မနက်ဖြန်အတွက် ပိုက်ဆံကို
သေချာစီမံ။
မနက်ဖြန်တွေထက်ပိုက်ဆံတွေကို ပိုယုံကြည်တာကောင်းတတ်တယ်။ ဘာကြောင့်လဲဆို မနက်ဖြန်က မသေချာဘူး။ပိုက်ဆံရှိရင်က မနက်ဖြန်မှာသုံးလို့ရမှာသေချာတယ်။ ကိုယ်ချစ်တဲ့အလုပ်ကိုပဲလုပ်နေပြီးငွေကြေးကို မစုစောင်းမပွါးရင် ရေရှည်အဆင်ပြေဖို့မလွယ်ဘူး။ အနာဂတ် အလုပ်အကိုင်ရဲ့သဘောတရားအပြောင်းအလဲရှိမယ်။ဒီနေ့လုပ်နေတဲ့အလုပ်နောက်နှစ်ထဲ ဘာဖြစ်မလဲမသိဘူး။လူလတ်တန်းစားတွေနည်းလာမယ်။ဆင်းရဲချမ်းသာမှု ကွာဟချက်ပိုများလာမယ်။ နည်းပညာအသုံးပြုနိုင်စျေးကွက်ပြဿနာအနံ့ခံနိုင်ဖြေရှင်းနိုင်ရင် လုပ်ငန်းပိုကြီးလာမယ်။ ပိုနေမြဲ ကျားနေမြဲနေနေရင်တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့အပြောင်းအလဲတွေက ကိုယ့်အနာဂတ်ကို တိုက်စားသွားနိုင်တယ်။ နည်းပညာကို ပုံမှန်လေ့လာ၊ စျေးကွက်နဲ့ အဆက်မပြတ်စေနဲ့။ ရတဲ့ငွေ ပုံမှန်ထိန်းသိမ်း၊ ပုံမှန် ပြန်ပွား။ မနက်ဖြန်က မသေချာဘူး။ပိုက်ဆံက သေချာတယ်။ မနက်ဖြန်အတွက် ပိုက်ဆံကိုသေချာစီမံ။ ဒါကတော့ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်နေပြီးပိုက်ဆံပြန်ပွါးဖို့ မေ့သွားတဲ့သူတွေအတွက်။ Phyo Paing @ Derek
