ဘယ်သူတွေ တရားပျက်ပျက်
ဘယ်သူတွေ တရားပျက်ပျက်ကိုယ့်ဖက်က မပျက်မိဖို့လိုတယ်လို့ထင်တယ်။ ဘဝရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ရဲ့ အကောင်းဆုံး version ကိုတည်ဆောက်ဖို့ပဲအားတီ၊ အားမေတို့။ Phyo Paing @ Derek
ဘယ်သူတွေ တရားပျက်ပျက်ကိုယ့်ဖက်က မပျက်မိဖို့လိုတယ်လို့ထင်တယ်။ ဘဝရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ရဲ့ အကောင်းဆုံး version ကိုတည်ဆောက်ဖို့ပဲအားတီ၊ အားမေတို့။ Phyo Paing @ Derek
အလုပ်ခွင်ထဲမှာတော့ ကိုယ်ကဦးဆောင်တဲ့ ခေါင်းဆောင်တာဝန်။ဖောက်သည်တွေနဲ့တွေ့တော့ ကိုယ်တော့ လုပ်ငန်းရှင်တာဝန်။ ကိုယ့်သား၊ သမီးနဲ့တွေ့တော့ ကိုယ်က ဖေဖေ၊ မေမေတာဝန်။ သမီးရည်းစား၊ လင်မယားဆိုတော့ကိုယ်က လင်၊ မယားတာဝန်။ ကိုယ့်အဖေ၊ အမေအတွက်ကျကိုယ်က သားသမီးတာဝန်။ကိုယ့်မောင်၊ နှမအတွက်ကျကိုယ်က အစ်ကို၊ အစ်မ၊ မောင်၊ နှမ တာဝန်။ နိုင်ံအတွက် ကိုယ်က နိုင်ငံသားတာဝန်။ အသက်ကြီးလာလေ တာဝန်များလာလေ။ လူတွေက တာဝန်တွေ အများကြီးယူထားရတတ်ကြတယ်။ ဒါကြောင့် နေရာတစ်ခုမှာ တခါတလေ တာဝန်မကျေသလိုဖြစ်သွားရင်ကိုယ့်ကိုကိုယ် အရမ်းမပစ်မတင်ပါနဲ့။ ဘဝမှာ တာဝန်တွေက အများကြီးမဟုတ်လား။ Phyo Paing @ Derek
ငယ်ငယ်ဘဝက ဆိုင်ကယ်လိုပဲ။ဘီးနှစ်ဘီးရှိတယ်။ အိမ်နဲ့ ကျောင်း။ အသက်အရွယ်နည်းနည်းရောက်လာတော့ကားလိုပဲ သုံးဘီးကားလိုပဲ။အိမ်၊ အလုပ်၊ အပေါင်းအသင်းရောင်းရင်းအလည်ပတ်။ တချို့ကျတော့ လေးဘီးကားလို။အိမ်၊ အလုပ်၊ လေ့ကျင့်ရေးစင်တာ၊အပေါင်းအသင်းရောင်းရင်း အလည်အပတ်။ လေ့ကျင့်ရေးစင်တာ = စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ပေးတဲ့နေရာ အားကစားခန်းမ၊ ကျောင်း၊ တရားစခန်း၊ စိတ်၊ ခန္ဓာ၊ ဦးနှောက်ပုံမှန် လေ့ကျင့်ပျိုးထောင်ပေးတဲ့နေရာ။ Phyo Paing @ Derek
လေ့ကျင့်ရေးစင်တာ =
စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ပေးတဲ့နေရာ Read More »
ကျွန်တော့်လို အမြဲမပျော်တဲ့သူတွေရှိလား။ငယ်ငယ်ကဆို အမြဲမပျော်ဘူး။ ဒီတော့ ပျော်ရွင်မှုဆိုတဲ့အကြောင်းတွေလိုက်ရှာဖတ်ကြည့်တယ်။ သာယာမှု၊ ပျော်ရွင်မှုနဲ့ ဝမ်းမြောက်မှု မတူဘူး။ Pleasure, Happiness နဲ့ Joy. စားချင်တာစားရလို့ပျော်တာဒါက သာယာမှု။ အထိ၊ အတွေ့တွေကြောင့်ပျော်တာသာယာမှု။ ကိုယ်ချစ်တဲ့သူနဲ့ ချစ်တာ။ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ရတာ။ ကိုယ့်ရည်မှန်းချက်တွေကို ရအောင်လုပ်နိုင်တာ။ ဒါက ပျော်ရွင်မှု။ ကလေးလေးမွေးလာလို့ သူ့မျက်နှာလေးကိုမြင်လိုက်တာ။ မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းကိုပြန်တွေ့တာ။ဒါက ဝမ်းမြောက်မှု။ ဥပမာ ပန်းချီဆရာက သူ့ရင်ထဲက ပန်းချီကားကို ဆွဲရင်းစိတ်ကူးထဲကအတိုင်းဖြစ်လာတာပျော်ရွင်မှုလို့ဆိုလို့ရပြီး၊ ပန်းချီကားကြည့်တဲ့သူကလဲသူ့ခံစားချက်နဲ့ ထပ်တူခံစားလို့ရပြီးအားပေးမှုအထူးရတဲ့အခါဝမ်းမြောက်မှုလို့ဆိုနိုင်တယ်။ ဝမ်းမြောက်မှုက အတွင်းစိတ်ခံစားချက်ကဝမ်းသာအားရမှုဖြစ်တာ။ ကိုယ်အကောင်အထည်ဖော်ချင်တာကိုအကောင်အထည်ဖော်ခွင့်ရတာ ပျော်ရွင်တာ။ ဒီအချက်တွေ သိလာတော့ဘဝကို ဘယ်လိုနေရင် သာယာမှုရမယ်၊ဘာဆို ပျော်ရွင်မှု၊ ဘယ်အရာဆို ဝမ်းမြောက်မှုဆိုတာ သိလာတယ်။ခံစားလို့ရလာတယ်။ Phyo Paing @ Derek
ဘယ်သူတွေ တရားပျက်ပျက်ကိုယ့်ဖက်က မပျက်မိဖို့လိုတယ်လို့ထင်တယ်။ ဘဝရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ရဲ့ အကောင်းဆုံး version ကိုတည်ဆောက်ဖို့ပဲအားတီ၊ အားမေတို့။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် နားလည်သွားရင်ကိုယ့်ရဲ့အားသာချက်ကို အသုံးချလို့ရပြီ။ကိုယ့်ရဲ့အားသာချက်ကို အခြေပြုပြီးဘဝ၊ အလုပ်၊ စီးပွါးတွေကို ဖန်တီးလို့ရပြီ။ လောကကြီးမှာ လူဖြစ်လာတဲ့အတွက်တစ်ခုခုတော့ ပြန်အကျိုးပြုဖို့လိုမယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် နားလည်အောင်လုပ်တာ အခက်အခဲဆုံး အချက်တစ်ခုပဲ။ Read More »
၂၃ နှစ်ပြည့်တဲ့လမှာပဲ ဘွဲ့ရတယ်။အဲ့အချိန် ကိုယ့်မှာထမင်းစားပညာဆိုလို့ဆေးကုတတ်တာပဲရှိတယ်။ မေးခွန်းက ခဏလောက် ဆေးကုပြီးအသက်မွေးဝမ်းကြောင်းပြုပြီးတစ်ဖက်ကစီးပွားရေး စီမံခန့်ခွဲမှုပညာလေ့လာမလား။တခါတည်းအချိန်မြန်မြန်ပေးပြီးနောက်ဆုံးနှစ်နဲ့ညီတဲ့ ဒီပလိုမာတစ်ခုမြန်မြန်ရအောင်လုပ်မလား။ ဆေးကုသတဲ့အလုပ်ကိုတော့ကိုယ်တိုင်မလုပ်ဖြစ်ဖို့က ၉၀% သေချာတယ်။ဒီတော့ တကယ်လို့ နှစ်ခုလုပ်မယ်ဆိုဝင်ငွေရမယ်။ဒါပေမယ့် ဒီပလိုမာရဖို့ အချိန်ကြာမယ်။ဒါဆို နောက် career တစ်ခုကိုကူးဖို့အချိန်ပိုကြာသွားနိုင်တယ်။ဒီလို စဥ်းစားတာကို second order thinking လို့ခေါ်ကြတယ်။ ပိုကြာသွားရင် ဘာမှန်းမသိတဲ့အနာဂတ်မှာအလုပ်ခွင်ဝင်ဖို့ အချိန်ပိုကြာသွားမယ်။အချိန်ပိုကြာသွားရင်ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နှောင့်နှေးသွားမယ်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မယ်။နောက်ဆက်တွဲတွေ များတယ်။ကိုယ့်ရွယ်တူတွေနဲ့ ယှဥ်တိုင်းနောက်ကောက်ကျနေတဲ့ ခံစားချက်ကကိုယ့်ကို ပျော်စေမှာ မဟုတ်ဘူး။ဒီ Third order thinking ကို စဥ်းစားကြည့်ပြီးတစ်ခုတည်းကို အာရုံစိုက်ပြီးလေးငါးလလောက် လုပ်ပြီးအချိန်ပိုင်း စာပြန်သင်ခဲ့တယ်။ ကိုယ်ဘယ်လို စဥ်းစားလဲကိုယ့်ရဲ့ mental model အရေးကြီးတယ်။ ဘဝမှာ အမှားတွေ လုပ်မိမှာပဲ။ဒီအမှားတွေရဲ့ နောက်ဆက်တွဲပိုမကြီးအောင် စဥ်းစားနည်းလိုတယ်။ Phyo Paing @
