လူတွေက ခံစားချက်တွေကိုမှတ်မိကြတယ်။
ငယ်ဘဝရဲ့ ထရမာ ဒဏ်ရာတွေကအသက်ကြီးတဲ့အခါ အရှင်လတ်လတ် မသိလိုက်မသိဖာသာပေါ်ပေါ်လာပြီးစိတ်ခံစားမှုအနေနဲ့ ဒုက္ခပေးတတ်တယ်။ လူတွေက ခံစားချက်တွေကိုမှတ်မိကြတယ်။ တချို့ခံစားချက်တွေကို ရှောင်ချင်တယ်။တချို့ခံစားချက်တွေက အတွေးတွေကိုလွမ်းမိုးမှု အကြီးအကျယ်ဖြစ်တတ်တယ်။ အဲ့မှာ လိပ်ပတ်လည်ပြီး မဆုံးနိုင်တဲ့ သံသရာကြီးဖြစ်သွားတတ်တယ်။ အပြစ်တင်ခံရတာ၊ ဒဏ်ပေးခံရတာကို တုန့်ပြန်တဲ့ပုံစံကအရွဲ့တိုက်တာမျိုးဖြစ်နိုင်သလို၊ဒေါသဖြစ်တာဖြစ်နိုင်တယ်။ ဒါက ဥပမာ တစ်ခုပဲ။ လူတွေရဲ့ စိတ်အလုပ်လုပ်ပုံကစိတ်ဝင်စားဖို့ကောင်းတယ်။ လူတွေကြားမှာ အသက်ရှင်နေရအုံးမှာဖြစ်တဲ့အတွက်မတူညီတဲ့ လူ၊ အဖြစ်အပျက်၊ ပတ်ဝန်းကျင်၊အခြေအနေ၊ အတွေးအခေါ်တွေနဲ့ တွေ့တိုင်းဖြစ်ပျက်သွားတဲ့ ဓာတ်ပြုမှုဖြစ်စဥ်တွေကို သတိ၊ အသိထားရင် ကိုယ့်အတွေး၊ အကြံ၊ အလုပ်တွေကိုထိန်းချုပ်စီမံခန့်ခွဲနိုင်သွားမယ်လို့မြင်တယ်။ The childhood traumas often surface unknowingly in adulthood, causing emotional turmoil. People remember emotions vividly. Some emotions are
