ခံစားမနေနဲ့
လူတိုင်းက ကိုယ့်ပုရိတ်သတ်မဟုတ်ဘူး။ကိုယ့်ပုရိတ်သတ်မဟုတ်ရင်ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအားပေးမှာလဲ မဟုတ်ဘူး။အားပေးမှာ မဟုတ်တဲ့သူရဲ့ဝေဖန်မှုတွေကို ခံစားနေတာလဲမတန်ဘူး။ Phyo Paing @ Derek
လူတိုင်းက ကိုယ့်ပုရိတ်သတ်မဟုတ်ဘူး။ကိုယ့်ပုရိတ်သတ်မဟုတ်ရင်ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအားပေးမှာလဲ မဟုတ်ဘူး။အားပေးမှာ မဟုတ်တဲ့သူရဲ့ဝေဖန်မှုတွေကို ခံစားနေတာလဲမတန်ဘူး။ Phyo Paing @ Derek
ကမ္ဘာပေါ်မှာ ဓာတ်တွေကိုယုံကြည်တဲ့ထဲမှာ တရုတ်တွေပါတယ်။အဖိုဓာတ် Ying နဲ့ အမဓာတ် Yang ခွဲပြီးတရုတ်ဆေးပညာတွေ၊သိုင်းပညာနဲ့ တာအိုဇင် Taoism တွေဖြစ်ပေါ်လာတယ်။ ဓာတ်ကောင်းအောင် နေအိမ်ကိုဖုန်းဆွေ 风水 (Feng Shui) တွေကြည့်ပြီးဘယ်လိုအိမ်နေသင့်တယ်၊ဘယ်လိုအိမ်မနေသင့်ဘူး။အိမ်တစ်ခုအထားအသိုဘယ်လိုဖြစ်ရမယ်။လမ်းကိုပိတ်ထားတဲ့အိမ်မှာ မနေဘူး။ကိုယ့်အိမ်ရှေ့တံခါးပေါက်နဲ့အိမ်နောက်ပေါက် ဒိုးယိုပေါက်ဖြစ်မနေရဘူး။ဖြစ်ရင် ဝင်တဲ့ငွေချက်ချင်းပြန်ထွက်တယ်။ဒီလို ဖုန်းဆွေပညာရပ်တွေကဓာတ်ကိုအခြေခံတယ်။ ကိုယ်ရည်ကိုယ်သွေးနဲ့ astrologyအင်္ဂဝိဇ္ဇာ၊ မျက်နှာသွင်ပြင် တွေလဲဓာတ်ပေါ်အခြေခံတယ်။ရေဓာတ်၊ မီးဓာတ်၊ မြေဓာတ်၊သစ်သားဓာတ် အစရှိသည်။ ငွေကိုလဲ ဓာတ်တစ်ခုလိုမြင်ကြသလိုတော်တဲ့သူ၊ ကံကောင်းတဲ့သူကငွေဓာတ်ကိုဆွဲဆောင်နိုင်တယ်လို့ယုံကြတယ်။ ကျောက်စိမ်းဆောင်ရင်၊ရတနာတွေဆောင်ရင် ဓာတ်ကောင်းတယ်။ကံကောင်းတယ်လို့လဲ ယုံကြည်ကြတယ်။ ဒါနှစ်ပေါင်း ၅၀၀၀ ကျော်ဖြတ်သန်းလာတဲ့သမိုင်းကြောင်းရှိပြီး သံလိုက်အိမ်မြှောင်၊စက္ကူ၊ ငွေကြေး၊ ယမ်းမှုန့်၊ ပုံနှိပ်၊နာရီနဲ့ ပိုးထည်တွေကိုတည်ထွင်ခဲ့တဲ့လူ့အဖွဲ့စည်းတစ်ခုကဆိုတော့မယုံလို့လဲ မရပြန်ဘူး။ တခါတလေ မတွေ့တာကြာပြီဖြစ်တဲ့လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်းဖုန်းဝင်လာတာမျိုး။ နေရာတစ်ခုကို ပြောင်းလိုက်တဲ့အခါကံတွေ ဇွတ်ကောင်းသွားတာမျိုး။မြန်မာလိုဆို ဘူမိနက်သန်ပေါ့။အဓိပ္ပာယ်ကတော့ အောင်မြေဆိုပါတော့။ လူတစ်ယောက်နဲ့တွေ့လိုက်တဲ့အခါဘူသွားတာဖြစ်နိုင်သလိုကံတွေအရမ်းကောင်းလာတာဖြစ်နိုင်တယ်။ဒါကြောင့် ဓမ္မသောက၊ အင်းဝရာဇာလိုမျိုးအိမ်ထောင်ဖက်ရွေးတဲ့အခါဓာတ်တွေထွက်ချက်တဲ့စနစ်တွေရှိကြတယ်။ အရင်ကတော့ BS
