ငွေစကား ၁၅ ခွန်း
၁။ အလုပ်ကို အသက်လိုသဘောထား။ ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်ကို တန်ဖိုးထားဖို့လိုပါတယ်။ Work Ethics အရေးကြီးပါတယ်။ ၂။ ပိုက်ဆံများများရှာ။ ငွေကြေးဆိုတာ အရင်းအမြစ်တစ်ခုပဲ။ ငွေများများရှိလေလေ ရွေးချယ်မှု များများပိုလုပ်နိုင်လေလေ။ လွတ်လပ်မှုပိုရှိလေလေ။ ၃။ မစုနဲ့ ပွါး။ Savers are loser ဆိုတာ ကြားဖူးလိမ့်မယ်။ ငွေကြေးဖောင်းဖွမှုတွေနဲ့ စုလေရှုံးလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငွေကိုငွေနဲ့ ပွားနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု၊ စွမ်းဦးတီထွင်မှုကိုလေ့လာပါ။ ၄။ အကြွေးရှင်းအောင်လုပ် Personal debt မထားနဲ့။ အကြွေးက လူကိုလေးစေတယ်။ စီးပွားရေးအနေနဲ့ ယူတဲ့ business debt က လုပ်ငန်းအတွက် leverage တစ်ခုဖြစ်ပေမယ့် personal debt ကို ဂရုစိုက်ဖို့လိုပါတယ်။ ၅။ ကိုယ့်အနာဂတ်ဝင်ငွေထိခိုက်စေမည့် ဘယ်အရာကိုမှ မလုပ်နဲ့။ […]
