management

စီမံခန့်ခွဲမှုလိုတယ်။

ပညာနဲ့ ပိုက်ဆံ အနည်းဆုံးတစ်ခုခုတော့အများကြီးလိုတယ်။ပညာနဲ့ ပိုက်ဆံရှာလို့ရသလိုပိုက်ဆံနဲ့ ပညာရှာပြီးပိုတိုးတက်ကြီးပွါးအောင်လုပ်လို့ရတယ်။ ဒါတွေလုပ်ဖို့စွမ်းအင် (အင်နာဂျီ)၊ ကျန်းမာရေး၊အချိန်၊ စိတ်အာရုံစီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek

စီမံခန့်ခွဲမှုလိုတယ်။ Read More »

ချန်၊ ပွား၊ စု၊ သုံး

ချန်၊ ပွား၊ စု၊ သုံး ငွေဘယ်လောက်ဝင်ဝင်၁၀% ကို တော့ အနည်းဆုံးချန်။ ပွားနိုင်တဲ့ နည်းလမ်းရှာ။ ကိုယ်တိုင် ကျွမ်းကျင်မှုအတွက်ငွေသုံးတာဖြစ်ရင်ဖြစ်မယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပွားဖို့ လုပ်တာ ဖြစ်ရင်ဖြစ်မယ်။ သာရေး၊ နာရေး၊ ကျန်မာရေးအတွက်အရေးပေါ်အတွက် ငွေစု။ ကိုယ့်ရဲ့ လစဥ် အသုံးစရိတ်ကဖြစ်နိုင်ရင် ပွားတဲ့ငွေနဲ့ ရပ်တည်နိုင်တဲ့အထိလုပ်။ တချို့က ဒါကို ငွေကြေးလွတ်မြောက်မှုလို့ခေါ်တယ်။ အမှန်တော့ အဲ့လိုမဟုတ်ပါဘူး။ လူဆိုတာ ငွေဝင်လေ ပိုသုံးချင်လေ။ အဆင်ပြေနေရင် တစ်သက်လုံး အဆင်ပြေမယ်ထင်ပြီးအသေသုံးတတ်ကြတယ်။ အဆင်မပြေရင်လဲတစ်သက်လုံး မွဲနေမယ်ထင်တတ်ကြတယ်။ ငွေကြေး စိတ်ပညာက စိတ်ဝင်စားဖို့ကောင်းတယ်။ Personal Finance အတွက်Dana Daily ကို လုပ်ထားတယ်။ မတင်ဖြစ်တာတောင်ကြာပြီ။ Phyo Paing @ Derek

ချန်၊ ပွား၊ စု၊ သုံး Read More »

ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါ
Vodka လေးနဲ့ရောလိုက်ပေါ့။

Covid-19 သာမဖြစ််ခဲ့ရင် ရုံးမထားပဲ ဝန်ထမ်း ၂၅ ယောက်ကိုစီမံခန့်ခွဲဖို့ နည်းလမ်းတွေတွေ့လာမှာ မဟုတ်သလို၊ ဘယ်နေရာမှာနေနေအလုပ်လုပ်လို့ရတဲ့၊လုပ်ငန်းလည်ပတ်လို့ရတဲ့နည်းတွေ သိလာမှာမဟုတ်ဘူး။ ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါVodka လေးနဲ့ရောလိုက်ပေါ့။ If COVID-19 had not happened,we wouldn’t have discovered methods to manage a team of 25 employees without an office, nor the flexibility to work from anywhere and the ability to keep business operations running smoothly. When life gives you lemons, like

ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါ
Vodka လေးနဲ့ရောလိုက်ပေါ့။
Read More »

M သုံးလုံး

Mastery, Marketing နဲ့ Managementဒီသုံးခု ကတော့ လက်ကိုင်ထားတဲ့M သုံးလုံးပဲ။ အလုပ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။ ကိုယ့်အိုင်ဒီယာကို လူတွေ လက်ခံပြီးအမာခံ ပရိသတ်တွေ တည်ဆောက်နိုင်ရမယ်။ ကိုယ်ဖန်တီးမှုတွေ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဟာ ကိုယ်မရှိတော့သည့်တိုင် လည်ပတ်ပြီးအထာကျကျသွားနေဖို့ စီမံခန့်ခွဲမှုလိုတယ်။ #GMC #Sapwar

M သုံးလုံး Read More »

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။

ဒီနှစ်ခုက leverage ကုတ်အားကန်အားယူလို့ရတဲ့ကျွမ်းကျင်မှုနှစ်မျိုးဖြစ်တယ်။ Marketing ကောင်းရင်ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။ Management ကောင်းရင်လူအများကြီးအသုံးပြုပြီးကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်မြန်မြန် လုပ်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ တော်တော်လေးမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။ Marketing က ဖန်တီးမှု Creativity ကိုအသားပေးတယ်။မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီးဘိတ်သိတ်ဖို့ ဘိတ်သုကာပညာအမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။ Management ကျတော့Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။ အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။ သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေက သူတို့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင်အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာသိကြလိမ့်မယ်။ ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့scale ချဲ့ထွင်လို့ရတဲ့leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုကMarketing နဲ့ Management

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။
Read More »