ကိုယ်စီထားတဲ့ ဝှက်ဖဲတွေကကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်တက်တက်သွားစေနိုင်တယ်။ ဆေးကျောင်းတက်ရင်းဖုန်းဆော့ဝဲတွေလုပ်ပေးတော့ကျောင်းတက်ရင်းမှာသာမကကျောင်းပြီးတော့လဲရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။ ဆေးကုမ္ပဏီလုပ်ရင်းအချိန်ပိုင်းစာသင်တော့အလုပ်ထွက်တဲ့အခါသင်တန်းကျောင်းစတင်လို့ရတယ်။ သင်တန်းကျောင်းသင်နေရင်းရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်ရက်တို training ပေးတော့teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။ ရက်တိုသင်တန်းပေးနေရင်းနည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့Covid-19 ဖြစ်တဲ့အခါပေါက်ကွဲမှုအားကောင်းတဲ့online learning app လုပ်လို့ရလာတယ်။ Online Course တွေလုပ်နေရင်းCoaching တွေတဖက်ကလုပ်ရင်းနာရီပေါင်း ၃၀၀၀ ကျော်ရင်းလုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။ ဒီ Coaching လုပ်နေရင်းစနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်းAkyanpay လုပ်လို့ရလာတယ်။ အကြံပေးလုပ်ရင်းတဖက်က နည်းပညာ၊ ကျောင်းနဲ့after-school program သင်တန်းတွေမှာinvestment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်းဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။ သေချာတာတစ်ခုကတော့ဖဲတစ်ချက်တည်းနဲ့ မရဘူး။အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်အနည်းဆုံးလိုတယ်။ Phyo Paing @ Derek
First Principle Thinking ဆိုတာ ခဏခဏကြားဖူးလိမ့်မယ်။ SpaceX ကို လုပ်တော့ အီလွန်မက်တို့အသုံးပြုတဲ့ စဥ်းစားတဲ့စနစ်ဆိုပြီး။ဒါက ဆိုကရေတီးလက်ထက်ကတည်းကအသုံးပြုခဲ့တဲ့ စနစ်တစ်ခုဖြစ်တယ်။Aristotle က အခြေခံအယူအဆကိုမေးခွန်းထုတ်ပြီး First Principle Thinking လို့ဖြစ်လို့လာတယ်။ ၂၀၀၅ မှာ နိုဘယ်ဆုရခဲ့တဲ့ အော်စတေးလျ ရောဂါဗေဒပညာရှင်Robin Warren နဲ့ Barry J. Marshall တို့ကFirst Principle Thinking အသုံးပြုခဲ့တဲ့ပုံစံလေး ပြောပြချင်တယ်။ ပုံမှန် ဆေးပညာမှာ အယူအဆတစ်ခုရှိတယ်။အစာအိမ်က အက်ဆစ်ဓာတ်များတဲ့အတွက်သန့်စင်တယ် sterile ဖြစ်တယ်ဆိုတဲ့အယူအဆရှိတယ်။အက်ဆစ်ဓာတ်များတဲ့အတွက် ရောဂါပိုး ဘက်တီးရီးယားတွေ မရှင်သန်နိုင်ဘူးဆိုတဲ့အခြေခံအယူအဆရှိခဲ့ကြတယ်။ အစာအိမ်ယောင်တာ၊ အစာအိမ်မှာ အနာဖြစ်ရင်စပ်တဲ့အစားအစာတွေစားလို့တို့၊ စိတ်ဖိဆီးမှုများလို့တို့ ကြောင့်ဖြစ်တာဆိုတဲ့အယူအဆရှိတယ်။ဒါကြောင့်ကုသတဲ့အခါ စိတ်ဖိဆီးမှုများဖို့နဲ့အနာကျက်ဖို့ပဲ အဓိက ကုသကြတယ်။ Robin Warren နဲ့ Barry J.
ငါ့မိသားစုအသိုင်းအဝိုင်းမှမရှိတာဘယ်လောက်များဖြစ်နိုင်မှာလဲဆိုတဲ့ခံယူချက်ထားလိုက်တဲ့အခါအားငယ်တဲ့ ခံစားချက်၊ပိုနေမြဲကျားနေမြဲနေမယ်ဆိုတဲ့ခံစားချက်ဖြစ်နိုင်တယ်။ ဘယ်လိုမွေးမွေး ငါ့ဘဝငါနဲ့ဆိုင်တဲ့ဆိုတဲ့ခံယူချက်ထားတဲ့အခါကိုယ့်အားကိုယ်ကိုးမယ်။ကိုယ့်ကိုကိုယ် တာဝန်ယူမယ်ဆိုတဲ့ခံစားချက်ဖြစ်နိုင်မယ်လို့ထင်တယ်။ ခံယူချက်တွေပေါ်မူတည်ပြီးခံစားချက်တွေ ကွာသွားတယ်။ Phyo Paing @ Derek