My philosophy

ပညာနဲ့ မျက်လုံးတွေကို ဖွင့်ပါ။

“ကား” ဆိုတဲ့ စကားလုံးဆိုပါတော့။ လူတွေက ကိုယ်မြင်ချင်တာပဲမြင်တာ။ တချို့က sport car၊ တချို့က နိဗ္ဗာန်ယာဥ်၊ တချို့က ကားအနက်၊ အနီ၊ model မတူ၊ color မတူ၊ စဥ်းစားပုံမတူဘူး။ ဘာကွာလဲဆိုတော့ သူ့ဦးနှောက်ထဲရှိတဲ့ reprentation system ကိုပဲ project လုပ်ကြတယ်။ ပညာသင်၊ စာဖတ်၊ ကိုယ့်ထက်တတ်သိတဲ့သူတွေပြောတာ နားထောင်လေ့လာတာဟာ ကိုယ်မမြင်တဲ့ရှုထောင့်၊ မမြင်တဲ့အမြင် မြင်နိုင်အောင်လေ့လာတာဖြစ်တယ်။ Physics မလေ့လာခင်က ပုံရိပ်မြင်ရင် မြင်တယ်ပဲသိတာ။ ရူပဗေဒသင်ပြီးတော့ အရာဝတ္ထုတွေကနေ photons ဆိုတဲ့ particle လွတ်တယ်။ ဒါကို မျက်လုံးမှာပါတဲ့ retina ထဲက sensory က အာရုံခံနိုင်လို့ ပုံရိပ်တွေမြင်ရတာဆိုတာ သိလာတယ်။ ဆရာတော်ဘုရားတွေရဲ့ တရားနဲ့ လေ့ကျင့်မှုတွေနာယူတော့ မြင်တယ်ဆိုတာ […]

ပညာနဲ့ မျက်လုံးတွေကို ဖွင့်ပါ။ Read More »

ဒီကာလ ခန္ဓာကိုယ်ထဲ Covid-19 virus
မဝင်ဖို့ ကာကွယ်ကြသလို
အတွေးထဲ အဖျက် virus ပိုးတွေ
မဝင်ဖို့ ဂရုစိုက်ရမယ်။

ကိုယ့်ကိုစိတ်ဓာတ်ကျ၊ အားငယ်၊သွေးပျက်၊ အနာဂတ်ပျောက်စေတဲ့အတွေးတွေ မဝင်လာအောင်ဂရုပြုရမယ်။ ဘဝဆိုတာ ဒုက္ခဖြစ်တယ်ဆိုတာ ဗုဒ္ဓဟောကြားတော် မူတဲ့အတိုင်းနှလုံးသွင်းရင် ဒီကြုံတွေ့နေရတဲ့ဒုက္ခတွေကလဲ အနိစ္စသဘောအရအနတ္တ အကြာကြီးမခံပါဘူး။ မှန်ကန်တဲ့ အတွေး၊ မြင်မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းမှန်ကန်တဲ့ စိတ်အာရုံ ဒီအချိန်မှာပိုအရေးကြီးလာတယ်။ တခြားသူတွေက ပြင်ပအခြေအနေတွေကို ဒုက္ခရောက်အောင်လုပ်နိုင်ပေမယ့်၊ ကိုယ့်စိတ်အခြေအနေကိုတော့ ကိုယ်ပိုင်ပါတယ်။ Phyo Paing @ Derek

ဒီကာလ ခန္ဓာကိုယ်ထဲ Covid-19 virus
မဝင်ဖို့ ကာကွယ်ကြသလို
အတွေးထဲ အဖျက် virus ပိုးတွေ
မဝင်ဖို့ ဂရုစိုက်ရမယ်။
Read More Âť

ကိုယ့်ကိုသေအောင်မသတ်နိုင်တဲ့အရာတွေက ကိုယ့်ကို ပိုသန်မာလာစေတယ်။

What doesn’t kill you makes you stronger.

