Plan မရှိရင်
Plan မရှိရင် ပက်လက်လန်မယ် Phyo Paing @ Derek
မော်တီဗေးရှင်းရဖို့အတွက် Youtube Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Tik Tok Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Motivational Speaker တွေရဲ့သင်တန်းတွေ တက်လိုက်။တက်ပြီး တက်ကြွကြက်ဖဖြစ်လိုက်။ခဏနေ မော်တီဗေးရှင်းပြန်ကုန်သွားလိုက်။ ဘာကြောင့်လဲ? စနစ်လိုအပ်နေလို့။ တိုးတက်ရေးဆိုတာ စနစ်တစ်ခုပဲ။နောက်ပြီး တိုးတက်ရေးဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ဘူး။ အမြဲလုပ်နေရမည့် ဖြစ်စဥ်တစ်ခုပဲ။ လူတိုင်းမှာ အချိန်စီမံခန့်ခွဲတဲ့စနစ်၊ စွမ်းအင်စီမံခန့်ခွဲတဲ့စနစ်၊အလုပ်ပြီးမြောက်မှုစနစ်၊ စာဖတ်တဲ့စနစ်၊ မှတ်ဥာဏ်ကောင်းဖို့စနစ်၊ တွေးခေါ်မှုစနစ်၊ ရည်မှန်းချက်ပန်းတိုင်ချမှတ်မှုစနစ်တွေလိုတယ်။ စနစ်မရှိရင်ဘဝက ဖရိုဖရဲဖြစ်နေလိမ့်မယ်။ ဒီလိုစနစ်တပ်ဆင်ဖို့ Peak Productivity Coaching ဆိုတဲ့12-week program တစ်ခုကိုဖန်တီးပေးထားပါတယ်။ သင်တန်းသားပေါင်း ၁၀၀ ကျော်နဲ့ ပျော်ပျော်ပါးပါး လေ့လာပြီးစနစ်ဖန်တီးအသုံးချကြမယ်။ တကယ်လို့ ကိုယ့်ဘဝမှာသာ ကိုယ်နဲ့ကိုက်ညီတဲ့ နေ့စဥ်ဘဝနေထိုင်တဲ့စနစ်ရှိနေပြီး အလုပ်တွေပြီးနေမယ်ဆို ဘယ်လို ခံစားနေရမလဲ။ မိုက်နေမယ်ဟုတ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်အားတီ၊ အားမေတို့။ Phyo
အနာဂတ်ရဲ့ အရေးကြီးတဲ့အတတ်ပညာကမေးခွန်းမေးတဲ့ အတတ်ပညာဖြစ်လာလိမ့်မယ်။ကမ္ဘာကြီးနည်းပညာတွေကြောင့်အဖြေတွေရှိလာပြီးကိုယ်လိုချင်တဲ့အဖြေရဖို့ မေးခွန်းမေးနည်းအတတ်ပညာကအနာဂတ်အတွက် အရေးကြီးတဲ့ ကျွမ်းကျင်မှုဖြစ်လာမယ်။ Phyo Paing @ Derek
Coaching ဆိုတာ မေးခွန်းမေးနည်းအတတ်ပညာပဲ အားတီ၊ အားမေတို့။ Read More »
ဘဝမှာအသက်အရွယ်တစ်ခုရောက်လာတဲ့အခါဘာအရေးကြီးလဲ၊ဘာမအရေးမကြီးဘူးလဲသိလာကြပြီ။ ဘဝမှာ ဘာက အဓိကကျလဲ၊ဘယ်အရာကအဓိကမကျဘူးလဲသိလာပြီ။ ကျန်းမာရေးအရေးကြီးတယ်။ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ကိုယ့်ရဲ့အားသာချက်အပေါ်အခြေခံပြီးလုပ်ငန်းတည်ဆောက်ဖို့အရေးကြီးတယ်။အရေးမပါတာတွေကို လျစ်လျူရှုနိုင်ဖို့အရေးကြီးတယ်။ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံတည်ဆောက်ဖို့ အရေးကြီးတယ်။ ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က Essentialism တဲ့။အဓိက ကျတာတွေကို အဓိကလုပ်ဖို့အပိုင်းလေးပိုင်း ပိုင်းထားတယ်။Essence, Explore, Eliminate, Execute တဲ့။ လူတိုင်းရွေးချယ်မှုပြုလုပ်ရတယ်။ရွေးချယ်ပိုင်ခွင့်ရှိတယ်။လူတိုင်းမှာ “no” လို့ပြောနိုင်တဲ့အခွင့်အရေးရှိတယ်။အခုအလုပ်ကို မကြိုက်ဘူးလား။“no” လို့ပြောလို့ရတယ်။ဒီအချက်ကို ကျွန်တော်တို့မေ့နေတတ်တယ်။ ကျွန်တော့်ဘဝမှာလဲ ဒီအချက်ကိုသိတော့တချို့အရာတွေကို “no” လို့ပြောခဲ့တယ်။ကိုယ်ဘွဲ့ရတဲ့ဘွဲ့နဲ့ အသက်မွေးတယ်မမွေးမယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုယ်အသုံးပြုမည့် စီးပွားစီမံခန့်ခွဲမှုပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ စီးပွားရေးပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ဒီ ရွေးချယ်မှုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်တဲ့ အချိန်ကစလို့ဘဝက ပိုမိုက်လာတယ်။ နောက်တစ်ချက်က အရေးမပါတာတွေကိုအရာမပေးဖို့။ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ ဘာတွေလိုမလဲ။ဘာတွေ လုံးဝမလိုဘူးလဲ။ဘာတွေ သိပ်မလိုဘူးလဲ။မလိုတာတွေဖြုတ်။ဒီအတွေးအခေါ်နဲ့ပဲသွားတယ်။အဓိကမကျတာတွေကို ဖြုတ်ထားလိုက်တယ်။ နောက်ဘဝမှာ No တွေအများကြီးပြောရတယ်။ဒီ trade-off တွေလုပ်ရတယ်။လူရယ်လို့ဖြစ်လာရင် ပြဿနာရှိမှာပဲ။ကိုယ်က ဘယ်ပြဿနာကိုဖြေရှင်းဖို့ရွေးချယ်မလဲက အဓိကကျတယ်။ဆရာဝန်လုပ်ရင် လူနာရဲ့ရောဂါပြဿနာကိုဖြေရှင်းပေးရမယ်။စီးပွားရေးအကြံပေးလုပ်ရင်လုပ်ငန်းတိုးတက်ရေးအတွက် စိန်ခေါ်မှုကိုဖြေရှင်းပေးရမယ်။Which problem
ဒီနေ့ခေတ် ဦးနှောက်နဲ့ပတ်သက်တဲ့သုတေသနတွေ၊ တွေ့ရှိချက်တွေကလူတွေကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်design လုပ်ဖို့ ကူညီပေးတယ်။ ရှေးခေတ်အယူအဆဖြစ်တဲ့gene မျိုးရိုးက ညံ့လို့ကိုယ်ကညံ့တာ၊စာညံ့တဲ့သူက အမြဲညံ့နေမှာဒါမျိုးထက် ဦးနှောက်ဟာပြုပြင်ကြီးထွားတိုးတက်အောင်လုပ်လို့ရပါတယ်။ဒါဟာ Neuroplasticity အယူအဆဖြစ်တယ်။Genetics တို့အရေးကြီးတာမှန်သလိုသူ့လိုပဲ ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်လို့ရတယ်ဆိုတဲ့အယူအဆကအရေးကြီးတယ်။ ကိုယ်လိုချင်တဲ့ အမူအကျင့်ကိုလိုချင်သလို ဒီဇိုင်းလုပ်လို့ရတယ်။ကိုယ်ပုံမှန်ခံစားချင်တဲ့ခံစားချက်တွေဖြစ်အောင် သေချာဒီဇိုင်းလုပ်လို့ရတယ်။ လူတွေရဲ့ ဦးနှောက်ဆဲလ်ကိုneuron လို့ခေါ်တယ်။သူ့မှာ ခန္ဓာကိုယ်ပိုင်း axon နဲ့အမြီးပိုင်းတွေမှာ dendrite ဆိုတာရှိတယ်။ဒီ neuron တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်ဖို့ကြားမှာ synapse ဆိုတာရှိတယ်။Electrical activity ဖြစ်တိုင်းneurotransmitters