စိတ်ရှည်ဖို့လိုတယ်။
ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်လွတ်လပ်စွာဖြတ်သန်းနိုင်ဖို့ဆယ်စုနှစ်တစ်ခုကျော်အချိန်ပေးရတတ်တယ်။စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek
ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်လွတ်လပ်စွာဖြတ်သန်းနိုင်ဖို့ဆယ်စုနှစ်တစ်ခုကျော်အချိန်ပေးရတတ်တယ်။စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek
မဟာဗျူဟာကောင်းကောင်းချမှတ်တဲ့သူတိုင်းမှာ တွေ့ရမှာစိတ်ရှည်တာပဲ။ တချို့အရာတွေကို ပြုပြင်ပြောင်းလဲချင်ရင်အခုလုပ် အခုချက်ချင်းအပြောင်းအလဲမဖြစ်သွားဘူး။အချိန်တစ်ခုစောင့်ရတာမျိုးရှိတတ်တယ်။လူပဲဖြစ်ဖြစ်၊ အခြေအနေတစ်ခုပဲဖြစ်ဖြစ်။ In every strategic individual, you’ll find an element of patience. There are certain things that simply cannot be altered on the spur of the moment; instead, you must wait, whether the matter involves a person or a particular circumstance. Phyo Paing @ Derek
လုပ်ရပ်တွေအတွက် “စိတ်မြန်” ပြီး၊ရလဒ်တွေအတွက် “စိတ်ရှည်” ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ဟိုဟာလဲ လုပ်ချင်၊ဒီဟာလဲ လုပ်ချင်ကိုယ့်ကိုယ်ကို အားမရဖြစ်တာ“စိတ်မရှည်” လို့။ ဘဝမှာ “စိတ်ရှည်” ဖို့အရမ်းအရေးကြီးတယ်။ စိတ်ရှည်တယ်ဆိုတာဘာမလုပ်ပဲ ဒီအတိုင်းထိုင်စောင့်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာလုပ်ရပ်တွေ နှေးနေတာကိုခေါ်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာတခြားသူတွေ အကောင်အထည်ဖော်ပေးမည့်အရာတွေကိုထိုင်ပြီးမျှော်လင့်နေတာ မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကိုယ်အကောင်အထည်ဖော်ချင်တဲ့အိမ်မက်ဖြစ်လာဖို့ဘယ်အချိန်မှာ ဘာလုပ်မယ်စီမံကိန်းချပြီးတစ်ခုချင်း စိတ်ရှည်ရှည်နဲ့အကောင်အထည်ဖော်တာ။ ကိုယ်က တစ်လ၊ တစ်နှစ်နဲ့တွက်ရင်လုပ်စရာတွေ အများကြီးအလုပ်တွေ မပြီးတော့ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နိုင်တယ်။ ငါးနှစ်၊ ဆယ်နှစ်နဲ့ စဥ်းစားကြည့်။ Phyo Paing @ Derek
သေချာခေါင်းအေးအေးထားမဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ဆုံးဖြတ်ချက်ချလို့ရတယ်။ဘာအလုပ်လုပ်မယ်။ဘယ်မှာနေမယ် အေးဆေးဆုံးဖြတ်လို့ရတယ်။အရေးပေါ် အရေးပေါ်ဆိုပြီးလုပ်လိုက်ကာမှ အလျော်ပေးပေးနေရတာ များနေတတ်တယ်။ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။စိတ်ရှည်ရှည်ထားဖို့လိုတယ်။ Phyo Paing @ Derek
လူတိုင်းက ဘဝပေးအခြေအနေမတူဘူး။ပေးထားချက်ပေါ်မူတည်ပြီးဘဝကို တည်ဆောက်ရတာပဲ။ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဂုဏ်ယူစရာတစ်ခုတော့ ရှိရမယ်။ အနာဂတ်အတွက် စိတ်ရှည်ရမယ်။စိတ်ရှည်၊ ဇွဲသန်ဖို့လိုတယ်။ ဒုက္ခတွေကြားမှာ ဘဝအဓိပ္ပာယ်ကိုရှာတွေ့ကြတယ်။ဒုက္ခရောက်လို့ စိတ်ညစ်ပြီးဒီတိုင်းမနေနဲ့ အားတီ၊ အားမေတို့။ Phyo Paing @ Derek
