ဒီနေ့လက်ကိုင်ထားတဲ့
ဥပဒေသတစ်ခု။
ငပိန်းတွေကို စကားအနိုင်ပေးနိုင်အောင်ကိုယ့်ကိုယ်ကို လေ့ကျင့်ပါ။ပြိုင်မငြင်းပါနဲ့။ကိုယ့်မှာ အချိန်တွေ အများကြီးမရှိဘူး။လုပ်စရာတွေရှိသေးတယ်။ဒါကတော့ ဒီနေ့လက်ကိုင်ထားတဲ့ဥပဒေသတစ်ခု။ Phyo Paing @ Derek
ငပိန်းတွေကို စကားအနိုင်ပေးနိုင်အောင်ကိုယ့်ကိုယ်ကို လေ့ကျင့်ပါ။ပြိုင်မငြင်းပါနဲ့။ကိုယ့်မှာ အချိန်တွေ အများကြီးမရှိဘူး။လုပ်စရာတွေရှိသေးတယ်။ဒါကတော့ ဒီနေ့လက်ကိုင်ထားတဲ့ဥပဒေသတစ်ခု။ Phyo Paing @ Derek
မိုးခါးရေမသောက်ဘူး။အဓိပ္ပာယ်မရှိတဲ့ သတ်မှတ်ချက်တွေကိုမလိုက်နာရဲတဲ့ သတ္တိရှိတယ်။အရေးမပါတဲ့ အရာတွေကိုအရာတွေ ပေးမနေဘူး။ မတူညီမှာ ကြောက်လို့ကော်ပီတွေကူးတဲ့ခေတ်မှာအများနဲ့မတူတာက ကိုယ့်ရဲ့မူဖြစ်နေတာမျိုး။ ကိုယ့်ဘဝရဲ့ ဥပဒေသ ကိုယ်ချတယ်။တချို့က ရွာပြင်ရောက်လိမ့်မယ်လို့ပြောတာလဲ မကြာမကြာခံရတတ်တယ်။ တချို့လူတွေ နားမလည်တာကကိုယ်က ရွာပြင်ထွက်လာပြီးတိုက်လာဆောက်နေတဲ့သူဖြစ်နေတယ်။ Phyo Paing @ Derek
ကမ္ဘာပေါ်မှာ လူအများဆုံးရောက်နေတဲ့ထောင်က“အတွေးအခေါ် ထောင်” ဖြစ်နေနိုင်တယ်။လူတစ်ချို့က မသိလိုက်မသိဖာသာကိုယ့်အတွေးအခေါ် ထောင်ထဲရောက်နေတယ်။ ကိုယ့်ခေါင်းထဲထည့်ထားတဲ့ သတင်းအချက်၊ ဘဝအတွေ့အကြုံနဲ့ ဖြစ်ပေါ်လာတဲ့ အထင်အမြင်တွေကိုထာဝရ အလုံးစုံ အမှန်တရားလိုထင်တတ်ကြတယ်။ Phyo Paing @ Derek
Outside Inအချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။ အာရုံကို အာဏာကုန်စိုက်နိုင်ဖို့ကိုယ့်လိပ်ပြာ ကိုယ့်ဆီပြန်လာအောင်ခေါ်ရတယ်။ ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့အပြင်မှာပဲ ရှာလို့မရဘူး။အတွင်းကို အရင်ပြန်ဝင်ရတယ်။ အာရုံတွေကို အပြင်မှာပဲ လေလွင့်အလေလိုက်နေလို့မရဘူး။ကိုယ့်အိမ်ပြန်လာဖို့လိုတယ်။ ကိုယ့်အိမ်ပြန်လာတဲ့အခါကိုယ့်အတွေးတွေကို သတိပြုမိလာမယ်။ကိုယ့်အကြံအစည်တွေကို သတိပြုမိလာမယ်။ကိုယ့်ကိုယ်ကို သတိပိုပြုမိလာမယ်။ ဒါမှ ကိုယ့်ကိုယ်ကိုပြောင်းရင်းကိုယ့်ဘေးပတ်ဝန်းကျင်ပြောင်းမယ်။ ဒါကြောင့် အချိန်တန်ရင် အိမ်တော့ခဏပြန်ပါ။ Phyo Paing @ Derek
Comfort Zone ထဲက မထွက်ပါနဲ့။ Comfort Zone ကို ချဲ့ပါ။ ရေမကူးတတ်သူက Comfort Zone ထဲကထွက်မယ်ဆိုပြီးမြစ်ထဲခုန်ချရင် ရေနစ်သွားနိုင်တယ်။ ဒါကြောင့် Comfort Zone ထဲကထွက်မည့်အစားComfort Zone ကို ချဲ့ပါ။ Comfort Zone ကို ချဲ့လို့ရတဲ့နည်းလမ်း ငါးခု ၁။ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ချပါ။၂။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ “လုပ်ဆောင်ရမည့်အရာ” တွေကို ချရေးပါ။၃။ လုပ်ဆောင်ရမည့်အရာတွေအတွက်လိုအပ်တဲ့ “ကျွမ်းကျင်မှု”တွေကို ချရေးပါ။ ၄။ ဒီကျွမ်းကျင်မှုတွေရဖို့ “လေ့လာသင်ယူ” ရမည့်အရာတွေကိုချရေးပါ။၅။ နေ့စဥ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ပါ။ ကိုယ်က ရေနွေးအိုးထဲက ဖားမှ မဟုတ်တာ။ မဖြစ်မနေ ကျားကိုက်မှာမို့ ရေထဲခုန်ချရတဲ့ အခြေဆို တစ်မျိုးပေါ့။ 😀 Phyo Paing @