တွေထွက်တယ်။အဲ့မှာ dopamine တို့၊ serotonin တို့ပါတယ်။ အမူအကျင့်တစ်ခုလုပ်တိုင်း၊ပညာရပ်တစ်ခုကို လေ့လာတိုင်းdendritic connections ဆိုတာဖြစ်တယ်။ဦးနှောက်ထဲက dendrites တွေဆက်လာတယ်။ဒါကို ဆေးကျောင်းဒုတိယနှစ်physiology ဇီဝကမ္မဗေဒလေ့လာကတည်းကအရမ်းစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဖြစ်တယ်။ Neurons that fire together, wire together တဲ့။အဖြစ်အပျက်တစ်ခုဖြစ်သွားတိုင်းမှာဦနှောက်က
စီးပွါးရေးပဲလုပ်လုပ်၊ကျောင်းပဲတက်တက်၊အပေါင်းအသင်ရေးရာဖြစ်ဖြစ်၊အလုပ်အကိုင်ဖြစ်ဖြစ်အမြဲမေးတာ ငါဒါလုပ်ရင်တချိန် ဘယ်လိုလူဖြစ်လာမလဲ။ ℙ𝕙𝕪𝕠 Paing @ Derek
ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek
ဘဝမှာ အရေးကြီးတာ၊အရေးမကြီးတာ ခွဲသိပြီးအရေးကြီးတာကိုအားစိုက်လုပ်တဲ့အခါဘဝကို ပိုသာယာလာတာတွေ့လိမ့်မယ်။ Phyo Paing @ Derek
မြန်မာပြည်မှာ လူဦးရေသန်းငါးဆယ်ရှိတယ်။ဗမာစကားအသုံးများတဲ့အတွက်ဒါက ပြင်ပ ပြိုင်ဆိုင်မှုတွေအတွက်အကြီးဆုံး အတားအဆီးတစ်ခုအနေနဲ့ရှိတယ်။ ဥပမာ စလုံးဆိုရင် တစ်ကမ္ဘာလုံးနဲ့ပြိုင်ဆိုင်ရပြီ။အကုန်လုံးက အင်္ဂလိပ်လိုရတယ်။ မိဘအများစုက ကလေးကိုအင်္ဂလိပ်လို ပြောတတ်ရင် ဂုဏ်ယူကြတယ်။ မြန်မာပြည်မှာနေရင် အရေးကြီးတဲ့competitive advantage ကအနာဂတ်ကလေးတွေအတွက်အင်္ဂလိပ်စာမဟုတ်ဘူး။မြန်မာစာဖြစ်မယ်။သန်းငါးဆယ်ရှိတဲ့ စျေးကွက်မှာပြိုင်ဆိုင်မှုနည်းပြီးကိုယ့်လူမျိုးအကြောင်းသိထားတာဟာဘာနဲ့မှ လဲလို့မရတဲ့ အားသာချက်ပဲ။ Indonesia မှာဆိုရင်Home schooling နဲ့ကြီးလာတဲ့ကလေးတွေရှိတယ်။ဥပမာ Rich Brian လိုမျိုးကလေး။88rising ကနေ စင်ပေါ်တင်ပေးပြီးကမ္ဘာ့ကျော်လာတယ်။ဒီဖက်ကိုသွားတာက လူနည်းစုဖြစ်မယ်။ ဒါပေမယ့် ပြုတ်ကျရင်တောင်ကြောင်ကျကျဖို့ ပြေးမလွတ်တဲ့စျေးကွက်ကကိုယ်အသက်ကြီးလာတဲ့ စျေးကွက်ဖြစ်တဲ့အတွက်ကိုယ့်လူမျိုး ဘာသာစကားကအရေးကြီးနေအုံးမှာပဲ။ Phyo Paing @ Derek
မြန်မာပြည်မှာနေရင် အရေးကြီးတဲ့
competitive advantage Read More »
လူငယ်တွေ ပြည်တွင်းမှာOfqual သို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ပြည်တွင်းမှာ စျေးသက်သက်သာသာနဲ့အမြန်ပြီးအောင်လုပ်။တချိန်ထဲ အလုပ်အတွေ့အကြုံယူ။ဘာသာစကားသေချာလုပ်။နှစ်နှစ်၊ သုံးနှစ်ပြီးရင် နိုင်ငံခြားထွက်။PR ရမှ ပြန်လာခဲ့။ကျွန်တော်သာ ၂၈ အောက်ဆိုအဲ့လိုပဲ လုပ်မယ်။သိန်းလေးငါးခြောက်ရာအထက်သုံးနိုင်ရင်တော့ နိုင်ငံခြားသွားတက်ပေါ့။ Phyo Paing @ Derek