ကိုယ့်ကိုသေအောင်မသတ်နိုင်တဲ့အရာတွေက ကိုယ့်ကို ပိုသန်မာလာစေတယ်။ Read More »

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။

အခြေအနေဆိုတာ သေရင်တောင်ကိုယ့် အသုဘကိုလိုက်ပို့ချင်ရင်တောင်လိုက်ပို့်ပေးလို့မရတဲ့ အခြေအနေတွေကိုယ်မထင်ထားလောက်တဲ့ အခြေအနေတွေရှိသေးတယ်ဆိုတာ သင်ပေးနေတယ်။ ကိုယ်ချစ်တဲ့သူတွေကို ရှိတုန်းဂရုစိုက်ဖို့ သင်ပေးနေတယ်။ ကျန်းမာရေးဆိုတာ ချမ်းသာရေးပဲဆိုတာ သင်ပေးနေတယ်။ Oxygen ဆိုတာ အလကားရပေမယ့်အခမဲ့ရှူလို့မရတဲ့ အခြေအနေတွေလဲရှိသေးတယ်။ မေတ္တာတရားတွေထားပေမယ့်လက်ခံနိုင်တဲ့ စွမ်းအားမရှိတဲ့သူတွေရှိသေးတယ်ဆိုတာ Covid-19 က သင်ပေးနေတယ်။ Covid-19 က ပေးတဲ့ သင်ခန်းစာတွေတော်တော်များတယ်ဗျာ။ Phyo Paing @ Derek

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။
Read More Âť

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။

ဝင်ငွေရှိဖို့ အလုပ်လိုတယ်။ အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။လုပ်ငန်းတွေရပ်တည်ဖို့ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊ရောဂါဘယ အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှုတည်ဆောက်ဖို့ဆိုတာ အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။ ကိုယ်မသိသေးတဲ့အမှားတွေကို ပြင်ဆင်ရတာရယ်ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့လူတော်၊ လူကောင်းတွေ recruit လုပ်နိုင်ဖို့ရယ်အတွက် အချိန်တော်တော်ပေးရပါတယ်။ နောက်လုပ်ငန်းအရှိန်ရဖို့ ရှိထားတဲ့ momentum ကိုလျော့မသွားဖို့အများကြီးစဉ်းစားရပြန်တယ်။ လုပ်ထားတဲ့ product/ service တွေထဲမှာ တချို့တွေက 50% – 70% လောက်ထိရပ်တန့်နေတယ်။ Project အသစ်တွေကတော့ grow ဖြစ်လာတဲ့အတွက် တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။ အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ product/ service တွေကို ဇွတ်အတင်း တွန်းတင်မည့်အစားလုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကိုစဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့ပြဿနာတွေဖြေရှင်းပေးတာဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ပြဿနာအသစ်တွေကို ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။ Phyo Paing @ Derek

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။ Read More »

Emotional pattern

လူတွေမှာ emotional hot button လေးတွေမတူကြဘူး။တချို့တွေက ဘယ်လောက်ပြောပြောအေးဆေးပဲ။ဒါပေမယ့် တချို့အဖြစ်အပျက်လေးတွေကြုံတဲ့အခါစိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်ကြတယ်။ တချို့က နာတာ၊ ကျင်တာ၊ ဖျားတာ၊ နာတာကိုခံနိုင်တယ်။တချို့ကျတော့ pain thresholds နိမ့်တယ်။ နာကျင်မှုဒဏ် မခံနိုင်ကြဘူး။ တုံ့ပြန်ပုံချင်းလဲ မတူကြဘူး။တချို့က ကိုယ့်ကိုလာထိတဲ့အခါ အမောက်ထောင် ပြန်ရန်တွေ့တာတွေရှိမယ်။တချို့က စိတ်ညစ်သွားတာ၊စိတ်ဓာတ်ကျတာတွေရှိမယ်။ Emotion အတက်အကျလဲမတူကြဘူး။ကိုယ့်အကြောင်းကိုယ်သိဖို့ ကိုယ့်ကိုကိုယ်အမြဲသုံးသပ်ဖို့လိုတာပဲ။ Phyo Paing @ Derek