လူတစ်ယောက်က သင့်ကိုတစ်လ 10000 MMK ပေးတဲ့Subscription service သုံးနေရင်အယောက် 1000 ရှိရင်တစ်လ သိန်း ၁၀၀ revenue ရနေပြီ။ဒါကို Automatic customer တဲ့။ အမှန်တော့သင့်မှာ ဖောက်သည်အများကြီးမလိုဘူး။1000 True fans ပဲလိုတယ်။True fans ဟာ value တူ၊ belief တူ၊Inspiration တူတဲ့ tribe တစ်ခုဖြစ်ရမယ်။ (Don’t make average stuffs for average people.) ========= Scale လုပ်ငန်းတစ်ခုကို scale လုပ်ဖို့ကုန်ကျစရိတ်အနည်းဆုံးနဲ့အထိရောက်ဆုံးက နည်းပညာပဲ။ ဒါပေမယ့် မြန်မာပြည်မှာအောင်မြင်တဲ့ နည်းပညာတစ်ခုကိုregional မှာ scale လုပ်ဖို့မလွယ်ဘူး။အကြောင်းက ဒီပြဿနာတွေကိုတခြားနိုင်ငံတွေမှာ solve လုပ်ထားပြီးလို့ပဲ။ ဒါကြောင့် Total Addressable
Mental model တစ်ခုအနေနဲ့ပြရရင်မြန်မာပြည်မှာ လူဖြစ်တာကိုကကံအရမ်းကောင်းနေတာဖြစ်နိုင်တယ်။ အလုပ်ကို ရေရေလည်လည်ကြိုးစားရင်လမ်းကြောင်းတွေ အများကြီးရှိသလိုကိုယ်အောင်မြင်ရင် ကိုယ့်ကို copy ကူးမှာသိပ်ကြောက်စရာမလိုဘူး။Copy ကူးဖို့ထက် အပြစ်ပြောတဲ့သူကပိုများနိုင်တဲ့အတွက် ဒါကမဟာအခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။ တရုတ်မှာလို သန်း ၁၃၀၀ ကြားပြိုင်ရတာမဟုတ်ဘူး။လူဦးရေ သန်း ၅၀ မှာ ကိုယ်ကခုလိုအချိန် Facebook သုံးပြီးရှင်သန်နေနိုင်သေးရင်Social hierarchy ရဲ့ အပေါ်နားကဖြစ်နိုင်တယ်။ ကံကောင်းတာတစ်ခုက လူဦးရေသန်း ၅၀ ပြောတဲ့ ဘာသာစကားနဲ့ယဉ်ကျေးမှုထဲမှာ ကြီးလာတော့ဒါဟာ တန်ဖိုးဖြတ်မရတဲ့ safety net ပဲ။ အရာရာနောက်ကျတဲ့ တတိယနိုင်ငံဖြစ်နေတဲ့အတွက် ပြဿနာပေါင်းဗလပွနဲ့ solution အသစ်ထွင်စရာမလိုသလို ထိုင်းနဲ့အနီးနားက model ကူးချရင်ကိုတော်တော်ခရီးရောက်နေပြီ။ English နဲ့ တရုတ်စာက သင်လို့ရတယ်။လူတွေ Billion နဲ့ချီသင်နေတတ်နေတာ။မြန်မာ့ culture နဲ့ တွေးပုံ၊ ဘာသာစကားကသင်လို့မလွယ်ဘူး။ တရုတ်ပြည်မမှာက
