Sapwar

ခြေလေးချောင်းတည်ဆောက်ပါ

လုပ်ငန်းအတွက် ခြေလေးချောင်းတည်ဆောက်၁။ တည်ထောင်ဦးဆောင်သူ အမှတ်တံဆိပ်၂။ ကုမ္ပဏီအမှတ်တံဆိပ်၃။ ကုန်ပစ္စည်းအမှတ်တံဆိပ်၄။ အားပေးသူတွေရဲ့ အမှတ်တံဆိပ် Phyo Paing @ Derek #gmc#sapwar

ခြေလေးချောင်းတည်ဆောက်ပါ Read More »

“No” လို့ ငြင်းရဲတဲ့သတ္တိ။

မားကတ်တင်းမှာ အကောင်းဆုံးသတ္တိက“No” လို့ ငြင်းရဲတဲ့သတ္တိ။ဒါက ငါတို့ရဲ့ ပေါ်လစီပဲ။တစ်ယောက်ချင်းပေါ်မူတည်ပြီးစည်းကမ်းကိုမဖောက်နိုင်ဘူး။ ဒီလိုလုပ်နိုင်စွမ်းမရှိရင်ကိုယ့်ရောင်းနေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကအုတ်ရောရော ကျောက်ရောရောဖြစ်နေလို့ဖြစ်နိုင်တယ်။ #gmc#sapwar

“No” လို့ ငြင်းရဲတဲ့သတ္တိ။ Read More »

လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ မားကတ်တင်းသမားတွေလိုတယ်။

စတိဂျော့တုန်းက iPhone အသစ်ဆိုရင်ညတောင်အိပ်မရခဲ့ကြဘူး။iPhone 4 တုန်းကဆို design refresh.iPhone 4S ကဆို Siri.2010 မှာ iPad စထွက်တုန်းကလဲ အတူတူပဲ။ တင်ကွက်လက်ထက်မှာ အရာရာပိုကောင်းလာတယ်။operational effectiveness မှာကအစMacbook, iPad နဲ့ Apple product တွေအချိပ်အဆက်မိမိနဲ့ ဘယ်လောက်မိုက်လဲဖြစ်လာတယ်။တင်ကွက်က “ပိုကောင်းအောင်လုပ်သူ better” ဖြစ်တယ်။ စတိဂျော့ကတော့ “မတူတာကိုချပြတဲ့ different” ဖြစ်တယ်။ လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့မားကတ်တင်းသမားတွေလိုတယ်။ #gmc#sapwar

လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ မားကတ်တင်းသမားတွေလိုတယ်။ Read More »

ဒဲရစ်ရဲ့ မားကတ်တင်း

တီထွင်ဆန်းသစ်မှု x မားကတ်တင်း = တိုးတက်ခြင်း10 x 10 = 100 ဖန်တီးဥာဏ် x အသုံးဝင်မှု = တီထွင်ဆန်းသစ်ခြင်း 10 x 10 = 100 သိ၊ ကြိုက်၊ ဆက်၊ ဝယ်၊ ပြော = မားကတ်တင်း20 + 20 + 20 + 20 + 20 = 100 ဒါကတော့ ဒဲရစ်ရဲ့ မားကတ်တင်း #gmc#sapwar

ဒဲရစ်ရဲ့ မားကတ်တင်း Read More »

လူတိုင်းရဲ့ အလိုဆန္ဒကို
ဖြည့်ဆည်းပေးစရာမလိုဘူး။

လူတိုင်းရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးစရာမလိုဘူး။ဦးစားပေးဖောက်သည်ရဲ့ လိုအပ်ချက်ကိုအဓိက ဖြည့်ဆည်းပေးဖို့ပဲ။ #gmc#sapwar

လူတိုင်းရဲ့ အလိုဆန္ဒကို
ဖြည့်ဆည်းပေးစရာမလိုဘူး။
Read More »

လုပ်ငန်းတစ်ခုက ဖောက်သည်မရှိရင် မရှင်သန်ဘူး။

ဖောက်သည်ရဖို့ အရင်ကထုတ်တာနဲ့ရောင်းရပြီ။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းမှ ရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်သေချာရှင်းပြမှ ရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်ရှင်းပြစရာမလိုလောက်အောင်ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်းကို ရင်းနှီးနေအောင်လုပ်ထားမှရောင်းရတဲ့ခေတ်ဖြစ်လာတယ်။ဒါကို ဒီနေ့ခေတ်မှာ မားကတ်တင်းလို့ခေါ်တယ်။ မားကတ်တင်းက အလယ်တန်းကစားတာနဲ့တူတယ်။သူအားကောင်းလွန်းတဲ့အခါအရောင်းက ဂိုးသွင်းတာလွယ်သွားတယ်။ဖောက်သည်ဝန်ဆောင်မှုပေးတယ်ဆိုတာဂိုးပြန်မပေးရဖို့ နောက်တန်းနဲ့တူတယ်။ #gmc#sapwar

လုပ်ငန်းတစ်ခုက ဖောက်သည်မရှိရင် မရှင်သန်ဘူး။
Read More »

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ?

၁။ လူသိအောင်မလုပ်နိုင်လို့၂။ လူကြိုက်အောင်မလုပ်နိုင်လို့၃။ လူတွေယုံကြည်အောင် မလုပ်နိုင်လို့၄။ လူတွေ ဆက်သွယ်မေးမြန်းအောင် မလုပ်နိုင်လို့၅။ လူတွေ ဝယ်အောင်မလုပ်နိုင်လို့ ၆။ လူတွေ ထပ်ဝယ်အောင် မလုပ်နိုင်လို့ ၇။ လူအချင်းချင်းကြား ကောင်းသတင်းပြန်ပြောအောင် မလုပ်နိုင်လို့။ #gmc#sapwar

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ? Read More »

မားကတ်တင်းကောင်းမကောင်း

မားကတ်တင်းကောင်းမကောင်းကိုကိုယ့်အမှတ်တံဆိပ်အတွက်မားမားမတ်မတ်ရပ်တည်တဲ့အမှတ်တံဆိပ်ကိုချစ်သူဘယ်လောက်ရှိလဲနဲ့ တိုင်းတာလို့ရနိုင်တယ်။ဒါကို မားကတ်တင်းမှာNet Promoter Score (NPS) လို့ခေါ်ပြီးကိုယ့်လုပ်ငန်းကို တခြားသူတွေကို၁ ကနေ ၁၀ မှာ ဘယ်လောက်ပြန်ပြောပြမလဲဆိုရင်၉ မှတ်နဲ့ ၁၀ မှတ်ရရင်ကောင်းပါတယ်။ #gmc#sapwar

မားကတ်တင်းကောင်းမကောင်း Read More »