Success

အောင်မြင်ချင်ရင်

အလကားလိုချင်တဲ့ စိတ်ကိုဖျောက်ရမယ်။ ဒါကတော့ အသက်ကြီးလာလေလေပိုပို သိလာလေလေပဲ။ တန်ရာတန်ကြေးဆိုတာ ပေးမှသူနဲ့ ထိုက်တန်တာရတယ်။ အင်္ဂလိပ်စာမှာလဲ There is no free lunch ဆိုတဲ့အီဒီယမ်ရှိတယ်။ အရာရာတိုင်းမှာ opportunity cost ရှိတယ်။ If you want to succeed, you must dispel the desire for things to come easily. This is something that becomes more apparent as one ages. True value is realized only when one is willing to pay […]

အောင်မြင်ချင်ရင် Read More »

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။

တခြားသူရဲ့အထင်အမြင်မှာကောင်းဖို့ ကိုယ့်ဘဝနေထိုင်မှုကိုပြင်ပေးစရာမလိုပါဘူး။ ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။ အပြင်မှ အမြင်လှဖို့ပေးဆပ်ခဲ့ရတဲ့ ဘဝတွေနည်းမှ မနည်းတာ။ ဘဝဆိုတာ ကိုရီးယားကားလိုပဲ။ကိုယ်ကသာ မင်းသား၊ မင်းသမီးကို အားကျနေတာ။သူက သူ့ကိုယ်သူ သတ်သေချင်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။ Read More »

မမြင်အောင် အောင်မြင်ပါ။

လူတွေမြင်အောင် အောင်မြင်တဲ့အခါတချို့က မုဒိသာပွားနိုင်ပေမယ့်လူတချို့ရဲ့ အတွင်းသဘောအရ ငါကျန်ခဲ့ပြီဆိုတဲ့ ခံစားချက်ဝင်တတ်တယ်။ လိုတာထက်ပိုပြီး အောင်ပွဲခဏခဏခံပြရင်မလိုအပ်တဲ့ အန္တရာယ်တွေ ဖိတ်ခေါ်မိသလိုဖြစ်တတ်တယ်။ဒါကြောင့် တခါတလေလူတွေ မမြင်အောင်အောင်မြင်တာကလဲကောင်းတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်။ (ကိုယ့်အဓိက ငွေတွေ ဘယ်ကဝင်နေလဲ မသိစေနဲ့။ ကိုယ့်ရဲ့အဓိကအောင်မြင်မှုဝှက်ဖဲကို အကုန်မပြနဲ့။ အဲ့လိုတော့ ပညာရှိတွေက အကြံပေးကြတာကြားဖူးကြလိမ့်မယ်။အယူအဆ ကွဲပြားမှုတွေရှိကောင်းရှိကြလိမ့်မယ်။) Phyo Paing @ Derek

မမြင်အောင် အောင်မြင်ပါ။ Read More »

ဦးစားပေး

အယူအဆတစ်ခုကအောင်မြင်တာက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။တိုးတက်တာက ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကြောင့် တိုးတက်တာကို ဦးစားပေးလိုက်တယ်။ Phyo Paing @ Derek

ဦးစားပေး Read More »

အောင်မြင်ရေး ဖော်မြူလာကတော့

ကျွန်တော်နားလည်ထားတဲ့အောင်မြင်ရေး ဖော်မြူလာကတော့ ၁။ ကိုယ်ရဲ့စူပါပါဝါကို အကောင်းဆုံးအသုံးချ၂။ တခြားသူရဲ့စူပါပါဝါကို ကိုယ်နဲ့ပေါင်း၃။ ဖြစ်ချင်တာကို စဥ်းစား၄။ ဖြစ်နိုင်တာကို ကြံဆ၅။ ဖြစ်ခဲ့တာကို သင်ခန်းစာယူ၆။ ဖြစ်မည့်အနာဂတ်အခြေအနေကို ထည့်သွင်းစဥ်းစား၇။ ဖြစ်အောင်လုပ်ဖို့ပဲ။ Phyo Paing @ Derek

အောင်မြင်ရေး ဖော်မြူလာကတော့ Read More »

အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။

ပလန်ထားတဲ့အတိုင်း အကုန်ဖြစ်ရအောင်ဘဝက မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာ။ ပလန်တဲ့အတိုင်းမဖြစ်ရင်ဖြစ်လာတဲ့အတိုင်း ပြန်ပလန်ရမှာပဲ။ ပလန်ထက် အရေးကြီးတာ ပလန်နင်း။ တချို့ပလန်က တမင်တကာချမှတ်ရတဲ့Deliberate planတချို့ပလန်က မီးစင်ကြည့်ကရတဲ့Emergent plan ပထမ ပလန်မဖြစ်ခဲ့ရင်ပလန်ဘီကိုစဉ်းစားတာကိုကျContigency plan ဝေဒနာနဲ့ မဆုံးဖြတ်ပဲအရင်ရခဲ့ဖူးတဲ့ရလဒ် ဒေတာနဲ့အဖြေရှာတဲ့အခါပြောပြမရတဲ့ လောကသဘာဝရဲ့မြေပြင်အနေအထားတွေကိုဝေဝါးမှုတွေကြားက သိလာမယ်။ ရှင်သန်ဖို့၊ ရှင်ကျန်ဖို့၊ ကြီးထွားဖို့ကပလန်နေရမှာပဲ။အကောင်အထည်ဖော်နေရမှာပဲ။ အောင်မြင်မှုဆိုတာ အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။ ကံကောင်းပြီး အလကားရတာ ဘားမှမရှိတဲ့ဘဝသမား ရည်မှန်းချက်ကြီးသူတွေအတွက် အဟိတ်အဟန်တွေကြားမှာအနာဂတ်အတွက်ကြိတ်ကြံနေရမှာပဲ။ဒါမှ ကိုယ်လိုချင်တဲ့ဘဝရဲ့ နိဗ္ဗာန်နဲ့ ပိုနီးလာမယ်။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။
Read More »

လွတ်မြောက်မှုလိုတယ်

တချို့အတွက် အောင်မြင်တယ်ဆိုတာကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ချင်တဲ့အချိန်၊လုပ်ချင်တဲ့နေရာမှာဖန်တီးလုပ်ကိုင်နေရတာပဲ။ ဒီလိုလုပ်ဖို့ လွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ချုပ်နှောင်စေခိုင်းထားတတ်တယ်။ လွတ်မြောက်မှုအတွက် ငွေကြေးလိုတယ်။ Phyo Paing @ Derek

လွတ်မြောက်မှုလိုတယ် Read More »

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။

တချို့ အရမ်းနာမည်ကြီး အောင်မြင်တယ်ဆိုတဲ့အဆိုတော်တွေ၊ Kpop Star တွေဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြလဲ။ အောင်မြင်မှုလို့ပြောတဲ့အခါကိုယ်လိုချင်တာရရင် အောင်မြင်မှုလို့အလွယ်သတ်မှတ်လို့ရပါတယ်။ လူတွေလိုချင်တာ ကိုယ်ရနေရင်လဲလူအများစုက ကိုယ့်ကိုအောင်မြင်တယ်လို့သတ်မှတ်ကြပါတယ်။ ကိုယ်လိုချင်တာရတာ ကိုယ်ရေးကိုယ်တာအောင်မြင်မှုPrivate Victory ဖြစ်ပြီးလူအများစုလိုချင်တာကိုယ်ရနေတာ အသိုင်းအဝိုင်းက သတ်မှတ်တဲ့အောင်မြင်မှု Public Victory ဖြစ်ပါတယ်။ တချို့လူတွေက ကိုယ်ရေးကိုယ်တာလဲ မအောင်မြင်ဘူး၊အသိုင်းအဝိုင်းသတ်မှတ်တဲ့ အောင်မြင်မှုလဲမရှိဘူး။ တချို့လူတွေက လူတွေရဲ့အထင်အမြင်ကို အသားပေးလွန်းအားကြီးတော့ကိုယ့်ရဲ့အိမ်မက်တွေ၊ ရင်တွင်းကလာတဲ့စကားသံတွေကို လျစ်လျူရှုပြီးမိဘဖြစ်စေချင်တာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖြစ်စေချင်တာတွေ လုပ်တဲ့အခါအသိုင်းအဝိုင်းရဲ့ သတ်မှတ်တဲ့အောင်မြင်မှုရပြီးကိုယ်ရေးကိုယ်တာ အောင်မြင်မှုမရှိကြဘူး။အားတီအားမေတို့။ တချို့က ကိုယ်တိုင်ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။လူအများစုကလဲ သူ့ကိုအားကျကြတယ်။ဒါကို ပတ်ဝန်းကျင်က တကယ့်အောင်မြင်မှုလို့သတ်မှတ်ကြတယ်။ နောက်တစ်ဆင့်အောင်မြင်မှုကတော့ ဆန္ဒတွေ မရှိတော့တဲ့ အောင်မြင်မှုပေါ့။ Desirelessness is wisdom ဆိုမျိုးပေါ့။ ဗုဒ္ဓဟောကြားချက်အရဆို တပ်မက်မှု တဏှာတွေ မရှိတော့တာပေါ့။ ကိုယ်က ဘယ်အောင်မြင်မှုကိုသွားနေတာလဲ သေချာသိိဖို့တော့လိုတယ်အားတီ၊