သေချာတာ တစ်ခုက အိမ်မက်တွေကထိုင်နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်အိမ်မက်တွေကကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ နေရာတစ်ခု၊ လူတစ်ယောက်ကြောင့်ပျက်သွားတယ်ဆိုတဲ့ စိတ်ဓာတ်ဘယ်တော့မှ မထည့်လိုက်နဲ့။ နေရာတစ်ခုမှာ ကိုယ့်အိမ်မက်မဖြစ်နိုင်တော့ရင်နောက်နေရာတစ်ခု ပြောင်းလို့ရတယ်။ကိုယ်က သစ်ပင်မှမဟုတ်တာ။ လူတစ်ယောက်ကကြောင့် တိုင်ပတ်သွားရင်နောက်အဲ့လိုမဖြစ်အောင် အဲ့က သင်ခန်းစာယူ ရှေ့ဆက် လိမ့်နေမှ ရလိမ့်မယ်။ နည်းလမ်းဆိုတာ ရှာရင်ရမှာပဲ။ ကိုယ်ဘယ်လောက်စိတ်ရှည်တယ်၊အားစိုက်တယ်၊ ကြိုးစားတယ်နဲ့ဆိုင်တယ်။ Phyo Paing @ Derek
နေ့တိုင်း စာရေးတယ်။ ဒါကို content marketing လို့ခေါ်တယ်။ဆယ်စုနှစ်ဝက်တစ်ခုကျော်လောက် ပုံမှန်လုပ်လာတော့ ကိုယ့်အတွေးနဲ့တူတဲ့ လူလက်ခံမှု တစ်ခုရလာတယ်။ ကိုယ့်ကို လူသိလာတယ်။သဘောကျတဲ့သူတစ်ချို့ရှိလာတယ်။ယုံကြည်တဲ့သူတစ်ချို့ရှိလာတယ်။ကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာလွမ်းမိုးမှုတစ်ခု တည်ဆောက်လို့ရလာတယ်။ မားကတ်တင်းဆိုတာ အဲ့လိုပဲ။ ရင်းနှီးမြုပ်နှံမှုတစ်ခု။ relationship တည်ဆောက်ရေးဖြစ်စဉ်။အခု ရေတွင်းတူအခုရေကြည်သောက်ချင်ရင်ချက်ချင်း အမြတ်ငွေတော့ရကောင်းရလိမ့်မယ်။ ကျွန်တော်တို့ တည်ဆောက်နေတာ တစ်လ၊ နှစ်လ ရမည့် အမြတ်မှမဟုတ်တာ။သေတဲ့အထိ စီးပွါးရေးလုပ်လို့ရမည့်ယုံကြည်မှု တည်ဆောက်နေတာ။ ယုံကြည်ရင် အရမ်းပြောရောင်းနေစရာမလိုဘူး။ကိုယ့်ကို ချည်းကပ်လာဝယ်လိမ့်မယ်။ လောက ကြီးကို မြင်တဲ့အမြင်လိုတယ်။ ကျွန်တော့်အတွက် ချက်ချင်းငွေမလိုသေးဘူး။desperate လဲမဖြစ်ဘူး။ချက်ချင်းကြီး hype ဖြစ်သွားစရာလဲမလိုဘူး။ဖြေးဖြေးမှန်မှန်ပေါ့။ ကိုယ်အသက်ရှင်နေသမျှ ငွေရှာရမခက်ဘူးလို့အကြွင်းမဲ့ယုံကြည်ထားတယ်။ Marketing ဆိုတာ ရေရှည် game တစ်ခုပဲ။ကျွန်တော်က နွားမ နို့ညစ်နေတာမဟုတ်ဘူး။Brand and Business တည်ဆောက်နေတာ။ ဆယ်နှစ်၊ နှစ်နှစ်ဆယ် အချိန်ပေးလို့ရတယ်။ဆေးအောင်တဲ့အချိန်တော့
နိုင်ရင်သိမ်း။မနိုင်ရင်ငြိ။မသေချာရင် စောင့်။ ကိုယ်တကယ်ဖြစ်ချင်တာမပြောနဲ့။စိတ်ရှည်ရှည်ထား။အမှတ်သည်းခြေရှိ။လွယ်လွယ်မမေ့နဲ့။ဒူပေ ဒါပေခံ။အပြုံးမပျက်ရှေ့ဆက်။ ကိုယ့်အလှည့်မရောက်သေးလို့ဒေါသနဲ့ စိတ်မရှည်တာမပြနဲ့။မဟာတံတိုင်းက တစ်ရက်နဲ့ပြီးတာမှ မဟုတ်တာ။ ဒါက တရုတ်အများစုရဲ့philosophy ပဲ။ Phyo Paing @ Derek
တစ်သက်မှာ တစ်ခါလူလာလုပ်တာလုပ်ခဲ့တဲ့အရာတိုင်းမှာ ခြေရာကျန်ဖို့တော့လိုတယ်။ဒါကြောင့် ဘာအလုပ်ဖြစ်ဖြစ်ဖြစ်သလို မလုပ်ပဲ သတ်မှတ်ထားတဲ့ စံနှုန်းထက်တော့ကျန်ဖို့လိုတယ်။ အောင်မြင်တဲ့သူတွေဘာလုပ်သလဲ? ၁။ အောင်မြင်မှုအတွက် ဆာလောင်မှုရှိတယ်။ ၂။ အလုပ်ကို ပိုးစိုးပက်စက်လုပ်တယ်။၃။ အလုပ်လုပ်တာ မြန်နှုန်းမြင့်တယ်။၄။ ဒူပေဒါပေခံတယ်။၅။ စိတ်ရှည်တယ်။ ၆။ နေ့စဉ်လေ့လာ တိုးတက်အောင်လုပ်နေတယ်။ ၇။ ကိုယ့်အမှားတွေက သင်ခန်းစာယူတယ်။ ၈။ အပေါင်းအသင်းတွေကို ဂရုစိုက်တယ်။၉။ အချိန်စီမံခန့်ခွဲမှုကောင်းတယ်။ အလဟသ မဖြုန်းဘူး။ အများကြီးတော့ကျန်သေးတယ်။ ဒါကတော့ အများစုမှာတွေ့ရတဲ့အချက်တွေ။ပိုက်ဆံမရှိရင် မျက်နှာငယ်မယ်။ အလုပ်မလုပ်ရင် ကျန်ခဲ့မယ်။ ယုန်နဲ့လိပ်လိုပဲ ဇွဲလဲလိုတယ်။တစ်နှစ်၊ နှစ်နှစ် game မဟုတ်ဘူး။ဆယ်နှစ်၊ နှစ်နှစ်ဆယ်နဲ့ အထက် game.စိတ်ရှည်ဖို့လိုတယ်။ Phyo Paing @ Derek