Emotional pattern Read More Âť

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။

ပစ္စုပ္ပန်ပေါ်မူတည်ပြီးအနာဂတ်ကို projection လုပ်ပုံဖော်ကြတာများတယ်။လက်ရှိမှာ စိတ်ညစ်နေရင်အနာဂတ်က စိတ်ညစ်စရာကောင်းနေတာမျိုး၊ လက်ရှိမှာပျော်ရွင်ကြည်နူးစရာကောင်းနေရင် အနာဂတ်ကလဲကောင်းနေမယ်ထင်တာမျိုး။ ဒါကြောင့်လူတွေထီပေါက်တဲ့အချိန်၊ ဝင်ငွေအရမ်းကောင်းတဲ့အချိန်အနာဂတ်မှာလဲ အတူတူပဲထင်ပြီးသုံးကြ၊ ဖြုန်းကြလုပ်တတ်သလို၊ စိတ်ညစ်စရာကောင်းရင်လဲ အနာဂတ်မှာ အဲ့လိုပဲလို့ထင်တတ်ကြတာမမှန်ပါဘူး။ မုန်တိုင်းပြီးရင် လေပြေလာတတ်ပါတယ်။ ပစ္စုပ္ပန်မှာ အခက်အခဲဖြစ်နေရင်အနာဂတ်အတွက်ပြင်ဆင်ဖို့ပဲလိုမှာမဟုတ်လား။ Phyo Paing @ Derek

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။
Read More Âť

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းကအခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။ဒါပျော်စရာပဲ။ ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့ ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို နေ့စဥ်ပြန်တူးဆွတယ်။အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။ ဒါကို priming လို့ခေါ်တယ်။ ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကိုအနိမ့်ဆုံးကို လျော့ချထားပြီး၊ ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကိုအမြင့်ဆုံးထိ တင်ထားလိုက်တယ်။ တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက် မခံစားရတာကြာပြီ။ မနက်ထတိုင်း ပြန်ပြန်မေးပြီး အချိန်တစ်ခုပေး ခံစားကြည့်ပါ။ ကိုယ့်ဘဝအတွက် “လက်ရှိ”ပျော်ရွင်စရာလေးတွေ၊ ကျေးဇူးတင်စရာလေးတွေ၊ ဂုဏ်ယူစရာလေးတွေ။ မဟုတ်ရင် မနက်ထလာ မအလမျက်နှာ မြင်နေတာနဲ့ ဒေါသပဲထွက်နေရမယ်။ နာရေးသတင်းတွေပဲတွေ့နေတာနဲ့ ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။ Phyo Paing @ Derek

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
Read More Âť

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။

ဥာဏ်ကောင်းတာက အပိုဆုပေါ့။ စီးပွါးရေးလောကမှာ အောင်မြင်တဲ့သူတိုင်းကိုမေးကြည့် ခင်ဗျာဘဝမှာအခက်အခဲတွေကြုံခဲ့ရလားဆိုပြီး။တစ်ထောင့်တစ်ညပုံပြင်တွေလိုအခက်အခဲတွေကို ဘယ်လိုနာမ်နှိမ်ပြီးအောင်မြင်အောင်လုပ်ခဲ့တဲ့ အကြောင်းတွေကြားရလိမ့်မယ်။အပြုံးလေးနဲ့ ပေါ့။ စီးပွါးရေးလောကမှာ ဘူသွားတဲ့သူတွေကိုမေးကြည့်ကြည့်။အပြစ်တင်စရာတွေ အများကြီးကြားရလိမ့်မယ်။ ကောင်းတာတစ်ခုက စီးပွါးရေးမှာအရှုံးမပေးသ၍ မရှုံးသေးဘူး။Winners never quit.Even if they did, they will come back stronger. Phyo Paing @ Derek

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။
Read More Âť

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

Every behavior has a positive intention. ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။ ဒီအချက်က လူတွေအပေါ်ခွင့်လွတ်နားလည် နိုင်စွမ်းကို အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။ Oxygen ကိုစျေးကစားတဲ့သူတွေ၊စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊တွေ့သမျှလူ blame သူတွေ၊ သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။ ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်ကျွန်တော်တို့လူသားတွေကဒါကို ပျော်ပျော်ကြီးဖြတ်သန်းဖို့နည်းလမ်းမျိုးစုံကြိုးစားကြတယ်။ပုထုဇဉ်ဥာဏ်နဲ့ပေါ့။ ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါးလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ အစရှိတာတွေဖုံးလွမ်းပြီး အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။ အနောက်တိုင်းမှာ Christian Values တွေရှိသလို၊ဂျပန်မှာ Harmony, order, and self-development ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။ကျွန်တော်တို့

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More Âť