Startup လေးမျိုး
နည်းပညာအသုံးပြု လုပ်ငန်းတွေကိုအကြမ်းဖျင်း လေးခုခွဲလို့ရတယ်။ ပထမက industry ကို disrupt လုပ်မည့်mass market လူအများကိုပစ်မှတ်ထားတဲ့startup တွေဖြစ်တယ်။Uber, Grab, Facebook, Airbnbဒါတွေက scale ချဲ့ထွင်ဖို့ရည်ရွယ်ခဲ့တဲ့startup တွေ ဖြစ်ပြီးသူတို့ goal က IPO ဖြစ်တယ်။ဒီအတွက် ရင်းနှီးမြုပ်နှံမှုတွေလိုတယ်။တစ်ထောင်မှာ လုပ်ငန်းတစ်ခုလောက်ပဲUS မှာ stock market မှာIPO လုပ်နိုင်ကြတယ်လို့ကိန်းကဏန်းတွေက ဆိုတယ်။ ဒုတိယကတော့ small startup တွေ။အဓိက ကတော့ SME လုပ်ငန်းကိုနည်းပညာထည့်ပြီး niche marketသွားတဲ့ နည်းပညာအသုံးပြု လုပ်ငန်းတွေပေါ့။သူကတော့ လူဦးရေ တစ်သောင်း သို့တစ်သိန်းလောက်ကိုပဲ ပစ်မှတ်ထားပြီးလစဥ်ဝင်ငွေတည်ဆောက်သွားလို့ရတယ်။ထားပါတော့ လူဦးရေတစ်သောင်းကတစ်လကို တစ်ယောက်ကတစ်သောင်းသုံးရင် သိန်း ၁၀၀၀ ရပြီ။တစ်ထောင်သုံးရင် သိန်း ၁၀၀ ရပြီ။ တတိယကတော့ ကုမ္ပဏီကြီးတွေကိုပြန်ရောင်းမည့်