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။

ဗုဒ္ဓရဲ့အဆုံးအမအရအတိတ်နဲ့ အနာဂတ်တွေမှာမနေနဲ့။ပစ္စုပ္ပန်ကိုရှုတဲ့။ အာရုံကို တစ်ခုတည်းမှာပဲထားတာကောင်းတဲ့အလုပ်လို့မြင်တယ်။၂၀၁၉ နှစ်အစထိက ကြော်ငြာတွေအဓိက run တဲ့ paid ad marketer ပေါ့။ကြော်ငြာတွေရေးလိုက်၊ ကြော်ငြာလိုက်နဲ့။ တစ်ဒေါ်လာထည့်တိုင်း ငွေပြန်ထွက်နေတော့ကြော်ငြာရေးတာနဲ့ ကြော်ငြာတဲ့ ရလဒ်တွေကိုအဓိက ထားသွားတယ်။ ပြဿနာက ကြော်ငြာစရိတ်က ပိုပိုတက်လာတသလို လူတွေကို ကြော်ငြာတစ်ခုတည်းနဲ့ သွားလို့မရတော့ဘူးနားလည်လာတယ်။ ၂၀၁၉ က စလို့ ကြော်ငြာ run တဲ့အလုပ်ကိုတဖြည်းဖြည်းလျော့လာတယ်။ နောက် content ဖန်တီးတာကိုပဲအဓိက ဖိလုပ်တယ်။ အာရုံတွေအကုန်လုံးကို အဲ့အပိုင်းပဲပေးတယ်။ ကျန်တဲ့အပိုင်းလွဲစရာရှိတာလွဲလိုက်တယ်။ အာရုံစီမံခန့်ခွဲမှုက အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။
Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။မဟာတံတိုင်းကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။ဘယ်ကြီးကျယ်တဲ့အရာမှ တစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။စီရိုနာဒို ဘယ်လောက်တော်တော်တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။ Leverage ကုတ်အား ကန်အားလိုတယ်။ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီးမွဲနေတာ လူတွေကို မခိုင်းတတ်လို့။ Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု၂။ ငွေ၃။ နည်းပညာ၄။ နည်းစနစ် အစရှိတာတွေပါတယ်။ ဒါတွေကို ခိုင်းစေဖို့စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။ ကျွန်တော် လူတွေကို စီမံခန့်ခွဲမှုလုပ်ရတာကို အသေမုန်းတယ်။စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီးခဏခဏစဉ်းစားခဲ့ဖူးတယ်။ နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။Leverage ကို အသုံးချဖို့လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကိုဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။ ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။၂၀၁၃ ကစလို့ Marketing Managementမားကတ်တင်းစီမံခန့်ခွဲမှုကိုBusiness School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်

သိန်းတစ်ထောင်ကို နှစ်ထောင်တစ်သောင်းကို နှစ်သောင်းပွားနိုင်ပြီးမြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေပိုကောင်းလေလေပဲ။ ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။ ဒီအဆင့်ကျွမ်းကျင်သွားရင်တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီးရာခိုင်နှုန်းယူလို့ရပြီ။ ဒါကြောင့် Other People’s Time, Other People’s Experience,Other People’s Money ကို အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊မားကတ်တင်းတို့၊ မဟာဗျူဟာတို့လေ့လာခဲ့တာပဲ။ ခုထိသင်ယူနေတုန်း။ စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။ အခြေခံကျတဲ့ သင်ခန်းစာသင်ပြီးစီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်။ တရုတ်နယ်မြို့လေးက supermarket လည်ပတ်ပုံကြည့်လိမ့်ရင်ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။ အလောင်းအစားလုပ်တာတောင်ဒိုင်ပဲနောက်ဆုံးနိုင်တာဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။ ငွေရှာဖို့ Marketing နဲ့ Management အရေးကြီးတယ် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်
Read More »

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management

ကိုယ်ပေးချင်တဲ့ message ကို လူသန်းချီတွေ့အောင်လုပ်နိုင်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရအောင်လူထောင်၊ သောင်းချီကို အုပ်ချုပ်နိုင်တာဒါက ပါဝါတစ်ခုပဲ။ ဒါကို leverage လို့ခေါ်တယ်။ ဘယ်လောက်တော်တဲ့သူတစ်ယောက်ဖြစ်ဖြစ်တစ်ယောက်အားနဲ့ ပိရမစ်ကို မတည်ဆောက်နိုင်ဘူး။ ကြီးမားတဲ့ project တစ်ခုလုပ်ဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ဒါကြောင့် marketing ပြီးရင်ဆရာကျရမည့်အရာက management လို့ထင်တယ်။ Phyo Paing @ Derek

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management
Read More »

ဒီတော့ မင်းတာဝန်က တစ်ခုခုလုပ်တော့မယ်ဆို
ငါ့ဆရာ ပျော်မလား၊ မပျော်ဘူးလားစဥ်းစား။

သာကောကတော့ ဝန်ထမ်းတွေကိုအမြဲပြောတယ်။မင်းကို ငါ အလုပ်ခန့်တာကွာပိုက်ဆံလဲ ကုန်သေးတယ်။မင်းကြောင့်လဲ ငါစိတ်ညစ်ရသေးတယ်ဆိုတန်သလား မင်းစဥ်းစားကြည့်။ ဒီတော့ မင်းတာဝန်က တစ်ခုခုလုပ်တော့မယ်ဆိုငါ့ဆရာ ပျော်မလား၊ မပျော်ဘူးလားစဥ်းစား။ပျော်တာပဲလုပ်။ ဟုတ်။ ဒီတော့ HR Management က လွယ်သွားရော။ 😂 Phyo Paing @ Derek

ဒီတော့ မင်းတာဝန်က တစ်ခုခုလုပ်တော့မယ်ဆို
ငါ့ဆရာ ပျော်မလား၊ မပျော်ဘူးလားစဥ်းစား။
Read More »