ကျွန်တော်သာအသက် ၁၆ နဲ့ ၂၅ ကြားဆိုEnglish, Coding, Product Management,လေ့လာရင်း ဘွဲ့တစ်ခုရအောင် လေ့လာမယ်။လူတွေရဲ့ ပြဿနာဖြေရှင်းဖို့အတွက်ကိုယ်တိုင်လဲ Product ထုတ်လို့ရသလို၊နိုင်ငံခြားအလုပ်သွားလုပ်လဲအလုပ်ပေါတယ်။ဘွဲ့လွန်ကို နိုင်ငံခြားပြောင်းမယ်ဆိုCanada မှာ ဘွဲ့လွန်နှစ်နှစ်တက်အလုပ်လုပ် PR ယူမယ်။Option B အနေနဲ့လဲ သွားလို့ရတဲ့နေရာတွေ အများကြီး။
ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek
တခါက ဒေါ်အောင်ဆန်းစုကြည်ကိုKorean ကောင်မလေးတစ်ယောက်ကWhat’s your dream, Madam?လို့ မေးတယ်။ကျွန်မရဲ့ အိမ်မက်ကတော့ကျွန်မရဲ့လူတွေကို ကမ္ဘာကြီးအတွက်ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးနိုင်တဲ့အခွင့်အရေးတွေ ဖန်တီးပေးချင်တယ်တဲ့။ ဒါကို Personal Mission လို့ခေါ်တယ်။ဒီ ကိုယ့်ရဲ့သမိုင်းပေးတာဝန်ကိုသိတဲ့လူတစ်ယောက်က နေ့စဉ်ဘဝဖြတ်သန်းရတာဘယ်လိုအခြေအနေမျိုးဖြစ်နေနေကိုယ့်ရဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူပြီးဘဝအဓိပ္ပာယ်ရှိနေတယ်ကြတယ်။ Lee Kuan Yew ရဲ့ သမိုင်းပေးတာဝန်ကတတိယကမ္ဘာတွေကြားမှာပထမနိုင်ငံ အိုအေစစ်ဖန်တီးတာဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သမိုင်းပေးတာဝန်ကကိုယ့်ကိုကိုယ် အကောင်းဆုံးဖန်တီးနေရင်းတခြားသူတွေကိုလဲ သူတို့ကိုယ်ကိုအကောင်းဆုံးဖန်တီးနိုင်အောင်ကူညီပေးမယ်။ Phyo Paing @ Derek
ကိုယ်အခုလို မနက်ကိုနိုးထFacebook သုံးနေတဲ့အချိန်မှာဘဝတိုက်ပွဲအတွက် နိုးထပြီးစျေးရောင်းနေရသူတွေအများကြီး။ဆေးရုံမှာ အသက်ငင်နေတဲ့သူအများကြီး။စိုးရိမ်ပူပန်မှုတွေအနဲ့ နိုးထတဲ့သူအများကြီး။တကယ်တော့ ပျော်ရွင်မှု၊ရင်ခုန်၊ ဂုဏ်ယူတတ်တဲ့ဘဝတည်ဆောက်ဖို့အတားအဆီးက ကိုယ်ကိုယ်တိုင်ပဲ။ မျက်စိလေးမှိတ်ပြီးပြန်မေးကြည့်ကြည့်ပါ။ငါ့ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတွေကဘာတွေလဲ။ Phyo Paing @ Derek