စာကိုယ် Body၄။ အကူးအပေါင်း Transition၅။ အရောင်း Call to Action ၆။ ရုပ်ထွက် Visual ဒီခြောက်ခုထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်ထွက် Visual ဖြစ်ပါတယ်။ ၆၀% အရေးပါပါတယ်။ သုတေသနတွေအရ ကလေးပုံပါရင် လူတွေသတိပိုပြုမိတာ၊ reaction ပုံတွေပါရင် click ပိုနှိပ်တယ်လို့ဆိုကြပါတယ်။ ဒုတိယကတော့ ခေါင်းကြီးပိုင်းပါ။ ခေါင်းကြီးပိုင်းရေးနည်းတွေ အများကြီးရှိပါတယ်။ အလွယ်ကူဆုံးပြောရရင် BWO ပါ။ Benefit without obstracles လို့ခေါ်ပါတယ်။ ဥပမာ Diet Plan ကြော်ငြာတစ်ခုအနေနဲ့ “လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ပါသလား။” ဒါမျိုးသုံးလို့ရပါတယ်။ ဝိတ်ကျတာက = Benefit, […]