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။
Read More »

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။

Chatgpt နှစ်လအတွင်း သုံးတဲ့သူ သန်း ၁၀၀ ပြည့်သွားတာလူတိုင်း အံ့အားသင့်ကြတယ်။ ဒီအခြေအနေရောက်ဖို့ အောင်မြင်မှုအတွက် ၁၁ ဒီဇင်ဘာ ၂၀၁၅ ကသူတို့ သန္ဓေတည်ခဲ့ရတာ။ အခုအချိန်တောင် အောင်မြင်တယ်ပြောမရသေးဘူး။စစ်မျက်နှာပြင်ဖွင့်လိုက်တယ်လို့ပဲပြောလို့ရမှာ။ ကျွန်တော်ကတော့ဘဝမှာ အောင်မြင်မှုနောက်လိုက်ဖို့ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။ တိုးတက်မှုနောက်ပဲ လိုက်တယ်။ ဒါကြောင့်လဲ toetet ဒေါ့ကွမ်းနဲ့တိုးတက်နာမည်ပေးထားတာပေါ့။ ဘဝမှာ လူတွေကိုပျော်ရွင်စေတာတိုးတက်မှုပဲ။ လိုချင်တာရသွားလို့ အောင်မြင်မှုအတွက်အပျော်က ခဏတာပဲ။ အမြဲတိုးတက်နေမှ ပျော်တဲ့အပျော်ကတာရှည်ခံတာ။ မဟုတ်လဲ ကျွန်တော်တို့တွေ ဆယ်တန်းအောင်တာ၊ ဂုဏ်ထူးထွက်တာဘာညာ အားလုံးအောင်မြင်ဖူးကြတာပဲ။အကြာကြီးမှ မပျော်တာ။ အမြဲတိုးတက်နေမှ ပျော်တာ။ ဒါကြောင့် အနာဂတ်အတွက်နေ့စဥ်တိုးတက်ဖို့အတွက် သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။ Phyo Paing @ Derek

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။
Read More »

လူတိုင်းက စမှတ်ချင်းမတူကြဘူး။

ကိုယ့်ကိုကိုယ် အမြဲသတိပေးတာThink like a strategist လို့။မဟာဗျူဟာချတဲ့သူတစ်ယောက်လိုအမြဲစဥ်းစားဖို့လိုတယ်။ တိုင်ပတ်မှုအပေါင်းရဲ့ အဖေက မဟာဗျူဟာအလွဲပဲ။ မဟာဗျူဟာတစ်ခုချမှတ်ဖို့ အခြေခံကျတဲ့အရာတွေကို အမှန်အတိုင်းမြင်နိုင်ဖို့လိုတယ်။ နောက်ဘယ်အချိန်မှာ ဘယ်အကွက်ကို ရွေ့ရမလဲသိဖို့လိုတယ်။ ဗျူဟာဆိုတာ သစ်တစ်ပင်လဲအောင်ပုဆိန်နဲ့ခုတ်တာထက် ဖြတ်စက်နဲ့ခုတ်တာပိုမြန်တယ်ဆိုပြီး သုံးသပ်ဆုံးဖြတ်တာ။ မဟာဗျူဟာဆိုတာက သစ်ပင်ကို ခုတ်မလား၊ မခုတ်ဘူးလားစဥ်းစားတာ။ ဆွန်ဇူးပြောသလို မတိုက်လိုက်ရပဲနိုင်တဲ့စစ်ပွဲလောက် ကောင်းတာမရှိဘူးတဲ့။ ကံကောင်းလို့အောင်မြင်ရင်တစ်ခါပဲဖြစ်ရင်ဖြစ်မယ်။ အမြဲတမ်းအောင်မြင်ဖို့အတွက်ကမဟာဗျူဟာတွေလိုတယ်။ HTC ဖုန်းတွေ ဘာကြောင့်စျေးကွက်ထဲကပျောက်သွားပြီး Xiaomi တွေ ကျတော့ တိုးတက်လာသလဲ။ဒေဝါလီခံဖို့ နှစ်လပဲလိုတဲ့ Apple က ဘာ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီတစ်ခုဖြစ်လာလဲ။နောက်ဆုံး မဟာဗျူဟာပဲ။ ဘဝဖြတ်သန်းတဲ့အခါလဲ မဟာဗျူဟာလိုတယ်လို့ စဥ်းစားကြည့်မိတယ်။ လူတိုင်းက စမှတ်ချင်းမတူကြဘူး။ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချင်းမတူကြဘူး။ သွားမည့် မဟာဗျူဟာတွေလဲတူကြမှာ မဟုတ်ဘူး။ Phyo Paing @ Derek

လူတိုင်းက စမှတ်ချင်းမတူကြဘူး။ Read More »