ကိုယ်မကြိုက်တဲ့နေရာမှာတစ်သက်လုံးနေရအောင်ကိုယ်က သစ်ပင်မှ မဟုတ်တာ။ကိုယ်ရှောင်ဖယ်မရတဲ့သူကကိုယ်ကိုယ်တိုင်ပဲ။ Phyo Paing @ Derek
ကိုယ့်ရဲ့ အထင်အမြင်ဟာ အမှန်တရား ဟုတ်ချင်မှဟုတ်မှာဆိုတာနားလည်သွားတဲ့အခါ လောကမှာ နေသားပိုကျလာတယ်။ Phyo Paing @ Derek
လိုချင်တာရဖို့ မလုပ်ချင်တာတွေကိုစိတ်ပါပါ မပါပါလုပ်ခဲ့ရတဲ့အချိန်တွေရှိတယ်။ မလိုချင်တာ မရဖို့စိတ်ပါပြီး လုပ်ချင်တဲ့အရာတွေကိုစောင့်ထိန်းခဲ့ရတဲ့အချိန်တွေလဲရှိတယ်။ ဒါကို Stoic အတွေးအခေါ်မှာ စည်းကမ်း Self-discipline လို့ခေါ်တယ်။ ကိုယ်လုပ်ချင်တာလုပ်ရမလား၊လုပ်သင့်တာ လုပ်ရမလားဆိုရင်ဖြစ်ချင်တာဖြစ်ဖို့ လုပ်ချင်တာဖြစ်ဖြစ်၊ လုပ်သင့်တာ ဖြစ်ဖြစ် လုပ်ရမှာပဲ။ ကိုယ့်ကိုယ်ကို မေးတဲ့မေးခွန်းမမှားဖို့လိုတယ်။ Phyo Paing @ Derek
လိုချင်တာမရရင် ပြဿနာ၊လိုအပ်တာ မရရင် ပြဿနာ၊ပြဿနာကို ခံစားချက်ထည့်ရင် ဒုက္ခ။ပြဿနာကို ရင်ခုန်ခုန်နဲ့ဖြေရှင်းနိုင်ရင်စွဲလမ်းမှု။ အဆင့်ပိုတက်လာလေလေပြဿနာကြီးကြီးပိုကြုံလေ။ဒါတွေကို မတွေးပဲအေးရာအေးကြောင်း ပစ္စုပ္ပန်မှာနေတာကိုဝူးဝေ (无为) တဲ့။ Phyo Paing @ Derek
ဒုက္ခရှိရင် သူနဲ့ဆန့်ကျင်ဖက်သုခလဲရှိတယ်။ သုခမတည်မြဲသလို ဒုက္ခကလဲ မတည်မြဲဘူး။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တလို့ဆိုကြတယ်။ အနိစ္စဆိုတာ မမြဲခြင်း။ဖောက်ပြန်တတ်တဲ့ရုပ်၊ စွဲလမ်းမှုကြောင့်ဖြစ်လာတဲ့နာမ်။တစ်ခုမှ မမြဲဘူး။ ဒါတွေက မသိတတ်သော အဝိဇ္ဇာနဲ့စွဲလန်းသော ဥပါဒါန်ကြောင့်ဖြစ်တည်နေတယ်လို့ ဗုဒ္ဓက ဟောကြားခဲ့တယ်။ ဒုက္ခဆိုတာ ဆင်းရဲခြင်း။ဒုက်ခဆိုတာ ဝဒေနာ။ဒုက္ခဆိုတာ ဝမ်းနည်းမှု။ဒုက္ခဆိုတာ သောကဖြစ်တယ်။ အနတ်တ ဆိုတာ နတ်တိ။ကိုယ်ဆိုတာ မရှိဘူး။အရာရာက တချိန်ထားခဲ့ရမှာပဲ။ဒါကြောင့် ဖက်တွယ်မထားနဲ့တဲ့။ ဒါနဲ့ အတွေးအခေါ် စမ်းသပ်မှုတစ်ခုပြုလုပ်ကြည့်တယ်။ ကိုယ့်ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့နာမ်ကို subscription နဲ့ ခဏငှားထားတယ်လို့ စဥ်းစားကြည့်တယ်။ တစ်နေ့ကျရင်တော့ သေချင်းတရားဆိုတဲ့အဆုံးသတ်တဲ့ အချိန်ရှိမယ်။ ဒီ ဘဝဂိမ်းကြီးထဲမှာ ဇာတ်ကောင်ကို အကောင်းဆုံးထိန်းကျောင်းဖို့ကရုပ်နဲ့ နာမ်နဲ့ ချိပ်ဆက်ဖို့ သတိလိုတယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့လိုတယ်။ အရာရာကို ဖက်တွယ်မထားဖို့လိုတယ်။ အငှားရထားတဲ့ ရုပ်နဲ့